Browsing: နေ့စဉ်သတင်း

Loading

ယမင်းဖူးပွင့်အောင် ဧပြီ ၂၈၊ ၂၀၂၃။ မကွေးတိုင်း၊ မင်းလှမြို့နယ်က ချင်းလူမျိုးစုများ နေထိုင်သည့် ရေယဉ်ရွာကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ရေယဉ်ကျေးရွာကို ဧပြီလ ၂၁ ရက်နေ့က မီးရှို့ခဲ့ရာ မိုးတွင်းစာ စုဆောင်းထားသည့် စားနပ်ရိက္ခာများပျက်စီးသွားသည့်အတွက် အခက်အခဲများရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။…

Read More

Loading

သဇင် ဧပြီ ၂၈၊ ၂၀၂၃။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ယမန်နေ့ ဧပြီလ (၂၇)ရက် ည(၇)နာရီခန့်တွင်ညောင်ခါးရှည်ရဲစခန်းအတွင်း ရဲများတန်းစီနေချိန်တွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “သူတို့(ရဲတပ်ဖွဲ့ဝင်များ)တန်းစီနေချိန်…

Read More

Loading

Saw Smith ဧပြီ ၂၈ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့သမား တူးတူးသည်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီဟု ယမန်နေ့တွင် သတင်းထွက်ပေါ်ခဲ့သည်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဧပြီလ ဒုတိယအပတ်အတွင်း၌ ဖမ်းဆီးခံလိုက်ရသည့် တူးတူးသည် စကုတပ်…

Read More

Loading

ယမင်းဖူးပွင့်အောင် ဧပြီ ၂၇၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်သောကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင်နေရသည်ဟုဒေသခံများထံက သိရသည်။ ဝက်လက်မြို့နယ် ထုံးဘိုကုန်းရွာတွင် ယမန်နေ့ည ၈နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်သောကြောင့် အသက် ၄၀ ဝန်းကျင်အမျိုးသား ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နွားတစ်ကောင်…

Read More

Loading

ကောင်းချစ်အောင် ဧပြီ ၂၇၊ ၂၀၂၃။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကျီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၇ ဦး ကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်ဟု သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ ၂၄ရက် မနက် ၇နာရီဝန်းကျင်တွင် Faw ကား ၅ စီးဖြင့်…

Read More

Loading

သံလွင်ခက်။ ဧပြီ ၂၇ ၊ ၂၀၂၃။ ၄လနီးပါး ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲဖော်ဆောင်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၃ ဇန်နဝါရီ ၁ ရက်မှစပြီး ယနေ့ အထိ ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲကို…

Read More

Loading

သံလွင်ခက်။ ဧပြီ ၂၇၊ ၂၀၂၃။ အာဏာသိမ်းခြင်းကို ဆန့်ကျင့်ကန့်ကွက်မှုများအနက် နည်းပညာတော်လှန်ရေးလည်း အောင်မြင်သည်ဟု အွန်လိုင်းရန်ပုံငွေရှာဖွေသူများက ပြောသည်။ စစ်ကောင်စီက PDF Game ဆော့ကစားသူများကို ဥပဒေအရ အရေးယူမည်ဟု ဧပြီလ ၂၄ ရက်နေ့က စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာ၏ ထုတ်ပြန်ချက်အပေါ် ဆက်စပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ Play2 Donate …

Read More

Loading

သံလွင်ခက်။ ဧပြီ ၂၆၊ ၂၀၂၃။   ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင်ရှိသော လုံဂျာတောင်ပေါ်ရှိ တောင်ယာလုပ်ငန်းသို့ သွားသည့် အဘိုးအိုတစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ဒေသခံများကပြောသည်။   ဝဝမ်ကျေးရွာက အသက် ၈၀ အရွယ် ဦးမိတုန် လဂျာ (ခေါ်) ဦးယိန်းဘောမ်သည် ယခုလ ၁၉ ရက်နေ့က…

Read More

Loading

ကောင်းချစ်အောင် ဧပြီ ၂၆၊ ၂၀၂၃။ အာဏာသိမ်းကာလအတွင်း၌ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားကာ တစ်နိုင်ငံလုံးအနှံ့ရှိပြည်သူများ၏ ပိုင်ဆိုင်မှုပေါင်း ၇၀၀ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် အာဏာစသိမ်းချိန်မှစ၍ ယခုနှစ် မတ်လ ၃၁ရက်အထိ ၂၆လ…

Read More

Loading

ယမင်းဖူးပွင့်အောင် ဧပြီ ၂၆၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကိုထပ်မံတွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာသည်ဟု ဒေသခံများက ပြောသည်။ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာအနီးတွင် ယနေ့နံနက်က ရုပ်အလောင်းနှစ်ခုနှင့် မြို့အနီးတွင် ရုပ်အလောင်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ သည်ဟုဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်…

Read More