လားရှိုးရှိ မိုင်းကျက်စခန်းကို TNLA သိမ်းပိုက်ရရှိ
*******************************
သံလွင်ခက်
နိုဝင်ဘာ ၂၆ ၊ ၂၀၂၃ ။
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းလည်းဖြစ်ပြီး လေကြောင်းပစ်ကူပေးတိုက်ခိုက်မှု အကြိမ် ၁၄၀ နီးပါးပြုလုပ်နေသည့်ကြားမှ မိုင်းကျတ်စခန်းကို TNLAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တအာင်းတပ်မတော် PSLF/TNLA ၏တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၂၈ ရက်အကြာ နိုဝင်ဘာလ ၂၄ရက်၌ သိမ်းပိုက်နိုင်ခဲ့သည်ဟု PSLF/TNLA ကသတင်းထုတ်ပြန်သည်။
အဆိုပါတပ်စခန်းတွင်း၌ စစ်ကောင်စီ၏ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၈)လက်၊ ကျည်ပေါင်းများစွာ၊ ရန်သူအလောင်းမြုပ်နှံ့ထားသည့်နေရာ (၅၀)ကျော် နှင့် စစ်သုံးဆောင်ပစ္စည်းများစွာ ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
မိုင်းကျက်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအဖြစ် Jet Fighterဖြင့် (၉၅)ကြိမ်၊ Y8/Y12 လေယာဥ်ဖြင့် (၁၂)ကြိမ်၊ Mi35 ဖြင့် (၁၅)ကြိမ်၊ Mi17 ဖြင့်(၁၅)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည်။
ရှမ်းမြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖော်ဆောင်နေသည့် စစ်ဆင်ရေးအတွင်း၌ သိမ်းဆည်းရရှိနေသော လက်နက်ခဲယမ်းများသည် ကမ်းပိန်များတစ်နှစ်လောက်ပြုလုပ်၍ ဝယ်ယူစုဆောင်းမည်ဆိုလျှင်တောင် ရနိုင်မည်မဟုတ်ဟု CDM ဗိုလ်ကြီးထက်မြတ်က သုံးသပ်ပြောကြားထားသည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2562
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6400