သံလွင်ခက်။
မေ ၂၂၊ ၂၀၂၂။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်တွင် မွေးမြူထားသည့် အလှမွေးငါး အားလုံးနီးပါးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်မှ ငါးများသေဆုံးနေသည်ကို ယနေ့ မေလ ၂၂ ရက် မနက်ပိုင်းတွင် သိရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” ခါတိုင်း နေပြင်းရင် တစ်ကောင်တစ်လေသေတတ်တာတော့ရှိတယ်။ အဲ့လိုပဲထင်တာ။ အခုငါးတွေကရေပေါ်မှာ မတွေ့ရတော့ဘဲ အကုန်လုံးပျောက်နေတာ။ ဆုံးရှုံးမှုများတယ်။ တစ်ကန်လုံးကုန်တာပဲ။ အဲ့ဒီငါးတွေကိုနှစ်ဆယ်ချီ ပြုစုထားရတာ ” ဟုဆိုသည်။
လက်ရှိတွင် လူ ၁၅ ယောက်ကျော်ဖြင့် နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်ထဲမှ သေဆုံးနေသည့် ငါးများကို ဆယ်ယူမှုများလုပ်ဆောင်နေသည်ဟု မိုးစေတနာ ပရဟိတအသင်း တိုက်ကြီးရုံးခွဲ အသင်းဥက္ကဌက ပြောသည်။
” ငါးတွေက အဆိပ်ချခံရတာ။ ကန်အောက်မှာရှိတဲ့ ငါးရှဉ့်တို့ ငါးမြွေထိုးတို့တောင်သေတယ်ဗျာ။ အခုလောလောဆယ်က ပေါ်တဲ့ဟာလေးတွေ လိုက်ဆယ်တယ်။ ပြီးတော့ သူတို့က နွံထဲကိုခေါင်းတွေစိုက်ဝင်သလိုဖြစ်နေတာ အဲ့တာတွေကိုလိုက်ဆယ်နေတယ် “ဟုဆိုသည်။
လက်ရှိအချိန်ထိ ဆယ်ယူရရှိထားသည့် ငါးများကို လိုက်ထရပ်ယာဉ်ငယ် ခြောက်စီးဖြင့် တိုက်ကာ မြေမြှုပ်မှုများလုပ်ဆောင်ထားပေးပြီးဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်ထဲရှိ အလှမွေးငါးများအားလုံးနီးပါး သေဆုံးခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ငါးမွေးမြူရေးသုတေသနကိုပို့ဆောင်ကာ စစ်ဆေးမှုများ လုပ်ဆောင်ရန် လူမှုကူညီရေးအဖွဲ့များက ပြင်ဆင်နေသည်။
ပုံစာ – နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်ထဲမှ သေဆုံးနေသည့် ငါးများကို ဆယ်ယူမှုများလုပ်ဆောင်နေသည့် မြင်ကွင်း
Photo – Nay Thway Zaw
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1149
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4473
Website ->https://eng.thanlwinkhet.net