ယမင်းဖူးပွင့်အောင် ဩဂုတ် ၂၅၊ ၂၀၂၃။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာအတွင်းပိတ်မိနေသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က ကာမိုင်းနှင့် နန့်ယားကျေးရွာကြားရှိ ကျောက်ထုစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIA က ကာမိုင်း-ဖားကန့်လမ်းကို …