မိခိုင်၊ သံလွင်ခက် အောက်တိုဘာ ၂၄၊ ၂၀၂၃။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒါးလက်ချောင်းတလျှောက်ဒေသများတွင် ကုန်စျေးနှုန်းဆက်လက်မြင့်တက် လျက်ရှိနေပြီး လက်လုပ်လက်စားများအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ပလက်၀မြို့နယ်၊ ဒါးလက်ချောင်းအုပ်စုရှိ လူဦးရေ ၃၀၀၀၀ ခန့်မှာ အဓိကအားဖြင့် လက်လုပ်လက်စားနှင့် စစ်ရှောင်များဖြစ်ကြပြီး စားဝတ်နေရေး အခက်အခဲရှိနေကြောင်း သိရသည်။…