သံလွင်ခက်
မေ ၂၄ ၊ ၂၀၂၃ ။
ကေအဲန်ယူတပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်း လာရောက်လှုပ်ရှားစခန်းချပြီး ဆက်ကြေးတောင်းနေသည့် BGF တပ်စခန်းအား KNLA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု တပ်မဟာ ၅ မူတြော်သတင်းက ယနေ့တွင်ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်) ကေအဲန်ယူတပ်မဟာ၅ ထိန်းချုပ်နယ်မြေ ကတဲတိနှင့်ထီးကဆောမဲကြားတွင်စခန်းချဆက်ကြေးတောင်းယူနေသည့် BGFစခန်းအား KNLA-အမှတ်(၅)တပ်မဟာလက်အောက်ရှိတပ်ရင်း(၁၀၂)နှင့်တပ်ခွဲများစုပေါင်း၍ မေလ ၂၀ ရက်၊ ညနေ ၃နာရီခွဲတွင် စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း၌ GBFတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး ထိုသေဆုံးမှုအထဲတွင် BGFတပ်ခွဲမှူးစောဘာယိုပါဝင်ပြီး ၎င်းတို့ပိုင်သည့်ကားတစ်စီးအားလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု သိရသည်။
မေလ၁၉ရက်၊ နံနက် ၁၀:၄၀ နာရီအချိန်တွင် BGF-1013တပ်ရင်းမှူးမောင်လှကြိုင်၏အမိန့်ပေးစေခိုင်းချက်အရ ဖိုဃဲထာကျေးရွာအတွင်းသို့ BGFတပ်ဖွဲ့ဝင်များက အမြောက်ကျည်ဖူးများပစ်ချခဲ့ရာ အသက်၂၁နှစ်အရွယ် စောကျော်ခူ၏ညာဖက်ညို့သကြီးနှင့်ညာဖက်နို့အုံအားထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်၂လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင်များသည် KNU-မူတြော်ခရိုင်အုပ်ချုပ်ရေးဒေသတွင်လာရောက်လှုပ်ရှားစခန်းချထားပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအားနေ့စဉ်နှင့်အမျှခိုးဆိုးလုယူစားသောက်ကာ အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်လျှက်ရှိသည်ဟု မူတြော်သတင်းကဖော်ပြထားသည်။
ထို့ကြောင့် KNLA-ကရင်အမျိုးသားတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများသည်စစ်ကောင်စီတပ်နှင့်BGFတပ်များကိုတိုက်ခိုက်လျက်ရှိနေရာ နေ့စဉ်နီပါးတိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။
ပုံစာ-BGF စခန်းပိုင် ကားတစ်စီးအားမီးရှို့ဖျက်ဆီးထားမှု။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1171
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4533
Website ->https://eng.thanlwinkhet.net