သစ်သစ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ သုံးရွာမှ စစ်ဘေးရှောင်နေသည့်ဒေသခံများ အခြေခံ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ စစ်ရှောင်ကူညီသူအမျိုးသမီး တစ်ဦးက “အဓိက အခြေခံစားနပ်ရိက္ခာ လိုအပ်တာပေါ့။ ခြင်လိမ်ဆေးတွေလည်း လိုတယ်။ မိုးရာသီလည်းဖြစ်တော့ ငှက်ဖျားဖြစ်မှာစိုးရိမ်ရတယ်” ဟု ပြောသည်။ ထို့အပြင်…