ရဲတပ်ဖွဲ့ဝင် ၆ ဦး လက်နက်များနှင့်အတူ KNDF ထံခိုလှုံလာ
*****************************
သံလွင်ခက်
ဇန်နဝါရီ ၆ ၊ ၂၀၂၄ ။
ဘောလခဲမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၆ ဦး လက်နက်များနှင့်တကွ KNDF ထံဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့တွင်သတင်းထုတ်ပြန်သည်။
ကရင်နီ(ကယား)ပြည်နယ် ၊ ဘောလခဲမြို့ရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၆ ဦးမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း၌ လက်နက်အပြည့်အစုံဖြင့် KNDF တပ်ရင်းများထံ ဘက်ပြောင်းခိုလှုံလာခဲ့ခြင်းဖြစ်သည် ။
နိုဝင်ဘာလ ၂၁ ရက်တွင် ဘောလခဲမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၂ ဦးတို့မှာ လက်နက် ၅ လက်၊ ကျည်ဆန်များဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ ၅ ရက်တွင် ရဲတပ်သား အမျိုးသား၁ ဦး လက်နက် ၁ လက် အပြင် ၎င်း၏မိသားစုနှင့်လည်းကောင်း KNDF ထံဘက်ပြောင်းခိုလှုံလာခဲ့သည်။
KNDF ထံဘက်ပြောင်းခိုလှုံလာခဲ့သူများအား ၎င်းတို့၏ ဆန္ဒများအတိုင်း သွားလာနေထိုင်ခွင့်ပေးထားပြီး ခံစားခွင့်အဖြစ်ရရှိမည့်ဆုကြေးများကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည် ။
စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများအနေဖြင့် ယခုလိုကာလအတွင်း လမ်းမှန်ပေါ်လျှောက်၍ ပြည်သူနှင့် ယုံကြည်စိတ်ချစွာပူးပေါင်းလာကြပါရန် မိမိတို့တော်လှန်ရေးဘက်တော်သားများက တိုက်တွန်းလိုပြီး လူ့ဂုဏ်သိက္ခာနှင့်ညီသော လုံခြုံစိတ်ချမှုကိုလည်း မိမိတို့ဘက်က ပြည့်ဝစွာ အာမခံကြောင်း အသိပေးလို ပါသည်ဟု KNDF က အသိပေးထားသည် ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2887
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6838