ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထီကပလယ်စခန်းကို ၂၈ နှစ်ကြာပြီးနောက် ယမန်နေ့ ဇွန် ၂၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ထုတ်ပြန်သည်။
KNU သည် မာနယ်ပလောဌာနချုပ်မှ ဆုတ်ခွာခဲ့ပြီးနောက် ၁၉၉၅ ခုနှစ် မေလတွင် ထီကပလယ်စခန်းကို ဌာနချုပ်အသစ်တည်ဆောက်ခဲ့သော်လည်း နှစ်နှစ်မပြည့်မီအချိန် ၁၉၉၇ ခုနှစ်တွင် စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
သို့သော် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များမှ ၂၈ နှစ်အကြာတွင် ပြည်လည်သိမ်းယူနိုင်ခဲ့သည်။
လက်ရှိတွင် ထိုင်းမြန်မာနယ်စပ်တလျောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မေ ၂၃ ရက်မှ ၃၀ ရက်အတွင်း ဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် (ဝါးမီးထ)၊ မော်ခီး၊ ဘုရင့်နောင်တပ်စခန်းနှင့် ဇွန်လ ၃ ရက်တွင် သေ့ဘောဘိုးစခန်းတို့ကို သိမ်းပိုက်ရရှိထားသည်။
လက်ရှိတွင် နယ်စပ်တလျှောက်တွင် ဥကရစ်ထ၊ ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ်စစ်တပ်စခန်းတို့သာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။