• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး
  • အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို
  • “အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ
  • ၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ
  • ၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ
  • အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော
  • မင်းတုန်း ကုန်ကားရပ်နားရာ ဗုံးကြဲခံရမှုတွင် ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦး သေဆုံး
  • ရခိုင်တွင် ဝယ်သူထက် ပြန်ရောင်းသူ များနေ၍ ရွှေဈေး အနည်းငယ်ပြန်ကျ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»“၁၀၂၇ စစ်ဆင်ရေး” ၁၉ ရက်မြောက်နေ့တွင် စစ်စခန်း ၃ ခု သိမ်းပိုက်နိုင်ခဲ့ဟု TNLA ထုတ်ပြန်
တိုက်ပွဲသတင်း

“၁၀၂၇ စစ်ဆင်ရေး” ၁၉ ရက်မြောက်နေ့တွင် စစ်စခန်း ၃ ခု သိမ်းပိုက်နိုင်ခဲ့ဟု TNLA ထုတ်ပြန်

thanlwinkhetBy thanlwinkhetNovember 15, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

“၁၀၂၇ စစ်ဆင်ရေး” ၁၉ ရက်မြောက်နေ့တွင် စစ်စခန်း ၃ ခု သိမ်းပိုက်နိုင်ခဲ့ဟု TNLA ထုတ်ပြန်

*************************************

သံလွင်ခက်

နိုဝင်ဘာ ၁၅၊ ၂၀၂၄။

“၁၀၂၇ စစ်ဆင်ရေး – Operation 1027”  ၁၉ ရက်မြောက်ဖြစ်သည့် နိုဝင်ဘာလ ၁၄ ရက် ၁ ရက်တည်းမှာပင်  ကိုးကန့်ဒေသနှင့် တအာင်းဒေသက စစ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု  PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၄ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကိုးကန့်ဒေသနှင့် တအာင်းဒေသရှိ  ဟွာရှိပန်စခန်း၊ “ပွိုင့် ၆၄၃ – တာဆိုင်းလျံ စစ်ဆင်ရေးခြေကုတ်စခန်း၊  လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့ စစ်ပူးပေါင်းစခန်းစသည့် စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA တပ်ဖွဲ့ဝင်များ သည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ဟွာရှိပန်ကျေးရွာအနီးရှိ ရန်သူ့တပ်စခန်းအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့သည်။

ထို့နောက် ခြေလျင်စစ်ကြောင်းဖြင့် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင်  “ဟွာရှိပန် စခန်း”ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၄ နာရီဝန်းကျင်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်များ၏ ပူးပေါင်းစခန်းကိုသိမ်းပိုက်နိုင်ခဲ့ကာ စစ်အသုံးအဆောင်နှင့် ရိက္ခာပစ္စည်းအချို့ သိမ်းဆည်းရမိ ခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယင်းနေ့ နေ့လယ် ၁၁ နာရီခွဲဝန်းကျင်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ် ဖွဲ့ဝင်များသည် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ် “ပွိုင့်  ၆၄၃ – တာဆိုင်းလျံ စစ်ဆင်ရေးခြေကုတ်စခန်း”အား ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ “မုံးဟွမ်ပြည်သူ့စစ်” တပ်ဖွဲ့ဝင်များသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ထံ လက်နက် ၇ လက် လာရောက်အပ်နှံခဲ့သည့်အပြင် “မုံးပေါ်ပြည်သူ့စစ်” တပ်ဖွဲ့ဝင်များသည်လည်း လက်နက် ၃ လက် လာရောက်အပ်နှံခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နိုဝင်ဘာလ ၁၄ ရက် ၁ ရက်တည်းမှာပင် ကျောက်မဲမြို့နယ်ရှိ  စစ်ကောင်စီ ခမရ – ၅၀၂ တပ်ရင်းကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ၁၁ ကြိမ်ပစ်ခတ်ခဲ့ပြီး နမ့်ခမ်း မြို့ရှိ စစ်ကောင်စီတပ် “စခန်းသစ်ကုန်း”ကိုလည်းတိုက်ခိုက်ခဲ့ကြသည်။

ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်၊ ည ၉ နာရီခွဲခန့်ကစ၍ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၆: နာရီခွဲခန့်အထိ နောင်ချို မြို့နယ်၊ ဂုတ်ထိပ်တံတားအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၊ မန္တလေး ပြည်သူ့ ကာကွယ်ရေးတပ် – MDY PDF နှင့် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီးတဝိုက်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၄ ရက် ၁ ရက်တည်းမှာပင် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု  PSLF/TNLA ကထုတ်ပြန်ထားသည်။

ပုံစာ – သိမ်းပိုက်ခဲ့ပြီးနောက် မြင်တွေ့ရသည့် စစ်ကောင်စီစစ်စခန်းများ။

Photo – PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန။

***

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2453

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=6275

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article“ ၁၁.၁၁ စစ်ဆင်ရေး” တတိယနေ့ နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် တပ်ရင်းမှူး ၊ ဒု-ရင်းမှူးများအပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံး
Next Article မော်လမြိုင်မြို့တွင် စက်သုံးဆီကို တန်းစီစနစ်ဖြင့်ဝယ်ယူနေရ
thanlwinkhet
  • Website

Related Posts

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

March 2, 2026

ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း စစ်တပ် ပတ်ကင်းကား ကြားဖြတ်တိုက်ခံရ၊ ၄ ဦးသေဆုံး

February 28, 2026

ကံတလူးတိုးဂိတ် ထပ်မံတိုက်ခိုက်ခံရ၊ စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်ဟု လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့ ထုတ်ပြန်

February 28, 2026

Leave A Reply Cancel Reply

Recent Posts

  • မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး
  • အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို
  • “အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ
  • ၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ
  • ၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး

အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို

“အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ

၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး

March 2, 2026

အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို

March 2, 2026

“အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ

March 2, 2026

၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ

March 2, 2026

၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ

March 2, 2026

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

March 2, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.