ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်၊ ဟန်ဒုံးရှိ အိမ်ကြီးတစ်လုံးကို ဝင်ရောက်စီးနင်းရာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဖမ်းမိခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ကောလ်စင်တာ ခေါ် ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ၁၇ ဦးကို ဖမ်းဆီးမိရာတွင် တရုတ်နိုင်ငံသား ၁၅ ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
၎င်းတို့နှင့်အတူ ကွန်ပျူတာ ၁၀ လုံးနှင့် မိုဘိုင်းဖုန်း ၂၆ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟုလည်း သိရသည်။
အဆိုပါအဖွဲ့သည် ချင်းမိုင်ပြည်နယ်၊ ဟန်းဒုံးခရိုင်၊ ဘန့်ဟွန်မြို့နယ်ခွဲ၊ ရပ်ကွက် ၁၃ ရှိ ဇိမ်ခံအိမ်တစ်လုံးကို ငှားရမ်း၍ လိမ်လည်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
နည်းပညာရာဇ၀တ်မှုနှိမ်နင်းရေးဌာနချုပ်မှ အရာရှိများ၊ အမှတ် ၅ ဒေသရဲတပ်ဖွဲ့၊ အထူးကိရိယာနှင့် ထောက်လှမ်းရေးခွဲခြမ်းစိတ်ဖြာရေးဌာနခွဲ၊ အမှတ် ၅ ဒေသရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တရုတ် Call Center လိမ်လည်မှုကွန်ရက်ကို ပစ်မှတ်ထားကာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီရမိသည့် အဆိုပါလုပ်ငန်းတွင် ပါဝင်ပတ်သက်သော အခြား သံသယရှိသူများနှင့် ဆက်စပ်ပုဂ္ဂိုလ်များကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။