ဟိုပန်မြို့ကိုသိမ်းပိုက်ပြီးနောက်ပိုင်း “ဝ”ဒေသအတွင်း နယ်မြေရှင်းလင်းမည်ဟု ညီနောင်သုံးဖွဲ့ဆို
**********************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၅ ၊ ၂၀၂၄။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မူး ယစ်ဆေးဝါးရောင်းဝယ်သူများအား လိုက်လံဖမ်းဆီးခြင်း၊ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဟု သိရသည်။
စစ်ရှုံးကာ စခန်းစွန့်လွှတ်လိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏မိခင်အဖွဲ့အစည်းထံ ပြန်လည်မ ရောက်ရှိဘဲ ပုံစံအမျိုးမျိုးဖြင့်နေရာအမျိုးမျိုးတွင် ထွက်ပြေးလွတ်မြောက်နေပြီး ပြန့်ကြဲနေသည်မှာ ပြည်သူလူထု နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များအတွက် ကြီးမားသည့်အန္တရာယ်ဖြစ်သည်ဟု ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ် တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ဝင်၊ အွန်လိုင်းလောင်းကစား(ကျဖျင်) လိမ်လည်သူများသည် စစ်ကောင်စီ၏အကာအကွယ်ဖြင့် ထွက်ပြေးလွတ်မြောက်နေကြပြီး အဆိုပါထွက်ပြေးလွတ်မြောက်နေကြသူများသည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပန်အပါအဝင် ပန်လုံ၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖ ဒေသများအတွင်း ထွက်ပြေးတိမ်းရှောင်နေပြီး လက်နက်နှင့် စစ်အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည် ဟု သိရသည်။
ထို့ကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် အထက်ဖော်ပြပါနေရာများအပြင် အခြားသော ခိုအောင်းရာနေရာ များတွင်လည်း လိုက်လံဖမ်းဆီးခြင်းနှင့် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟိုပန်ခရိုင်သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းပါဝင်ပြီး အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် လားရှိုးခရိုင်၊ တောင်ဘက်တွင် မက်မန်းခရိုင်နှင့် မြောက်ဘက်တွင် လောက်ကိုင်ခရိုင်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
ယမန့်နေ့ကကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင်လည်း လောက်ကိုင်ဒေသကွပ်ကဲမှုစစ် ဌာနချုပ်သည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ထံ လက်နက်ချခဲ့ပြီး စစ်ကောင် စီဝန်ထမ်းနှင့် မိသားစုဝင်များအား လားရှိုးမြို့သို့ပို့ဆောင်ပေးရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရ သည်။
Video – Facebook
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2884
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6832