• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်ရေးထိုးစစ်အရှိန်မြှင့်ရန် KNDF စစ်ဗျူဟာအမှတ် ၆ ပြင်ဆင်
နေ့စဉ်သတင်း

စစ်ရေးထိုးစစ်အရှိန်မြှင့်ရန် KNDF စစ်ဗျူဟာအမှတ် ၆ ပြင်ဆင်

thanlwinkhetBy thanlwinkhetAugust 24, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

သြဂုတ် ၂၄ ၊ ၂၀၂၃ ။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ဗျူဟာအမှတ် ၆ လှုပ်ရှားနယ်မြေအတွင်း ယခုသြဂုတ်လအစပိုင်း နှစ်ပတ်တာတိုက်ပွဲများတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၁ ဦးအထိသေဆုံးခဲ့သည်။

အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ပိုမိုချေမှုန်းသွားနိုင်ရန် ခုခံစစ်မှ တန်ပြန်တိုက်စစ်ဆင်ရန်အတွက် ပြင်ဆင်နေသည်ဟု KNDF စစ်ဗျူဟာအမှတ် ၆ ဗျူဟာမှူး စစ်ရေးချုပ် ခူးရီးဒူ ကသံလွင်ခက် ကို ပြောသည် ။

စစ်ဗျူဟာအမှတ် ၆ နယ်မြေအတွင်းရှိ ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို ထိန်းချုပ်နိုင်ရန်ယခုသြဂုတ်လ ၂ ရက်ကစပြီး စစ်ကြောင်းထိုးဝင်လာခဲ့သည့် စစ်ကောင်စီ တပ်မ ၅၅ လက်အောက်ခံတပ်များနှင့်ကရင်နီပူးပေါင်းတပ်များ ပြင်းထန်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။

ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း–ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေပါသည်။

ယခုလအစပိုင်းတွင်ဖြစ်ပွားခဲ့သော နှစ်ပတ်တာတိုက်ပွဲများအတွင်း တပ်မ ၅၅ လက်အောက်ခံတပ်များဖြစ်သည့်ခ.မ.ရ ၁၁၂ က တပ်ဖွဲ့ဝင် ၄၅ ဦးနီးပါးနှင့် ခ.လ.ရ ၃ က တပ်ရင်းမှူး နှင့် ဒုရင်းမှူးအပါအဝင် ၂၆ ဦးနီးပါး ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး ၁ လက် အပါအဝင် ဆက်စပ် ခဲယမ်းမီးကျောက် များ၊ကျည်ဆံများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပူးပေါင်းတပ်အသီးသီးက သတင်း ထုတ်ပြန်ထားသည်။

အထိနာနေသည့်စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း လေကြောင်းကအကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများဖြင့်အင်အားထပ်တိုးကာ ထိုးစစ်ဆင်နေဆဲဖြစ်သောကြောင့် ယခုရက်သတ္တပတ်အတွင်းတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။


တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသောကြောင့်
အဓိကလိုအပ်နေသည့်ခဲယမ်းအတွက် ပြည်သူများကဝိုင်းဝန်းထောက်ပံ့ပေးကြရန် KNDF စစ်ဗျူဟာအမှတ် ၆ ဗျူဟာမှူး စစ်ရေးချုပ် ခူးရီးဒူ က မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့အတွက် အကြီးမားဆုံးလိုအပ်ချက်က ခဲယမ်းဖြစ်တယ်။ ကျွန်တော်တို့ကို တတ်နိုင်သလောက် ကူ ညီပေးဖို့ ပံ့ပိုးပေးဖို့ဖြစ်တယ်။ ခဲယမ်းရှိရင်တော့ သေနတ်ကတော့ ကျွန်တော်တို့ လွယ်လွယ်လေးနဲ့ရပါတယ်။သေနတ်က ဝယ်စရာမလိုပါဘူး။ ကျွန်တော်တို့စစ်ကောင်စီဆီက အမြဲယူလေ့ရှိပါတယ်။ ကျွန်တော်တို့ကို ခဲယမ်း ဖြည့်ပေးပါ။ ပံ့ပိုးပေးပါ ။ ဒီပံ့ပိုးပေးတဲ့အရာတွေ ထောက်ပံပေးတဲ့ဟာတွေက အလဟဿမဖြစ်ဘူးပေါ့လေ။ကျွန်တော်တို့တောက်လျှောက် ဒီတိုက်ပွဲအတွင်း အသုံးပြုသွားမှာဖြစ်တယ်”

KNDF စစ်ဗျူဟာအမှတ် ၆ သည် စစ်ရေးအရှိန်မြှင့်နိုင်ရန် လိုအပ်နေသောခဲယမ်းများအတွက် ကျပ်သိန်း ၁၀၀၀၀တန်ဖိုးရှိ  “ကရင်နီပြည်ရောက် မအလ‘တပ်မ’ပျောက်” ဆိုသည့် ကမ်ပိန်းတစ်ခုကိုပြုလုပ်နေပြီး ပြည်တွင်း၊ ပြည်ပကပြည်သူများ ပါဝင်ကူညီပေးရန် ဖိတ်ခေါ်ထားသည်။

အဆိုပါ ကမ်ပိန်းကို ယခုသြဂုတ်လ ၂၃ ရက်ကစပြီး တစ်လတိတိပြုလုပ်သွားမည်ဖြစ်ကာ ကရင်နီပြည်နယ်ကို ခြေချလာသည့် စစ်ကောင်စီတပ်မတိုင်း အိမ်ပြန်လမ်းမရှိစေရ၊ ဖွဲ့စည်းပုံပျက်စေရမည်ဟုလည်း KNDF က ကတိ ပေးဖော်ပြထားသည် ။

“လက်ရှိက သူတို့စစ်ကြောင်းထိုးလာတယ်။ ကျွန်တော်တို့က ခုခံစစ်သေချာခံပြီးတော့မှ တိုက်နေရတယ်။ ဒါပေ မယ့် ဒီကမ်ပိန်းပြည့်မြောက်အောင် ကူညီဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ခုခံစစ်ကနေတဆင့်တက်ပြီး တန်ပြန်တိုက်စစ်ဆင်နွှဲလို့ရတယ် “ဟု လက်ရှိပြုလုပ်ထားသည့် ကမ်ပိန်းအောင်မြင်ရန်အရေးကြီးကြောင်း ဗျူဟာမှူး စစ်ရေးချုပ် ခူးရီးဒူ ကပြောသည် ။

ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ရှားတောစသည့်မြို့နယ်များနှင့်စပ်ဆက်နေသည့် စစ်ဗျူဟာ အမှတ် ၆နယ်မြေအတွင်း စစ်ကောင်စီတပ်က ယခုနှစ် မတ်လကနေ မေလအထိ ထိုးစစ်ဆင်ခဲ့သေးသည်။

စစ်ကောင်စီကအင်အားအလုံးအရင်းဖြင့် ပထမအကြိမ်ထိုးစစ်ဆင်လာမှုကို ကရင်နီပူးပေါင်းတပ်များကအကောင်း ဆုံးခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီသေဆုံးခဲ့ပြီး တပ်ဖွဲ့စည်းမှုပျက်ပြားကာ တပ်များနောက်ပြန် ဆုတ်သွားခဲ့ရသည်။

ထိုသို့အထိနာခဲ့သော်လည်း စစ်ကောင်စီတပ်က ဒုတိယအကြိမ်ပြန်လည်ထိုးစစ်ဆင်လာနေခြင်းဖြစ်ပြီး ယခုအကြိမ် စစ်ဗျူဟာ အမှတ် ၆ နယ်မြေအတွင်းထိုးစစ်ဆင်နေမှုသည် ယခင်ကထက်အင်အားပိုများပြီး လက်နက်ကြီးပစ်ကူများ ပိုမိုများပြားလာသည်ဟု ဗျူဟာမှူး  စစ်ရေးချုပ် ခူးရီးဒူ က ပြောသည် ။

သို့သော်လည်း လက်ရှိခုခံစစ်အနေအထားတွင်ပင် ကရင်နီပူးပေါင်းတပ်များက စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုများပြားအောင် တိုက်ခိုက်ထားနိုင်ဆဲပင်ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်များကို အပြီးသတ်ချေမှုန်းနိုင်ရန် ခုခံစစ်ကနေ တန်ပြန်တိုက်စစ်ဆင်ရန် အဓိကလိုအပ်သည့်ခဲယမ်းများအတွက် KNDF စစ်ဗျူဟာအမှတ် ၆ က အကူအညီတောင်းခံထားခြင်းလည်း ဖြစ်သည်။

ထိုသို့အကူအညီတောင်းခံထားမှုနှင့်အတူ ” တပ်မ ၅၅ လား၊ ၆၆ လား   ဘယ် တပ်မ ပဲလာလာ ပျောက်ကို ပျောက်ရမယ် ” ဟု KNDF စစ်ဗျူဟာအမှတ် ၆ က ပြည်သူများထံ ကတိပေးပြောဆိုလိုက်ပါသည်။

****************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1850

YouTube- > https://youtu.be/EQxNHj_FY94

Website -> https://thanlwinkhet.net/?p=5387

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကေအဲန်ယူ တပ်မဟာ ၃ နယ်မြေရှိ နေအိမ် ၁၀၀ ကျော်မီးရှို့ခံရ
Next Article BGF အရာရှိနှင့်ဇနီး အပစ်ခံရပြီး သေဆုံး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.