• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
တိုက်ပွဲသတင်း

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

thanlwinkhetBy thanlwinkhetJune 20, 2025No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် အရေးပါသော အာဆီယံလမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ယမန်နေ့ ဇွန် ၁၉ ရက်တွင် သိမ်းပိုက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီစခန်းသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အနောက်ဘက် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး မုံရွာ-ဂန့်ဂေါ-တမူး-အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော အာရှကုန်သွယ်ရေးလမ်းမကြီးဘေး၌ တည်ရှိသည်။
ထို့အပြင် ကန့်ဒေါင့်ရဲစခန်း၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်တွင် စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) နှင့် အနောက်တောင်ဘက် ၃၅ မိုင်ခန့်တွင် ကပစ-၂၄ တည်ရှိသောကြောင့် စစ်ရေးမဟာဗျူအရ အရေးပါသည်ဟု PLA ကထုတ်ပြန်ထားသည်။
ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့နယ်တွင် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံးရဲစခန်းတစ်ခုလည်းဖြစ်သည်။
စစ်ကောင်စီစခန်းကို PLA မှ ဦးဆောင်၍ ယခုလ ၂ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ပတ်ကျော်အကြာတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်းမှ စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရရှိခဲ့သည်ဟု PLA ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က သံလွင်ခက်ကို ပြောသည်။
“သူတို့ အဲဒီထဲမှာ (ကန့်ဒေါင့်ရဲစခန်း) မှာ သေတာတွေလည်းအများကြီးပဲ။ နောက်ထပ်တော့ မသိရသေးဘူး။ သူတို့ ဆုတ်ပြီးတော့ ထွက်ပြေးသွားတာတွေလည်းရှိတယ်။ အဲဒါတွေကတော့ အင်မထီးဘက်က ပျူရွာဘက်က စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ပေါင်းသွားတာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စခန်းမကျဆုံးရေးအတွက် လေကြောင်းမှတဆင့် Mi-35 လေကြောင်းပစ်ကူပေးခဲ့သလို၊ Y-12 ဗုံးကြဲလေယာဉ်များဖြင့် ဗုံးပေါင်းအလုံးရေ ၂၀၀ ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု PLA က ထုတ်ပြန်ပြောဆိုထားသည်။
“၆ နာရီ မိနစ် ၄၀ စခန်းသိမ်းပြီးတော့ ရဲစခန်းထဲကို ဗုံးတွေ ကြဲထားတာရှိတယ်၊ အဲဒီနားတဝိုက် ဗုံးကြဲချ နေရာအတိအကျတော့မသိဘူး။ တနေကုန်တော့ ဗုံးတွေ ကြဲချနေတာရှိတယ်” ဟု ရဲဘော်နီနီကျော်က ပြောသည်။
ဇွန်လ ၁၀ ရက်တွင် စစ်ကောင်စီမှ လေကြောင်းပစ်ကူပေးရန် လာသော F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစ်စီးကို PLA မှ ပစ်ချခဲ့သည်။
တိုက်ပွဲအတွင်း၌ စစ်ကောင်စီမှ လေကြောင်းပစ်ကူများနှင့်အပြင်းအထန် ခုခံခဲ့သလို ကန့်ဒေါင့်ကျေးရွာနှင့် သုံးမိုင်ခန့်အကွာရှိ စစ်ကောင်စီ ပျူစောထီးတပ်များ တပ်စွဲထားသော အင်မထီးကျေးရွာမှတဆင့် Mi-17 ရဟတ်ယာဉ်ဖြင့် ၇ ကြိမ်ထက်မနည်း မြေပြင်စစ်ကူ ပေးပို့ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။
အဆိုပါစစ်ကူစစ်ကြောင်းများကို PLA နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု PLA မှ ထုတ်ပြန်ထားသည်။
တိုက်ပွဲတွင် PLA မှ ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု PLA မှ ထုတ်ပြန်ပြောဆိုထားသည်။
ပုံစာ- ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် PLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-PLA)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို
Next Article တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
thanlwinkhet
  • Website

Related Posts

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.