ချင်းပြည်နယ်တောင်ပိုင်း ရေဇွာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်
***********
သံလွင်ခက်
နိုဝင်ဘာ ၂၉၊ ၂၀၂၃။
ချင်းပြည်နယ်၊ ရေဇွာမြို့က စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိသည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
“မြို့ကို ပြန်ရတာ။ ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး ကျဆုံးတယ်လို့ သိရတယ်။ စစ်ကောင်စီတွေဘက်ကလည်း အကျ အဆုံးများတယ်လို့ပဲ ကြားသိရတာ။ အတိအကျ မသိရသေးဘူး” ဟုပြောသည်။
ရေဇွာမြို့ အခြေစိုက်စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော် -CNA အပါအဝင် အခြားကာကွယ်ရေး ပူးပေါင်းတပ်တို့က နိုဝင်ဘာလ ၂၆ ရက်ကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်ကလည်း ယမန်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းအချိန်များတွင် လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2592
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6440