ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ TNLA ထံ လက်နက်များအပ်နှံ
******************************
သံလွင်ခက်
နိုဝင်ဘာ ၁၅ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ထပ်မံသိမ်းပိုက်ရရှိကြောင်းနှင့် စစ်ကောင်စီတပ်စခန်းတချို့လက်နက်များ လာရောက်အပ်နှံခဲ့သည်ဟု တအာင်းတပ်မတော် PSLF/TNLA က ယနေ့ နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည် ။
တအာင်းတပ်မတော် PSLF/TNLA ၏ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ ရှောက်ဟော် ပ.သ.စ တပ်စခန်းကို နိုဝင်ဘာ ၁၀ ရက်နေ့ ည (၁၂း၀၀)နာရီအချိန်တွင် TNLAက သိမ်းပိုက်ခဲ့သည် ။
ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီ + ပ.သ.စ တပ်စခန်းကို နိုဝင်ဘာ ၁၄ရက်၊ နံနက် (၄)နာရီအချိန်တွင် သိမ်းပိုက်ရရှိခဲ့ပြီး စခန်းအတွင်း စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရမိခဲ့သည်။
ကွတ်ခိုင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ မုံးဟွမ် ပ.သ.စ အဖွဲ့မှ နိုဝင်ဘာလ ၁၄ရက်တွင် တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက် (၇) လက် လာရောက်အပ်နှံခဲ့သည်။
ကွတ်ခိုင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ မုံးပေါ် ပ.သ.စ အဖွဲ့မှ နိုဝင်ဘာလ ၁၄ရက်တွင် တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက် (၃) လက် လာရောက်အပ်နှံခဲ့သည်။
ကွတ်ခိုင်မြို့နယ်အပြင် တပ်မဟာ(၆)စစ်ဒေသ၊ တန်ယန်းမြို့နယ် စစ်ကောင်စီ ဆိုင်လျံတပ်စခန်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲများအပြင် ယနေ့နံနက်အစောပိုင်းတွင် တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာလမ်းခွဲ၌ စစ်ကောင်စီတပ်နှင့် တအာင်တပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည် ။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2441
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6261