Browsing: နေ့စဉ်သတင်း

Loading

ကောင်းချစ်အောင် မတ် ၂၉၊ ၂၀၂၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် မှတ်ပုံတင်ခြင်းမရှိသည့် နိုင်ငံရေးပါတီလေးဆယ်အားဖျက်သိမ်းကာ စုစုပေါင်းပါတီ ၆၃ခု မှတ်ပုံတင်ထားပြီး ပါတီသစ်ထောင်ခြင်းကိုဆက်လက်ခွင့်ပြုထားသည်ဟု စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်က ယမန့်နေ့ညကထုတ်ပြန်ကြေညာလိုက်သည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်လိုလျှင် မတ်လ၂၈ရက်နေ့နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိလျှင် အလိုအလျောက်ပယ်ဖျက်ခံရမည်ဟု ပါရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ…

Read More

Loading

ယမင်းဖူးပွင့်အောင် မတ်၂၈၊ ၂၀၂၃။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနှင့် ၇၈လမ်း ကြားတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟုဒေသခံများက ပြောသည်။ မန္တလေးမြို့၊ ဒေါ်အောင်ဆန်းစုကြည်လမ်း ရတနာပုံခန်းမအနီးတွင် ယမန်နေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က မြနန္ဒာစစ်ဆင်ရေး Banner(စာတမ်း) ထောင်ပြီး ဗုံးထောင်ဖောက်ခွဲခဲ့ရာ…

Read More

Loading

နန်းဆုပန်ခန့် မတ်လ ၂၈၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းက ပလောတပို့စစ်ရှောင်စခန်းက ကွန်ပျူတာသင်တန်းတွင် စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု သင်ကြားရေးဆရာများထံက သိရသည်။ ကွန်ပျူတာသင်တန်းကို ယခု မတ်လ ၂၀ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး သင်ပေးနေသည့် ဆရာ၊ဆရာမ ၃ ဦးရှိကာ သင်တန်းသူ စုစုပေါင်း…

Read More

Loading

သံလွင်ခက်။ မတ် ၂၈ ၊ ၂၀၂၃။ စစ်ကောင်စီ စစ်ရေးပြကွင်းကို အဝေးပစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်  လုပ်ဆောင်နေစဉ် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံခဲ့ရသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၄ ရက်နေ့က စစ်ရေးပြကွင်းကို အဝေးပစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ရန် ကြိုးပမ်းသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်…

Read More

Loading

မတ် ၂၇ ၊ ၂၀၂၃ ။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်အခြေအစိုက် CNDF တပ်ဖွဲ့ဝင်များသည် အညာဒေသသို့ ကိစ္စတစ်ခုဖြင့်သွားရောက်ခဲ့ရာ သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝိုင်းပစ်ခတ်ခြင်းကိုခံရ၍ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။ ယခုမတ်လ ၁၅ ရက်တွင် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့အနီးတွင် စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့သောကြောင့် CNDF ရဲဘော်များဖြစ်သည့် ဆလိုင်းဇာနည်အောင်နှင့် ဆလိုင်း ဒေးဗစ်လာလ်ထန်လျန်တို့ကျဆုံးခဲ့သည်။…

Read More

Loading

ယမင်းဖူးပွင့်အောင် မတ် ၂၇၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့‌တွင် အသက် အန္တရာယ်ခြိမ်းခြောက် လုယက်မှုများ များလာသည်ဟု ဒေသခံများကပြောသည်။ မုံရွာမြို့ပေါ်တွင် ယမန်နေ့က လုယက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်ဟုမြို့ခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။ မုံရွာမြို့၊ကွေ့ကြီးရပ်ကွက် တောင်ဘက်ရှိ ချင်းတွင်းကုန်စုံဆိုင်အား ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က…

Read More

Loading

သံလွင်ခက်။ မတ် ၂၇ ၊ ၂၀၂၃။ နိုင်ငံတစ်ဝန်း ခုခံစစ် အားကောင်းလာချိန် ထိန်းချုပ်ရခက်နေသည့် အခြေနေတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တော်လှန်ရေး အင်အားစုများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟုပြောဆိုခဲ့သည်။ ယနေ့ မတ်လ ၂၇ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “…

Read More

Loading

သဇင် မတ် ၂၅၊ ၂၀၂၃။ မြန်မာ ရွှေ့ပြောင်းလုပ်သားများ ထပ်ခေါ်ရန် ထိုင်းအာဏာပိုင်များက စီစဉ်နေသည်ဟု ထိုင်းအခြေစိုက် မီဒီယာများက ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် အခြေခံလုပ်သားလိုအပ်မှုကြောင့် အလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးကာ အလုပ်သမားသစ်များ ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ မတ်လ ၂၀ ရက်၊ နံနက် ၁၀…

Read More

Loading

သဇင် မတ် ၂၅၊၂၀၂၃။ ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ ကုန်သွယ်ရေးဇုန်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ကုန်သွယ်ရေးဇုန်ရှိ ပို့ကုန်ဆက်သွယ်ရေးimport  ရုံးမီးလောင်ပျက်စီးခဲ့ပြီး ထိုင်းကားမောင်းသမားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့နယ် မဲကနယ်အုပ်စု၌ KNLA နှင့်PDF ပူးပေါင်းတပ်များက စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်BGF စခန်းများကိုတိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင်…

Read More

Loading

မတ် ၂၅ ၊ ၂၀၂၃ ။ ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်း – မြန်မာ နယ်စပ်ဖြတ်ကျော် မြဝတီ-မဲဆောက်အမှတ် ၁ ချစ်ကြည်ရေးတံတားကို ယာယီပိတ်လိုက်သည်ဟု အနီးပတ်ဝန်းကျင်၌ နေထိုင်သူများထံမှ သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် ယနေ့နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားနေရာ မြဝတီ-မဲဆောက်တံတားကို နံနက် ၁၀…

Read More