သံလွင်ခက် မေ ၂၆ ၊ ၂၀၂၃ ။ မကွေးတိုင်း၊ဂန့်ဂေါ်မြို့နယ်ရှိ တောင်ခင်ရန်းရဲစခန်းကို မဟာမိတ်တပ်များပူးပေါင်း၍ လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်ခဲ့သည်ဟု Nothern ABSDF က ယနေ့တွင်ထုတ်ပြန်ထားသည်။ အဆိုပါ ရဲစခန်းတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိုင်ချနေသည့်အပြင် ပျူစောထီးများလည်း ဝင်ထွက်သွားလာလျက်ရှိနေရာ မေလ၂၅ ရက်နေ့ ညပိုင်းအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုရဲစခန်းကို ကျောင်းသားတပ်မတော် ABSDF Column…