• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်
  • ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်
  • ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး
  • နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို
  • မင်းလက်ပံထဲ ကာမီကာဇေကျရောက်၍ ဒေသခံထိခိုက်မှုရှိ
  • မောတောင်တိုက်ပွဲကို ၇ ရက်ကြိုသိသော ခေတ္တတပ်ရင်းမှူး ကြိုတင် နယ်စပ်ဖြတ်ကျော်ထွက်ပြေး
  • ရသေ့တောင် ဘာထလေကျေးရွာကို စစ်ကော်မရှင် ဗုံးကြဲ၍ ဒေသခံ နှစ်ဦးသေဆုံး
  • KK Park ကို စစ်တပ်နဲ့ BGF ဖောက်ခွဲမှု ၄၃ ကြိမ်ရှိပြီ(ရုပ်သံ)
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ခရီးသည် ၁ ယောက်ကို ၇၀,၀၀၀ ပေးပြီးသွားလာနေရတဲ့ ရန်ကုန် – မြဝတီကားလမ်း
ဆောင်းပါး

ခရီးသည် ၁ ယောက်ကို ၇၀,၀၀၀ ပေးပြီးသွားလာနေရတဲ့ ရန်ကုန် – မြဝတီကားလမ်း

thanlwinkhetBy thanlwinkhetJanuary 4, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်
ဇန်နဝါရီ ၄ ၊ ၂၀၂၄။
ရန်ကုန်မြို့မှ မြဝတီမြို့သို့သွားရာလမ်းတလျှောက်တွင် စစ်ကောင်စီဂိတ်များက မှတ်ပုံတင်ကို ဦးစားပေးစစ်ဆေးနေသည်ဟု ကားသမားများထံက သိရသည်။
ရန်ကုန်မြို့မှ မြဝတီမြို့သို့သွားရာတွင် ဒေါနတောင်ပတ်လမ်းဖြစ်သော အာရှလမ်းမအပြင် ဒေါနတောင်ကျော် ကားလမ်းဟောင်းနှင့် ထို့ကော်ကိုးကားလမ်းတို့ကို အသုံးပြုကြရလေ့ရှိသည်။
ကော့ကရိတ်တိုက်ပွဲမဖြစ်ခင်ကာလအတွင်း ဒေါနတောင်ပတ်လမ်းဖြစ်သော အာရှလမ်းကသွားလေ့ရှိသော်လည်း ကော့ကရိတ်တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ ယင်းလမ်းကိုအသုံးမပြုနိုင်သေးသောကြောင့် ထို့ကော်ကိုးလမ်းက ဖြတ်သန်းသွားလာနေကြရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများ အခက်အခဲပေါင်းများစွာနှင့် ကြုံနေကြရပြီး ယင်းအနက် ရန်ကုန် – မြဝတီကားလမ်းပိုင်းလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့်လည်း ရန်ကုန် – မြဝတီကားလမ်းတလျှောက် ကြုံနေ ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန် – မြဝတီ မောင်းနှင်နေသည့်ကားသမား ၁ ဦးအား သံလွင်ခက် သတင်းဌာနဆက်သွယ်မေးမြန်းထားသည်။
သံလွင်ခက်။ ။ ရန်ကုန်အဝင်အထွက် စစ်ဆေး ရေးအခြေအနေက ဘယ်လိုရှိလဲရှင့်။
ကားသမား ။ ။ ရန်ကုန်ကနေစထွက်ရင်တော့ ဒီရိုးရိုးခရီးသည်အတွက်ကတော့ ဘာမှ ပြဿနာမရှိပါဘူး။ကားသေးလေးတွေကတော့ဒီအတိုင်းပဲ သွားသွားလာလာ လူ ၄ ယောက် ၅ ယောက်လောက်ပဲတင်သွားတာဖြစ်တဲ့အတွက် အစစ်အဆေး အဲ့လောက်မရှိဘူး။
သံလွင်ခက်။ ။ ရန်ကုန်အထွက် ဇီးရိုးမိုင်စစ်ဆေးရေးဂိတ်မှာကော စစ်ဆေးရေးဘယ်လိုရှိလဲရှင့်။
ကားသမား ။ ။ အဲ့ဒီအတိုင်းပါပဲ။ လက်ကိုင်ပြီး တားပြီးစစ်တာပဲ။ မှတ်ပုံတင်စစ်တာပဲ။ ဒီလောက်ပဲထွေထွေထူးထူးရယ်လို့တော့မစစ်ပါဘူး။
သံလွင်ခက်။ ။ စစ်ကောင်စီဂိတ်နဲ့တွေ့ရင် ဘယ်လိုစစ်ဆေးခံရလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ့ရင်ကော ဘယ်လိုစစ်ဆေးခံရတာတွေရှိလဲရှင့်။
ကားသမား ။ ။ ကျွန်တော်ကတော့ အခုလက်ရှိ စစ်ကောင်စီနဲ့ပဲ တွေ့ဖူးတာဖြစ်တဲ့အတွက်သူတို့စစ်ဆေးတာကတော့ ဒီအတိုင်းပါပဲ။ သာမန်ဆို မှတ်ပုံတင်စစ်တယ်။ မသင်္ကာတဲ့လူတွေ့ရင် မှတ်ပုံတင်စစ်တယ်။ ထွေထွေထူးထူးမရှိပါဘူး၊ တဘက်ကအဖွဲ့ဖြစ်တဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ကတော့ မတွေ့ဖူးသေးဘူး။ သွားရင်းလာရင်းနဲ့။
သံလွင်ခက်။ ။ ဘားအံအဝင် သံလွင်တံတားကရော အစစ်အဆေးတွေဘယ်လိုရှိလဲရှင့်။
ကားသမား ။ ။ ဟုတ်။ သံလွင်တံတားလည်းဒီအတိုင်းပါပဲ။ သံလွင်တံတားလည်း မှတ်ပုံတင်ပါလား။ဘာတွေပါလဲ။ မှောင်ခိုပစ္စည်းပါလား။ ဒီလိုပါပဲ စစ်တာပါပဲ။ အခကြေးငွေတောင်းတာတို့ ဘာတို့တော့ရှိတာပေါ့။
သံလွင်ခက်။ ။ ရန်ကုန်ကနေ မြဝတီကို ထို့ကော်ကိုးလမ်းကနေသွားတာ ဘယ်လောက်ကြာလဲ။
ကားသမား ။ ။ ကျွန်တော်တို့ ရန်ကုန်နဲ့ မြဝတီဆိုရင် ကျွန်တော်တို့ လမ်းမှာ ၁ ညအိပ်တယ်။ ၁ ညအိပ်ပြီးတော့မှ အတက်နေ့ဆိုမှ ထို့ကော်ကိုး နဘူးလမ်းဆုံကနေပြီးတော့မှ တောင်ခြေကနေပြီးတော့ စတက်တယ်။ သူကအဆင်းနဲ့ဆုံရင် အတက်ကားမရဘူးလေ။ အဲ့တော့တောင်ခြေမှာ ၁ ညအိပ်ရတယ်။ အဆင်းနေ့နဲ့ဆုံရင် အတက်နေ့တိုက်ရိုက်ပဲဆိုရင် ရန်ကုန်ကတိုက်ရိုက်ထွက်လာလို့ရတယ်ဆိုရင် ၁ ရက်တည်းနဲ့ရောက်တာပေါ့။
သံလွင်ခက်။ ။ ထို့ကော်ကိုးလမ်းမှာ စစ်ဆေးရေးဂိတ်တွေဘယ်လောက်ရှိတယ်လို့ ခန့်မှန်းလဲရှင့် ။
ကားသမား ။ ။ ဒီလမ်းပိုင်းထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းရှိတယ်လေ။ အဖွဲ့အစည်းက ဘယ်နှဂိတ်၊ဘယ်နှဂိတ်ရယ်လို့တော့ သတ်မှတ်ထားတာမရှိဘူး။ ကားတစ်စီးကိုဘယ်လောက်ပေး၊ဘယ်လောက်ပေးတာကတော့ရှိတာပေါ့။ အဲ့ဒါက လမ်းပြုပြင်စရိတ်ဆိုပြီး အဲ့လိုကောက်ခံတဲ့ဟာတော့ရှိတာပေါ့။ ဂိတ်ပေါင်းကတော့ ဘယ်နှဂိတ်ရှိလဲဆိုတာကတော့ အတိအကျရေတွက်ထားတာတော့မရှိဘူး။ သူများပြောသလို အများကြီးရယ်တော့မဟုတ်ပါဘူး။မိန်းဝင်ဂိတ် ၁ ဂိတ်နဲ့ တောင်ခြေဂိတ် ၁ ဂိတ်နဲ့ တောင်တက် ၁ ဂိတ်၊ အလယ်မှာ ၂ ဂိတ်၊၃ ဂိတ် နည်းနည်းပါးပါးပါပဲ။ အများကြီးရယ်လို့တော့မဟုတ်ဘူး၊ ပြေလည်ရင်ပြေလည်သလို သွားနေကြတာပဲ။ ကားသမားနဲ့အဆင်ပြေရင် အဆင်ပြေသလိုသွားနေကြတာပဲ။
သံလွင်ခက်။ ။ ရန်ကုန်ကနေမြဝတီအထိ လူတစ်ယောက်ကိုဘယ်ကားခဘယ်လောက်ယူလဲရှင့်။
ကားသမား ။ ။ ရန်ကုန်ကနေမြဝတီအထိကို ၇၀,၀၀၀ ကျပ်ပါ။
သံလွင်ခက်။ ။ ရန်ကုန်ကနေ မြဝတီအထိ ဆီဖိုးဘယ်လောက်ကုန်လဲရှင့်။
ကားသမား ။ ။ ဆီဖိုးက အတက်တချက်နဲ့တင် ၂ သိန်းနားကပ်တယ်။ ဆီတွေကလည်း ဝယ်မရဘူး။ မြဝတီရောက်တော့မှပဲဝယ်၊ ဝယ်ပြီးတော့မှ တခါတည်း ပုံးထဲထည့်ထားပြီးတော့မှ ရန်ကုန်ကိုဆင်းသွားရတာ။ ရန်ကုန်မှာကလည်း ဆီပြတ်နေတာဆိုတော့ ၂ သိန်းလောက်ကပ်တယ်ဆီဖိုးချည်းပဲ။
သံလွင်ခက်။ ။ ဒီလိုသွားရတဲ့အချိန်မှာရော ဘယ်လိုစိုးရိမ်ပူပန်မှုတွေရှိလဲရှင့်။
ကားသမား ။ ။ နဂိုတုန်းကတော့ ကတ္တရာလမ်းပေါ်မောင်းရတာဆိုတော့ အဆင်ပြေတာပေါ့။ အခုကတော့ဖုန်တထူထူနဲ့၊ ကားကတစ်တန်းတည်းဆိုတော့ ရှေ့ကိုလည်းကြိုမမြင်ရ၊ နောက်ကလည်းတိုက်မလားမသိ။ ဖုန်ထူတော့ တောင်ဆင်းတောင်တက်များတော့ကတ္တရာလမ်းမောင်းပြီး ဖုန်လမ်းတက်မောင်းတော့ ဘယ်အဆင်ပြေပါ့မလဲ။ဖြစ်နိုင်ရင်ကတော့ ဒီအာရှလမ်းမကြီး ပြန်ဖွင့်ပေးရင်တော့ကောင်းတာပေါ့။
သံလွင်ခက်။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်သေးလဲရှင့်။
ကားသမား ။ ။ ကားသမားတစ်ယောက် ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင်ဒီအာရှလမ်းမကြီးကို နှစ်ဖက်လုံးက အချိန်မဆွဲဘဲနဲ့ တိုက်ချင်တဲ့သူကလည်းတိုက်။ဖွင့်မယ်ဆိုလည်းဖွင့်။ အဲ့ဒါပဲပြောချင်ပါတယ်။ ခရီးသည်တွေလည်း ဒုက္ခဖြစ်နေတာ။ကုန်ဈေးနှုန်းတွေလည်း တက်နေပြီ။ ကုန်ဈေးနှုန်းက မြဝတီမြို့မှာ ဆန် ၁ ပြည် ၄၀၀၀ ကနေ၈၀၀၀ လောက်ရှိနေပြီ။ အဲ့ဒီအတွက် ဒီ ကျွန်တော်တို့ ရန်ကုန် – မြဝတီလမ်းကြောကြီးမှာ တရားဝင်မိန်းလမ်းမကြီးကို ပြည်သူတွေ ချောချောမွေ့မွေ့သွားစေချင်တယ်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေး ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်မှာတော့ ထို့ကော်ကိုးလမ်းပေါ်တွင် ၁၀ ဘီးကားနှင့် ၁၂ ဘီးတွဲကားများ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း ဒီဇင်ဘာလ ၂၇ ရက်ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
သို့သော် တွဲဘီးကားများ ဖြတ်သန်းသွားလာခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် တွင် ထို့ကော်ကိုးကားလမ်းအား လုံးဝသွားလာခွင့်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပုံ – လူမှုကွန်ယက်
ပုံစာ – ထို့ကော်ကိုးလမ်းတွင်မြင်တွေ့ရသည့်ကားများ

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleပြင်ဦးလွင်အနီးရှိ စစ်ကောင်စီစခန်း ၁ ခုသိမ်းပိုက်ခံရ၊ စစ်ကြောင်းမှူးအရှင်ဖမ်းမိ
Next Article မြန်မာနိုင်ငံက ကလေးငယ်ပေါင်း ၆ သန်းကျော် အာဟာရချို့တဲ့နေ
thanlwinkhet
  • Website

Related Posts

ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်

November 18, 2025

ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး

November 18, 2025

ထိုင်းနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်များ ၄ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်

November 14, 2025

Leave A Reply Cancel Reply

Recent Posts

  • အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်
  • ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်
  • ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး
  • နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို
  • မင်းလက်ပံထဲ ကာမီကာဇေကျရောက်၍ ဒေသခံထိခိုက်မှုရှိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်

ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်

ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး

နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို

ယခင်သတင်းများ

  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သား သုံးဦး KNLA ထံ အလင်းဝင်

November 18, 2025

ကျောက်ဖြူတွင် တရက်အတွင်း ရွာအများအပြားကို စစ်တပ် လေကြောင်းတိုက်ခိုက်

November 18, 2025

ရသေ့တောင် ကျေးရွာနှစ်ရွာအား လေကြောင်းတိုက်ခိုက်၍ ဒေသခံ ၅ ဦး သေဆုံး

November 18, 2025

နယ်စပ်ကျားဖြန့်လုပ်ငန်းများကို BGF/KNA စစ်ကြေညာ၊ သိမ်းဆည်းရမိသည့် အဆောက်အအုံများကို ပြည်သူများအတွက် အသုံးပြုမည်ဟုဆို

November 17, 2025

မင်းလက်ပံထဲ ကာမီကာဇေကျရောက်၍ ဒေသခံထိခိုက်မှုရှိ

November 16, 2025

မောတောင်တိုက်ပွဲကို ၇ ရက်ကြိုသိသော ခေတ္တတပ်ရင်းမှူး ကြိုတင် နယ်စပ်ဖြတ်ကျော်ထွက်ပြေး

November 15, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.