ကရင်နီစစ်ရှောင်တွေအတွက် စားစရာနဲ့နေစရာ အရေးပေါ်အကူအညီလိုအပ်နေ
***********************************
သံလွင်ခက်
နိုဝင်ဘာ ၂၆၊ ၂၀၂၃။
လက်ရှိ ကရင်နီပြည်ရဲ့ ၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း ထွက်ပြေးရှောင်တိမ်းနေကြရတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ စားစရာနဲ့ နေစရာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
လွိုင်ကော်မြို့ပေါ်နဲ့ ဖယ်ခုံဘက်ကစစ်ရှောင်တွေ အများဆုံးရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲက စံကားမြို့၊ မြို့မဘုန်းကြီးကျောင်းမှာဆိုရင် စစ်ဘေးရှောင် ၁၅၀၀ လောက်ရှိနေပါတယ်။
” လောလောဆယ် အခက်အခဲက အဓိက ထမင်းမငတ်ဖို့ပေါ့နော်။ ဒီမှာလာနေတဲ့ လူဦးရေက ၁၅၀၀ လောက်ရှိ တော့ ဆန်လိုတယ်။ ဆန်က ဘာဆန်ဖြစ်ဖြစ်စားတယ်။ အခုက ဆန်စျေးကလည်းတက်သွားတော့ မနေ့ကသွား ဝယ်တာ ဇကွဲသာသာပဲရှိတယ်။ ၉၀,၀၀၀ တဲ့။ ဆန်ကျိုးပေါ့နော်။ ၁ အိတ်ကိုလေ။ အခု လူ ၁၅၀၀ အတွက်က ဆန် ၂၅ အိတ်ပဲ ရှိတော့တယ်။ ဆီကလည်း အခုလက်ရှိမှာ ၅ ပိဿာ ပုံးလေးတွေ ၁၀ ပုံးလောက်ပဲရှိတယ် ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ ဒေသခံအမျိုးသား ၁ ဦးကပြောပါတယ်။
စစ်ရှောင်တွေအတွက် အလှူရှင်တွေမရှိလို့ ကျောင်းထိုင်ဘုန်းကြီးက နီးစပ်ရာရွာတွေမှာအလှူခံပြီး စစ်ရှောင်တွေ ရဲ့ နေ့စဥ်စားသောက်ရေးကို ဖြေရှင်းပေးနေရတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်တွေကို ဆန်ထက်ပိုင်းကျိုးတွေနဲ့ အရွက်တွေကိုပဲ နေ့တိုင်းကျွေးနေရသလို ဆန်ကလည်း ရက်ပိုင်းအတွင်း ပြတ်လပ်တော့မှာဖြစ်လို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
” အခုက အလှုရှင်တွေ မရောက်လာဘူး။ ဘုန်းကြီးကပဲ ရွာကိုလိုက် အလှူခံနေရတယ်။ ကျွန်တော်တို့ကလည်း လိုက်အလှူခံရတယ်။ လိုက်အလှူခံတယ် ဆိုတာ ဥပမာ စျေးနေ့ဆိုရင် ကျွန်တော်တို့ ထော်လာဂျီနဲ့သွားလိုက်ပြီး တော့ ၅ ရက် ၁ စျေးမှာ ဟင်းသီးဟင်းရွက် အဲ့လိုမျိုးပေါ့။ အလှူခံပြီးတော့ အဲ့ဒါတွေပဲ စားရတာ သူတို့က။ အသား ဟင်းကမစားရဘူး။ ကန်စွန်းရွက်တွေ လိုက်ခူးလိုက် ။ မုန်ညင်းတွေ လိုက်တောင်းလိုက် ။ ဒီလူ ၁၅၀၀ စာကို ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ ဒေသခံအမျိုးသား ၁ ဦးက နေ့စဥ်ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
စစ်ရှောင်တွေအတွက် အစားအသောက်အခက်အခဲတွေသာမကဘဲ အခင်း၊ အကာနဲ့ အဝတ်အထည်တွေ မလုံ လောက်တာကြောင့် အဆုတ်အအေးပတ်ရောဂါနဲ့ ချောင်းဆိုးတာတွ အဖြစ်များနေကြတယ်လို့လည်း သိရပါ တယ်။ အိမ်သာမလုံလောက်တဲ့အတွက်ကြောင့်လည်း ဝမ်းရောဂါဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ကူညီပေးနေ သူတွေက ပြောပါတယ်။
စစ်ရှောင်တွေအတွက်လိုအပ်တဲ့ ရိက္ခာတွေနဲ့ ဆေးဝါးတွေ သယ်ယူတာကိုလည်း ရှမ်းတောင်ပိုင်းမှာရှိတဲ့ စစ် ကောင်စီတပ်ဂိတ်တချို့က ပေးမသယ်တာကြောင့် အခက်အခဲတွေ ပိုပြီးကြုံနေကြရတာဖြစ်တယ်လို့ စစ်ဘေး ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ကစတင်ခဲ့တဲ့ ကရင်နီပြည်စစ်ဆင်ရေးတွေအတွင်း လွိုင်ကော်မြို့ပေါ်က ဒေသခံ ၄၀၀၀၀ ကျော် ကရင်နီပြည်ကျေးရွာတွေနဲ့ရှမ်းတောင်ပိုင်းဘက်ကို စစ်ရှောင်နေကြရပါတယ်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2564
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6404