သဇင် ဇန်နဝါရီ ၅၊ ၂၀၂၄။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နောက်ဆက်တွဲအကျိုး ဆက်တစ်ခုအနေဖြင့် ကလေးသူငယ်များ အာဟာရချို့တဲ့မှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည် ဟု ကလေးသူငယ်အရေးလှုပ်ရှားသူတွေထံက သိရသည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည်မှာ ၃ နှစ်နီးပါးကြာလာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများကလည်းပြင်းထန်နေဆဲဖြစ်သည်။ ပြင်းထန်သည့်နှစ်ဖက်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံရှိ ကလေး ၆ သန်းကျော် အာဟာရချို့တဲ့မှုနှင့်…