လှည်းကူးတွင် ယနေ့နံနက်ပိုင်း၌ တွေ့ရှိရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများပေါ်၌ ဒဏ်ရာများတွေ့ရှိရပြီး အသတ်ခံရသည့်အခြေအနေဖြစ်သည်ဟု ရိုဟင်ဂျာအရေးကူညီပေးနေသူ ရိုနေဆန်းလွင်က သံလွင်ခက်ကိုပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စု တပင်ရွှေထီးလမ်းမပေါ်တွင် စွန့်ပစ်ထားသည့် ရိုဟင်ဂျာ ၁၃ ဦး၏အလောင်းများကို ဒေသခံများက ယနေ့ဒီဇင်ဘာလ ၅ရက်၊ နံနက် ၈နာရီခန့်တွင် တွေ့ရှိခဲ့သည်။…