• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»“၁၀၂၇ စစ်ဆင်ရေး” ၁၉ ရက်မြောက်နေ့တွင် စစ်စခန်း ၃ ခု သိမ်းပိုက်နိုင်ခဲ့ဟု TNLA ထုတ်ပြန်
တိုက်ပွဲသတင်း

“၁၀၂၇ စစ်ဆင်ရေး” ၁၉ ရက်မြောက်နေ့တွင် စစ်စခန်း ၃ ခု သိမ်းပိုက်နိုင်ခဲ့ဟု TNLA ထုတ်ပြန်

thanlwinkhetBy thanlwinkhetNovember 15, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

“၁၀၂၇ စစ်ဆင်ရေး” ၁၉ ရက်မြောက်နေ့တွင် စစ်စခန်း ၃ ခု သိမ်းပိုက်နိုင်ခဲ့ဟု TNLA ထုတ်ပြန်

*************************************

သံလွင်ခက်

နိုဝင်ဘာ ၁၅၊ ၂၀၂၄။

“၁၀၂၇ စစ်ဆင်ရေး – Operation 1027”  ၁၉ ရက်မြောက်ဖြစ်သည့် နိုဝင်ဘာလ ၁၄ ရက် ၁ ရက်တည်းမှာပင်  ကိုးကန့်ဒေသနှင့် တအာင်းဒေသက စစ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု  PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၄ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကိုးကန့်ဒေသနှင့် တအာင်းဒေသရှိ  ဟွာရှိပန်စခန်း၊ “ပွိုင့် ၆၄၃ – တာဆိုင်းလျံ စစ်ဆင်ရေးခြေကုတ်စခန်း၊  လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့ စစ်ပူးပေါင်းစခန်းစသည့် စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA တပ်ဖွဲ့ဝင်များ သည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ဟွာရှိပန်ကျေးရွာအနီးရှိ ရန်သူ့တပ်စခန်းအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့သည်။

ထို့နောက် ခြေလျင်စစ်ကြောင်းဖြင့် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင်  “ဟွာရှိပန် စခန်း”ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၄ နာရီဝန်းကျင်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်များ၏ ပူးပေါင်းစခန်းကိုသိမ်းပိုက်နိုင်ခဲ့ကာ စစ်အသုံးအဆောင်နှင့် ရိက္ခာပစ္စည်းအချို့ သိမ်းဆည်းရမိ ခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယင်းနေ့ နေ့လယ် ၁၁ နာရီခွဲဝန်းကျင်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ် ဖွဲ့ဝင်များသည် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ် “ပွိုင့်  ၆၄၃ – တာဆိုင်းလျံ စစ်ဆင်ရေးခြေကုတ်စခန်း”အား ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ “မုံးဟွမ်ပြည်သူ့စစ်” တပ်ဖွဲ့ဝင်များသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ထံ လက်နက် ၇ လက် လာရောက်အပ်နှံခဲ့သည့်အပြင် “မုံးပေါ်ပြည်သူ့စစ်” တပ်ဖွဲ့ဝင်များသည်လည်း လက်နက် ၃ လက် လာရောက်အပ်နှံခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နိုဝင်ဘာလ ၁၄ ရက် ၁ ရက်တည်းမှာပင် ကျောက်မဲမြို့နယ်ရှိ  စစ်ကောင်စီ ခမရ – ၅၀၂ တပ်ရင်းကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ၁၁ ကြိမ်ပစ်ခတ်ခဲ့ပြီး နမ့်ခမ်း မြို့ရှိ စစ်ကောင်စီတပ် “စခန်းသစ်ကုန်း”ကိုလည်းတိုက်ခိုက်ခဲ့ကြသည်။

ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်၊ ည ၉ နာရီခွဲခန့်ကစ၍ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၆: နာရီခွဲခန့်အထိ နောင်ချို မြို့နယ်၊ ဂုတ်ထိပ်တံတားအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၊ မန္တလေး ပြည်သူ့ ကာကွယ်ရေးတပ် – MDY PDF နှင့် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီးတဝိုက်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၄ ရက် ၁ ရက်တည်းမှာပင် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု  PSLF/TNLA ကထုတ်ပြန်ထားသည်။

ပုံစာ – သိမ်းပိုက်ခဲ့ပြီးနောက် မြင်တွေ့ရသည့် စစ်ကောင်စီစစ်စခန်းများ။

Photo – PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန။

***

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2453

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=6275

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article“ ၁၁.၁၁ စစ်ဆင်ရေး” တတိယနေ့ နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် တပ်ရင်းမှူး ၊ ဒု-ရင်းမှူးများအပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ကျော်သေဆုံး
Next Article မော်လမြိုင်မြို့တွင် စက်သုံးဆီကို တန်းစီစနစ်ဖြင့်ဝယ်ယူနေရ
thanlwinkhet
  • Website

Related Posts

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.