• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီက ကင်းကြေးကောက်ခံနေ
နေ့စဉ်သတင်း

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီက ကင်းကြေးကောက်ခံနေ

thanlwinkhetBy thanlwinkhetJanuary 8, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

 

သံလွင်ခက်
ဇန်နဝါရီ ၈ ၊ ၂၀၂၃။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး နှင့် ပျူစောထီးများသည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဒေသခံများထံက ကင်းကြေးကောက်ခံနေသည်ဟု ဒေသခံများထံက သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ယူပြီးနောက် ကျေးရွာတစ်အုပ်စုလျှင် ၃ ယောက်နှုန်းဖြင့် မီးရထားလမ်းတလျှောက် ကင်းစောင့် ရမည်ဖြစ် ကြောင်း သိရသည်။

ကျောက်တံခါးမြို့ ဒေသခံအမျိုးသား ၁ ဦးက ” အုပ်ချုပ်ရေးမှုးတွေကို မြို့နယ်အုပ်ချုပ်ရုံးမှာခေါ်ပြီး အစည်းဝေး လုပ်တယ်။ ပြီးတော့မှ ရပ်/ကျေးအလိုက် ရပ်/ကျေးရုံးတွေမှာ အုပ်ချုပ်ရေးမှူးကတဆင့်ခေါ်ပြီး ရာအိမ်မှူး၊ ဆယ် အိမ်မှူးနဲ့ ပျူအဖွဲ့တွေခေါ်ပြီး အစည်းအဝေးလုပ်တယ်။ ၈ ရက်နေ့ကစပြီး ကင်းစောင့်ရမယ်ပြောတယ် ” ဟု ဆို သည်။

ထို့နောက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးနှင့် ပျူစောထီးများက သက်ဆိုင်ရာကျေးရွာအတွင်းရှိ ဒေသခံများကိုခေါ်ယူကာ ကင်းကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ဆယ့်လေးရွာ က ဒေသခံ ၁ ဦးက သံလွင်ခက် သတင်းဌာနကိုပြောသည်။

၎င်းက ” တစ်ရွာလုံးအစည်းအဝေးခေါ်တယ်။ လာမတက်ရင် တစ်အိမ် ၁၀,၀၀၀ ဒဏ်ရိုက်မယ်လို့ အုပ်ချုပ်ရေးမှူး ငပိန်ကပြောသေးတာ။ အစည်းအဝေးမှာ ကျေးရွာတစ်အုပ်စုကို ၃ ယောက်နှုန်း မီးရထားကင်းစောင့်ဖို့ ပြောထား တော့ အဲ့ သွားစောင့်မယ့် လူတစ်ယောက်ကို ၆ သိန်းနှုန်း၊ သုံးယောက်ဆိုတော့ ၁၈ သိန်းကျမယ်ဆိုပြီး တစ်အိမ်ထောင်ကို ကင်းကြေး ၃,၀၀၀ ကောက်တယ် ” ဟုဆိုသည်။

လူဦးရေ ၂ သိန်းခွဲကျော်ရှိသည့် ကျောက်တံခါးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၄ အုပ်စုရှိပြီး ကျေးရွာ အုပ်စု ပေါ်မူတည်ကာ ကင်းကြေးကောက်ခံမှုပုံစံ မတူညီဟု ဒေသခံများထံက သိရသည်။

အခြားကျေးရွာအုပ်စုများတွင် တစ်အိမ်ထောင်လျှင် ကင်းကြေး ၃၀၀၀ကျပ် ကောက်ခံမှုရှိနေပြီး ဖဒိုကျေးရွာအုပ် စုတွင်မူကင်းကြေး တစ်အိမ်ထောင်လျှင် ၁၀,၀၀၀ ကျပ် ကောက်ခံနေသည်ဟု ဒေသခံများထံက သိရသည်။

ကျောက်တံခါးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေနှင့်ထိစပ်နေပြီး ဒေသအတွင်းရှိ စစ်ကောင်စီတပ်များနှင့် ကာကွယ်ရေးတပ်များကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် မန္တလေး – ရန်ကုန် လူစီးရထား ၁ စင်း ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာကြားတွင် မိုင်းဆွဲခံခဲ့ရပြီး ရထားစက်ခေါင်းနှင့် လူစီးတွဲ ၃ တွဲ လမ်း ချော်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရှမ်းမြောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို မြန်မာစစ်တပ်က အကာအကွယ်ပေးခဲ့
Next Article စစ်တွေတွင် နှစ်လအတွင်း အရပ်သား ၂၀၀ ခန့် စစ်တပ်ဖမ်းဆီး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.