သံလွင်ခက်
ဩဂုတ် ၂၅၊ ၂၀၂၃။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။
တပ်မဟာ (၃)၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်ရှိ သဲသောမူ ၊ သဲသောခွား ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ဩဂုတ်လ ၂၄ ရက် နေ့လယ် ၁ နာရီခွဲ နှင့် ၂ နာရီခွဲအချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၆ လုံး လာရောက် ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒေသခံတစ်ဦးက ” တစ်ကြိမ်ကို လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် လာပစ်တာ။ ပထမတစ်ခါလာပစ်တဲ့အချိန်မှာ အထိအခိုက်မရှိဘူး။ ပထမတစ်ကြိမ်ပစ်ပြီးတော့ ဗုံးခိုကျင်းတွေထဲကနေထွက်လာပြီး ပြန်လာတဲ့အချိန်မှာပဲ ဒုတိယအကြိမ်ထပ်ပစ်တဲ့အခါမှာတော့ ထိခိုက်တာတွေရှိတယ် ” ဟုဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၂၈ နှစ်အရွယ် စောဘဘယ်စယ်ဖိုး ဗုံးစထိမှန်သေဆုံးခဲ့ရပြီး KNLA-ပူးပေါင်းတပ်ဖွဲ့က ရဲဘော် မေတ္တာ သည်လည်းပဲ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။
ပုံစာ − လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးခဲ့ရသည့် မြင်ကွင်းများ။
Photo − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1865
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5409
Website ->https://eng.thanlwinkhet.net