• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်
  • ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်
  • ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး
  • နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို
  • မင်းလက်ပံထဲ ကာမီကာဇေကျရောက်၍ ဒေသခံထိခိုက်မှုရှိ
  • မောတောင်တိုက်ပွဲကို ၇ ရက်ကြိုသိသော ခေတ္တတပ်ရင်းမှူး ကြိုတင် နယ်စပ်ဖြတ်ကျော်ထွက်ပြေး
  • ရသေ့တောင် ဘာထလေကျေးရွာကို စစ်ကော်မရှင် ဗုံးကြဲ၍ ဒေသခံ နှစ်ဦးသေဆုံး
  • KK Park ကို စစ်တပ်နဲ့ BGF ဖောက်ခွဲမှု ၄၃ ကြိမ်ရှိပြီ(ရုပ်သံ)
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်တိုင်းဌာနချုပ်အလိုက်ဖြစ်စေ တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟု ဦးရည်မွန်ပြော
နေ့စဉ်သတင်း

စစ်တိုင်းဌာနချုပ်အလိုက်ဖြစ်စေ တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟု ဦးရည်မွန်ပြော

thanlwinkhetBy thanlwinkhetJanuary 4, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

ဇန်နဝါရီ ၄ ၊ ၂၀၂၄ ။

စစ်အုပ်စုလက်​အောက်ခံ  တပ်မှူးတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်တည်ချက် ပြောင်းလဲပြီး ပြည်သူများနှင့်ပူးပေါင်းရန်  NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့ ညပိုင်းတွင် အထူးအသိပေးနှိုးဆော်ထားပြီး စစ်တိုင်းဌာနချုပ်အလိုက်ဖြစ်စေ တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟုလည်း ပြောကြားလိုက်သည်။

အထူးအသိပေးနှိုးဆော်ချက်တွင် ” တပ်မ​တော်တစ်ခုရဲ့ အဓိကတာဝန်ဟာ နိုင်ငံနဲ့ ပြည်သူကို အကာအကွယ်​ပေးဖို့ ဖြစ်တယ်။ စစ်အာဏာရှင်ကို အကာအကွယ်​ပေးဖို့ မဟုတ်ဘူး။

​ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို အကာအကွယ်​ပေးရင်း ခင်ဗျားတို့လက်မှာ ပြည်သူ့​သွေး အထပ်ထပ် စွန်းခဲ့ပြီဆိုတာ သတိချပ်​စေလိုတယ်။

ဒီက​နေ့ထိ စစ်အုပ်စုသစ္စာခံ လုပ်​နေတဲ့ ခင်ဗျားတို့အားလုံး ပြန်စဥ်းစားသင့်တာက ငါတို့ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့​ကော ငါတို့ကိုယ်တိုင်​ပါ ဒီက​နေ့ဘယ်အ​ခြေအ​နေ ဆိုက်​နေပြီလဲ ဆိုတဲ့အချက်ပဲ။

ခင်ဗျားတို့ ယူနီ​ဖောင်းဝတ်ပြီး လူ​တောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလား။ဗိုလ်ချုပ်​အောင်ဆန်း ထူ​ထောင်ခဲ့တဲ့ ပြည်သူ့ချစ်​တပ်မ​တော်ဟာ ဒီက​နေ့​တော့ ပြည်သူ့တံ​တွေးခွက်ထဲ ​မျောခဲ့ပြီ။ပြည်သူက ခင်ဗျားတို့ကို စစ်​ခွေး ရဲ​ခွေးလို့ ​ခေါ်ကြတာ အ​ကြောင်းမဲ့ မဟုတ်ဘူး။

ခင်ဗျားတို့ လက်မှာ စွန်း​နေတဲ့ ပြည်သူ့​သွေး​တွေဆိုတာ ချေဖျက်လို့ ရရိုးလား။စစ်ရာဇဝတ်​ဘေး ​ပြေးလွတ်မယ် မဟုတ်ဘူးဆိုတာလည်း ခင်ဗျားတို့ သတိချပ်ဖို့ သင့်တယ်။

အခုဆိုရင် စစ်အာဏာရှင်ရဲ့ ​နောက်ဆုံး​နေ့ဟာ ​ရောက်ရှိလာခဲ့ပြီ။ ပြည်​ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ​ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအ​ပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံ​နေတဲ့ လုပ်စား​အ​တွေးအ​​ခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်​စေလိုတယ်။

ဒီက​နေ့ ပြည်​ထောင်စု မပြိုကွဲ​အောင် တကယ်တမ်း တာဝန်ယူ​စောင့်​ရှောက်နိုင်မယ့်သူ၊ တာဝန်ယူ​စောင့်​ရှောက်​နေတဲ့ သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့​တော်လှန်​ရေးအဖွဲ့အစည်း​တွေပဲ ဖြစ်တယ်၊ဒါကို သိချပ်​စေလိုတယ်။

ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်​ရောက်​နေပြီ။စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာအကွယ်​ပေး​နေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်​ရောက်လာပြီ။

ခင်ဗျားတို့လက်မှာ ပြည်သူ့​သွေး ထပ်မစွန်းပါ​စေ​တော့နဲ့။

စစ်အာဏာရှင် ခိုင်းသမျှ မျက်ကန်းတ​စ္ဆေမ​ကြောက် နာခံ​နေခြင်းဟာ ခင်ဗျားတို့ အသက်တွေ ၊ ဘဝ​တွေ အချီးနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်​စေလိုတယ်။

ဒါ​ကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ပါ။ပြည်သူ့အစိုးရနဲ့ ပြည်သူ့​တော်လှန်​ရေးအဖွဲ့အစည်း​တွေကို နာခံပါ။အချိန်မ​နှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကို ​ပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်။

ဒီရက် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က ဖမ်းဆီးရမိတဲ့ ဒုဗိုလ်မှုးကြီးသက်​အောင်အပါအဝင် စစ်သုံ့ပန်း​တွေဟာ ကျွန်​တော်တို့လက်​ရောက်​တော့ သူတို့​တော့ အသက်အန္တရယ်ကင်းပြီရယ်လို့ စိတ်ဒုံးဒုံးချပြီး စိတ်လက်​ပေါ့ပါးသွားကြတာ သတိပြုမိတယ်။

ကျွန်​တော်တို့က စနစ်ကို တိုက်​နေတာပဲ ဖြစ်တယ်၊လူကို တိုက်​နေတာမဟုတ်ဘူး။ခင်ဗျားတို့ အသက်​တွေ ဘဝ​တွေ အချီးနှီး မဆုံးရှုံး​စေလိုသလို ကျွန်​တော်တို့ ​တော်လှန်​ရေးရဲ​ဘော်​တွေ ကျွန်​တော်တို့ပြည်သူ​တွေရဲ့ အသက်​တွေ ဘဝ​တွေလည်း အကျိုးမဲ့ မဆုံးရှုံး​စေလိုဘူး။

စစ်​မြေပြင်​ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်​တော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု ​လေးစားလိုတယ်။

ဒါ​ကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်​စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်​စေ ပြည်သူ့အစိုးရNUGနဲ့ ​တော်လှန်​ရေးအဖွဲ့အစည်း​တွေထံ အမြန်ဆုံး ဆက်သွယ်ပါ။(ကျွန်​တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။)

ဒီ​နေ့က ကျွန်​တော်တို့နိုင်ငံရဲ့ ၇၆နှစ်​မြောက် လွတ်လပ်​ရေး​နေ့၊သို့​သော် ကျွန်​တော်တို့တိုင်းပြည်နဲ့ ပြည်သူ​တွေ စစ်ကျွန်ဘဝမှာ နစ်မွန်း​နေခဲ့တာက နှစ်​ပေါင်း ၆၀​ကျော်၊ ခင်ဗျားတို့လည်း ပြည်သူထဲက ပြည်သူ​တွေပဲ။စစ်တပ်ကိုယ်တိုင် စစ်အာဏာရှင်​တွေရဲ့ စစ်ကျွန်ပြု အသုံးချခံ​နေရတာပဲ။ တိုင်းချစ်ပြည်ချစ်စိတ်အမှန်ရှိရင် ကိုယ်​​လျှောက်ရမယ့်လမ်းကို အသိဥာဏ်ရှိရှိ သတ္တိရှိရှိ​ ကိုယ်တိုင်ရွေးချယ်ကြဖို့ တိုက်တွန်းလိုတယ်။

ဒီက​နေ့ ပြည်သူ့​တော်လှန်​ရေးက ​ခေတ်သစ်စနစ်သစ် ​ပြောင်းလဲ​ရေးကို ဦးတည်တယ်၊တိုင်းသစ်ပြည်သစ် ထူ​ထောင်​ရေးကို ဦးတည်တယ်။

ပြည်သူကို ​လေးစားပြီး ​ခေတ်စနစ်​ပြောင်း​လဲရေးကို လက်ခံတဲ့ တပ်မ​တော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက လက်ကမ်းကြိုဆို​နေလိမ့်မယ်။ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းသစ်​ရေးသူ​တွေထဲ အပါအဝင် ဖြစ်လာလိမ့်မယ်။

ခင်ဗျားတို့ အမြင်မှန်ရရင် ခင်ဗျားတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ အသိ​ပေးလိုပါတယ် “ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောဆိုထားသည် ။

ပုံစာ- နောင်ချိုမြို့နယ် ၊ သံဘိုကျေးရွာစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိသော စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်။

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2882

YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR

Website – > https://thanlwinkhet.net/?p=6822

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာနိုင်ငံက ကလေးငယ်ပေါင်း ၆ သန်းကျော် အာဟာရချို့တဲ့နေ
Next Article ၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၉၀၀ နီးပါးဖြစ်ပွား
thanlwinkhet
  • Website

Related Posts

ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်

November 18, 2025

ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး

November 18, 2025

ထိုင်းနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်များ ၄ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်

November 14, 2025

Leave A Reply Cancel Reply

Recent Posts

  • အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်
  • ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်
  • ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး
  • နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို
  • မင်းလက်ပံထဲ ကာမီကာဇေကျရောက်၍ ဒေသခံထိခိုက်မှုရှိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်

ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်

ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး

နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို

ယခင်သတင်းများ

  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်

November 18, 2025

ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်

November 18, 2025

ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး

November 18, 2025

နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို

November 17, 2025

မင်းလက်ပံထဲ ကာမီကာဇေကျရောက်၍ ဒေသခံထိခိုက်မှုရှိ

November 16, 2025

မောတောင်တိုက်ပွဲကို ၇ ရက်ကြိုသိသော ခေတ္တတပ်ရင်းမှူး ကြိုတင် နယ်စပ်ဖြတ်ကျော်ထွက်ပြေး

November 15, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.