အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ရရှိ
*****************************
သံလွင်ခက်
နိုဝင်ဘာ ၂၅ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အတွင်း၌ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းပေါ်ရှိ စစ်ကောင်စီတပ် Station ကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်၁ စစ်ဒေသက ယနေ့တွင်သတင်းထုတ်ပြန်သည်။
မုံရွာ-ယာကြီး- ကလေးဝလမ်း (ရန်သူ့ဆက်သွယ်ရေး ဗျူဟာလမ်း) ပေါ် ရှိ အင်အား (၃၀) ခန့်အခြေပြုနေသည့် အရေးကြီး Station ကုန်းအား ယင်းမာပင်ခရိုင် တပ်ရင်း-၂ နှင့် ကနီမြို့နယ် ပကဖ တို့မှ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီတပ် စခန်းကုန်းအား နိုဝင်ဘာလ (၂၂) ရက်တွင် တစ်ကြိမ် ပစ်ခတ် တိုက်ခိုက် သိမ်းပိုက်ရာ အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာလာရပြီး နိုဝင်ဘာလ (၂၃) ရက်တွင် ထပ်မံ တိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ထိုစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပအဘက်မှ (၁) ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော် (၃) ဦး ကျဆုံးခဲ့သည်။
တိုက်ပွဲ၌ လက်နက်ငယ် (၁) လက်၊ ကျည်မျိုးစုံ (၂၅၀၀) ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် (၂) ခု၊ မိုင်း (၁၆) လုံး၊ အီနာဂါ (၄) လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသ
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2555
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6393