သဇင်
ဩဂုတ် ၂၄ ၊ ၂၀၂၃။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်ကာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးနေသည်ဟုဆိုသည့် စစ်ကောက်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ် ဗိုလ်ဝင်းစိုးနှင့် ဇနီးဖြစ်သူအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခဲ့သည်ဟု Kyaikhto Revolution Force (KRF) က ယနေ့တွင်ထုတ်ပြန်ထားသည်။
BGF က ဗိုလ်ဝင်းစိုး မောင်းနှင်လာသော အဖြူရောင် Mark II ကားကို ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအရောက်တွင် KRF နှင့် ဝေါ ပကဖ အဖွဲ့တို့က ယနေ့ ဩဂုတ်လ ၂၄ ရက် မနက် ၇ နာရီခွဲခန့်တွင် ပူးပေါင်းစောင့်ကြိုတိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ပစ်ခတ်ချိန်ကတော့ ၅ မိနစ်ပဲကြာခဲ့ပါတယ်။ ကားကလမ်းဘေးထိုးကျသွားပြီးတော့ ၂ ယောက်စလုံး နေရာမှာတင် ပွဲချင်းပြီးသွားတယ်” ဟု KRF တာဝန်ရှိသူကဆိုသည်။
ယင်းဖြစ်စဉ်အတွင်း သေနတ် ၂ လက် နှင့် ဖုန်းအပြင် BGF တပ်ဖွဲ့ဝင်စိစစ်ရေးကတ်ပြား၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
BGF က ဗိုလ်ဝင်းစိုးသည် လောင်းကစားဝိုင်းလုပ်ငန်း ၊ကားမှောင်ခိုလုပ်ငန်းအပြင် စစ်ကောင်စီလက်အောက်ခံမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနှင့်ပူးပေါင်းကာ သောင်နုမြေဧက ၃၀၀ အား သိမ်းယူခဲ့သည် ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ပုံစာ– BGF အရာရှိထံမှ သိမ်းဆည်းရမိသော စစ်အသုံးဆောင်ပစ္စည်းများ။
Photo –ပေးပို့
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1858
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5397
Website ->https://eng.thanlwinkhet.net