ပျောက်ဆုံးနေသော စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးအား ဖားဆောင်းမြို့အနောက်ဘက်ခြမ်းတွင် ပျက်ကျသည့်အနေအထားဖြင့် တွေ့ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သံလွင်ခက်ကိုပြောသည်။ “ဖားဆောင်းအနောက်ဘက်မှာကျသွားတယ်ဆိုတဲ့သတင်းတော့ကျွန်တော်တို့ရထားတယ်။စစ်ကောင်စီကလည်း ဒီဘက်မှာပျောက်တယ်ဆိုတာပြောထားသလို တချို့တော်လှန်ရေးအဖွဲ့တွေလည်းပြောလာတာရှိတော့ အတည်ပြုလို့ရပါတယ်” ဟု သံလွင်ခက်သတင်းဌာနသို့ ပြောသည်။
စစ်ကောင်စီ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ဇူလိုင် ၁ ရက်နေ့ ညအချိန် ပျံသန်းစဉ်အတွင်း နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် စက်ချွို့ယွင်းခြင်း သို့မဟုတ် ရုတ်တရက် ရာသီဥတုဆိုးရွားမှု ကြောင့် ရေဒါပျောက်ကာ ဆက်သွယ်၍ မရတော့ကြောင်း ယမန်နေ့က စစ်တပ်ပိုင်မီဒီယာများ၌ ထုတ်ပြန်ထားသည်။
ပျောက်ဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဟာ ဖားဆောင်းမြို့အနီးမှာ ကရင်နီစစ်သည်များ၏ လက်ချက်ကြောင့်ဖြစ်သည်ဟုလည်း ကရင်နီအမျိုးသားကာကွယ်ရေး-KNDF ဒုစစ်ဦးချုပ်မာဝီက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားသည်။ ကရင်နီအမျိုးသားကာကွယ်ရေး-KNDFရဲ့ ဒုစစ်ဦးစီးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်”အသိပေးရမှာ သေချာပြီမလို့ အသိပေးလိုက်သည်။
ငှက်တစ်ကင် တပ်ရင်းတစ်ရင်း ကရင်နီမှာဖြစ်သည်။ ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်သည်” လို့ ဓာတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။”ဟု အတည်ပြုရေးသားထားသည်။ ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်အတွင်းမှာ ပျက်ကျတဲ့တိုက်လေယာဉ်သည် တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား ဖြစ်သည်ဟုလည်းသိရှိရသည်။
လက်ရှိတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဖားဆောင်းမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ ၁၃၄ ၊ ၁၃၅ တပ်ရင်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီမှ လေယာဉ်ပစ်ကူများလုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် ရှမ်း – တောင် ကရင်နီနယ်စပ် မိုးဗြဲမြို့အား တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီတပ်ထံ မြို့၏ ၉၀ရာခိုင်နှုန်အားပြန်လည်လက်လွှတ်ခဲ့ရပေမဲ့ ဖားဆောင်းတိုက်ပွဲတွင် အသာစီးရထားသည်ဟုလည်း သိရှိရသည်။
ဓာတ်ပုံ- TNISO
#တိုက်လေယာဉ် #ပျောက်ဆုံး #ဖားဆောင်း #karenni #ThanLwinKhetNews