နန်းဆုပန်ခန့် ဇန်နဝါရီ ၄ ၊ ၂၀၂၄။ ရန်ကုန်မြို့မှ မြဝတီမြို့သို့သွားရာလမ်းတလျှောက်တွင် စစ်ကောင်စီဂိတ်များက မှတ်ပုံတင်ကို ဦးစားပေးစစ်ဆေးနေသည်ဟု ကားသမားများထံက သိရသည်။ ရန်ကုန်မြို့မှ မြဝတီမြို့သို့သွားရာတွင် ဒေါနတောင်ပတ်လမ်းဖြစ်သော အာရှလမ်းမအပြင် ဒေါနတောင်ကျော် ကားလမ်းဟောင်းနှင့် ထို့ကော်ကိုးကားလမ်းတို့ကို အသုံးပြုကြရလေ့ရှိသည်။ ကော့ကရိတ်တိုက်ပွဲမဖြစ်ခင်ကာလအတွင်း ဒေါနတောင်ပတ်လမ်းဖြစ်သော အာရှလမ်းကသွားလေ့ရှိသော်လည်း ကော့ကရိတ်တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ ယင်းလမ်းကိုအသုံးမပြုနိုင်သေးသောကြောင့် ထို့ကော်ကိုးလမ်းက…