သံလွင်ခက်
ဇန်နဝါရီ ၆ ၊ ၂၀၂၄။
လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အပါအဝင် စစ်ကောင်စီတပ်သားအားလုံး ဇန်နဝါရီ လ ၅ ရက်တွင် လက်နက်ချအညံ့ခံခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒကစ – ၆(လောက်ကိုင်)လက်အောက်ခံ လက်ရုံးတပ်နှင့် ခလရ ၂၃၉၊ ပွိုင့် ၂၀၂၂ နမ်ထင်းမိန်ရှန်းအထိုင်တပ် အပြင် စစ်ကူအဖြစ်ရောက်ရှိနေသည့် စကခ-၁၂၊ စကခ-၁၄၊ စကခ-၁၆၊ တပ်မ ၅၅ ရှိ စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗိုလ်မှူးချုပ် ၆ဦး ၊ အရာရှိ ၂၂၈ ဦး၊ အခြားအဆင့်ရဲဘော် စုစုပေါင်း ၂၃၈၉ ဦးလက်နက်ချအညံ့ခဲ့ပြီး ၎င်းတို့၏ မိသားစုဝင် ၁၆၀၁ ဦးလည်း ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
လောက်ကိုင်ဒေသအတွင်းရှိ လက်ကျန်စစ်ကောင်စီတပ်များအားလုံး လက်နက်ချအညံ့ခံလိုက်သောကြောင့် လောက်ကိုင်ဒေသတစ်ခွင်သည် စစ်ကောင်စီကင်းစင်သည့်နယ်မြေဖြစ်လာပြီး စစ်အာဏာရှင်စနစ် နိဂုံးချုပ်မည့် အကြိုနေ့ရက်များဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ဆိုထားသည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2885
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6835