သံလွင်ခက်
စက်တင်ဘာ ၅ ၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ပြည်ထဲဝင်နိုင်မည့် အထောက်အထားကတ်ပြား (အရပ်အခေါ် အလည်အပတ်ကတ်ပြား) ကို ယနေ့ စက်တင်ဘာလ ၄ ရက်တွင် စတင်ပြုလုပ်ပေးနေသည်ဟု ဒေသခံများထံက သိရသည်။
မူဆယ်မြို့ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်များတွင် အလည်အပတ်ကတ်ပြားကို တစ်ပတ်ကြာပြုလုပ်ပေးမည်ဟု မူဆယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ ဒီနေ့ အလည်အပတ်ကတ် စလုပ်ပေးနေတယ်။ ဝင်ခွင့်တော့ ဈေးမများဘူး။ ကတ်ဖိုးရော၊ ဝင်ခွင့်ရော မြန်မာငွေ ၁ ထောင် ပေးရတယ်။ အလုပ်လုပ်ဖို့တော့ မပါသေးဘူး။ အလည်အပတ်ခရီးနဲ့ ဈေးဝယ်တာပဲရတယ်”ဟု ၎င်းက ပြောသည်။
တရုတ်ပြည်ထဲတွင် ရက်ရှည်နေထိုင်မည်ဆိုပါက အဆိုပါအထောက်အထားကတ်ပြားကို တစ်ပတ်တစ်ခါ ပြန်လည်အပ်နှံ လဲလှယ်ရမည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်ကစတင်ကာ တရုတ်နိုင်ငံထဲ ဝင်ထွက်သွားလာကြမည့် ခရီးသွားများအနေဖြင့် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးရန်နှင့် ဝင်ထွက်ခွင့်အတွက်ကျန်းမာရေးကတ်မလိုတော့ ကြောင်းလည်း ထုတ်ပြန်ထားသည်။
***************************************************************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1923
YouTube- > https://youtu.be/rSew3hmKSWs
Website -> https://thanlwinkhet.net/?p=5501