• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ရေသေအိုင်ကိုလှုပ်ခတ်ခဲ့တဲ့ နွေဦးတော်လှန်ရေး
ဆောင်းပါး

ရေသေအိုင်ကိုလှုပ်ခတ်ခဲ့တဲ့ နွေဦးတော်လှန်ရေး

thanlwinkhetBy thanlwinkhetJanuary 2, 2024No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရေသေအိုင်ကိုလှုပ်ခတ်ခဲ့တဲ့ နွေဦးတော်လှန်ရေး
***************************
(အနှစ်ချုပ်သုံးသပ်ချက်ဆောင်းပါး)

ဘုန်းမောင်
ဇန်နဝါရီ ၂ ၊ ၂၀၂၄။

ရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ်ကိုဖြုတ်ချပြီးအကြမ်းဖက်စစ်တပ်ကနိုင်ငံတော်အာဏာကိုမတရားသိမ်းယူ ခဲ့တာ ၃
နှစ်နီးပါးကာလသို့ရောက်ရှိလာခဲ့ပေပြီ။ နိုင်ငံတစ်နိုင်ငံ၏မျိုးဆက်သစ်လူငယ်များအပေါ် မည်သည့်စစ်ရေးသိမ်းပိုက်မှုမျိုးများဖြင့်မဆို အာဏာရှင်များသိမ်းပိုက်နိုင်စွမ်းမရှိကြောင်းမြန်မာနိုင်ငံကသက်သေပြနေသည်။ ပြီးခဲ့သော ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစပြီး
နိုင်ငံတစ်ဝန်းမကြုံစဖူးသောဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။အာဏာသိမ်းယူမှုကိုပြန်လည်ခုခံရန်အတွက် လူငယ်များဦးဆောင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM က စတင်၍စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသပိတ်မှောက်သည့်လှုပ်ရှားမှုများပေါ်ပေါက်လာခဲ့သည်။

လူငယ်များဦးဆောင်မှုအောက်တွင် စားသုံးသူမိဘပြည်သူများနှင့်ဝန်ထမ်းများပါဝင်ပူးပေါင်းခဲ့ကြသည်။ ဤအဖြစ်အပျက်များက ယခင်ကကြုံခဲ့ဖူးသောမြန်မာ့ဒီမိုကရေစီအရေးဆန္ဒပြပွဲများတွင် မတွေ့ခဲ့ရဖူးသည့် ဖြစ်ရပ် များလည်းဖြစ်သည်။ ထို့ကြောင့်၂၀၂၁ ခုနှစ်က ခေတ်တစ်ခေတ်၏အဆုံးသတ် ဖြစ်ပြီး အသစ်တစ်ခု၏အစလည်း ဖြစ်ပေတော့သည်။ထိုခေတ်သစ်၏ပုံသဏ္ဍာန်ကိုဖြတ်သန်းနေရသော နေ့ရက်တိုင်းတွင်ပါဝင်ပြီး နောက်ထပ်အခန်းသစ်တစ်ခုကိုရေးသားနေကြသူများအပေါ် မြန်မာနိုင်ငံရှိ မိဘပြည်သူများလည်းစောင့်ကြည့်နေကြဆဲသာ ဖြစ်သည်။

ထူးခြားအရေးပါသော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကိုနားလည်နိုင်ရန် ၈၈၈၈အရေးတော်ပုံဟုအမည်ပေးထား သော နောက်ထပ်လူထုဆန္ဒပြပွဲကိုခြေရာခံဖို့လိုသည်။ ၎င်းကအစ၏အစဖြစ်ပြီး ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ လမ်းပေါ်ထွက်ဆန္ဒပြမှုကိုစစ်တပ်ကအကြမ်းဖက်ဖြိုခွဲခဲ့သည့်နေ့ရက်ဖြစ်သည်။ ၈၈၈၈ အရေးတော်ပုံသည် မြန်မာနိုင်ငံကိုဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်နေဝင်း ခေတ်၏ အဆုံးပိုင်းကာလများဖြစ်သည်။၈၈၈၈ အရေး တော်ပုံအပြီးမှာတော့ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် ဆက်လက်တည်မြဲခဲ့သည်။အစပိုင်းမှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အမည်ဖြင့်စစ်အာဏာရှင်များက လူအစုံလိုက်အပြုံအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုများကျူးလွန်ခဲ့ပြီး ၁၉၉၇ခုနှစ်မှာတော့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) အမည်ပြောင်းလဲခဲ့သည်။

အလှပြအခေါ်ကောင်းရုံသက်သက် နာမည်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ထားသော်လည်းပြောင်းလဲမှုအနည်းငယ် တော့ရှိခဲ့ပါသည်။ ၂၀၀၀ ခုနှစ်များအစောပိုင်းတွင် နိုင်ငံတော်အာဏာကိုဗိုလ်ချုပ်မှူးကြီး သန်းရွှေက ချုပ်ကိုင်ထားပြီး စစ်အာဏာရှင်စနစ်ဆက်လက်ကြီးစိုးနေမှုများကိုပြသခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် အခြားသောအမျိုးသားရွေးကောက်ပွဲ ၃ကြိမ်အပြီး တိုင်အောင်ပင် စစ်တပ်ကနိုင်ငံရေးတွင်အမြဲပါဝင်နေခဲ့သည်။ ထို့ကြောင့်လည်း
ငြိမ်းချမ်းသောဒီမိုကရေစီအသွင်ကူး ပြောင်းမှုမျှော်လင့်ချက်များကိုအပြည့်အဝအကောင်အထည်မဖော်နိုင်ခဲ့ပေ။

သို့သော်လည်း ဗိုလ်ချုပ်နေဝင်း လက်ထက်ကကဲ့သို့ ၁၉၈၈ လွန်ကာလများကို စစ်အာဏာရှင်များစိတ်တိုင်းကျ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ခဲ့ခြင်း မရှိတော့ပါ။ ၎င်းတို့အစား ၁၉၈၈ မှ ၂၀၂၁ ကာလများကိုအတိုက်အခံခေါင်းဆောင်ကသာ သတ်မှတ်နိုင်ခဲ့ပါသည်။ ၁၉၈၈ လွန်နှစ်များ၏
သမိုင်းကိုရေးသားကြသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ခေတ် ဟု လူသိများလာခဲ့သည်။နေအိမ်အကျယ်ချုပ်ခံနေရစဥ်ကာလအတွင်း သူမထံက “ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အတွက်အကြမ်းမဖက်မှုဝါဒ” ရရှိခဲ့ပြီး သူမဦးဆောင်သော NLD ပါတီက ၁၉၉၀ ၊ ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ရိုဟင်ဂျာများအပေါ်အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသော ကာလများမှာတော့ နှိပ်စက်ညှဥ်းပမ်းမှုများနှင့်ညှိနှိုင်းမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ရေငုံနှုတ်ပိတ် နေခဲ့သည်။ ဤကာလများတွင်ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဒီမိုကရေစီကို အခြားနည်းလမ်းဖြင့် ပုံဖော်ခဲ့သည်။

စစ်တပ်ဦးဆောင်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာဘာတွေဆက်ဖြစ်လာမလဲ? ဆိုတာ ကြိုတင်နိမိတ်ဖတ်ထားခြင်းမရှိခဲ့ပါ။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLDပါတီက သောင်ပြိုကမ်းပြိုအနိုင်ရပြီး နောက်မှာတော့ ရွေးကောက်ပွဲရလဒ်အငြင်းပွားမှုများကိုစစ်တပ်ကစတင်အုတ်မြစ်ချခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း စစ်တပ်ကဘယ်တုန်းကမျှအသိအမှတ်ပြုခဲ့ခြင်းမရှိသလိုပင် ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ပြည်သူရွေးကောက်တင်မြှောက်ထားသောကိုယ်စားလှယ်များကိုနေရာမပေးဖို့ စစ်တပ်ကကြံရွယ်ထားခဲ့သည်။၂၀၂၀ နှောင်းပိုင်းနှင့် ၂၀၂၁ အစောပိုင်းကာလများတလျှောက်လုံး စစ်တပ်ကမဲမသမာမှုများကိုသာတောက်လျှောက်စွပ် စွဲခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းရန်ကြိုးပမ်းနေသောကာလများပတ်လုံး အမေရိကန်အပါအဝင် နိုင်ငံ အများအပြားကအာဏာမသိမ်းဖို့စစ်တပ်ကိုသတိပေးခဲ့သေးသည်။ ယင်းသတိပေးချက်များကြားကပင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နှင့် အခြားသော NLD ပါတီဝင်တို့ကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့သည်။၎င်းတို့ကိုယ် တိုင်စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်စွာပင်

အရေးပေါ်အခြေအနေကြေ ညာခြင်း နှင့် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီထံသို့ လွှဲပြောင်းပေးအပ်ကြောင်း နိုင်ငံပိုင်ရုပ်သံကထုတ်လွှင့်ကြေညာခဲ့သည်။

အာဏာသိမ်းကာလများကိုပြန်လည့်ကြည့်ပါက လူပေါင်း ၄၃၀၀ နီးပါးအသက်ဆုံးရှုံးခဲ့ရပြီးမရေမတွက်နိုင်သော ဖမ်းဆီးမှုများနှင့် လူပေါင်းများစွာအိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ ယခင်ခေတ်များကဲ့သို့ပင်ပြည်သူများ၏လွတ်လပ်ခွင့်များ ကိုဖိနှိပ်ခြင်း ၊ အကြမ်းဖက်ခြင်းများအပါအဝင်အာဏာကိုဆက်လက်ထိန်းသိမ်းဖို့ စိတ်ထင်သလိုဆောင်ရွက်ခဲ့ သည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းကမျိုးဆက်သစ်လူငယ်များဦးဆောင်နေသော အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ခုခံနိုင်ရန်ဖြစ်သည်။၎င်းလူငယ်များသည် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း မြန်မာ့ဒီမိုကရေစီလိုလားသူများဖြစ်ကြ သည်။ပြီးခဲ့သော ၂၀၂၁ ခုနှစ်က ခေတ်တစ်ခု၏အဆုံးသတ်ဖြစ်သည်သာမက အသစ်တစ်ခုပေါ်ထွန်းလာမှုကိုအချက်ပြလိုက်သည့်အတွက်ကြောင့် ကွဲပြားခြားနားပြီးထူးခြားသောနှစ်ဟုဆိုနိုင်သည်။

ခေတ်သစ်တစ်ခုစတင်ခြင်း
************************

(၁) အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM
************************************

၂၀၂၁ ခုနှစ်၏ဇာတ်လမ်းအစကို CDM ကစတင်ရပေလိမ့်မည်။ ၎င်းက ၁၉၈၈တွင်မမွေးဖွားသေးသောမျိုးဆက်သစ် များကိုကိုယ်စားပြုသည့် ရေသေအိုင်ကိုလှုပ်ခတ်စေခဲ့သော CDMလှုပ်ရှားမှုဖြစ်သည်။ လူငယ်များ ၊ အမျိုးသမီးများ ဦးဆောင်လှုပ်ရှားခဲ့သောလူထုအခြေပြုလှုပ်ရှားမှုများ ၊ အလုပ်ရပ်နားမှုများ နှင့် စစ်တပ်ပိုင်ကုန်ပစ္စည်းများကိုသပိတ်မှောက်ခြင်းများဖြင့် အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့သည်။ ဤအပြောင်းအလဲကမျိုးဆက်အပြောင်းအလဲဖြစ် သည်သာမကနိုင်ငံရေးလှုပ်ရှားမှုများကိုယ်စားပြုမှုဆိုင်ရာအပြောင်းအလဲတစ်ခုအဖြစ် အဓိပ္ပါယ်ဆောင်ပါသည်။

မြန်မာနိုင်ငံ၏အဓိကလူမျိုးစုဖြစ်သော ဗမာလူမျိုးများက ဤလှုပ်ရှားမှုများတွင်ပါဝင်ခဲ့ကြပြီးအရှိန်ထပ်မံမြှင့်တင် ပေးခဲ့သည်။ ဥပမာအားဖြင့် သမိုင်းကြောင်းအရ အပယ်ခံလူမျိုးစုများသည်မြန်မာနိုင်ငံအတွက်ခြိမ်းခြောက်မှုဖြစ် သည်ဟု စစ်တပ်ကနှစ်ပေါင်းများစွာသတင်းမှားပေးခဲ့သမျှကိုပြန်ပြီးမေးခွန်းထုတ်စေခဲ့သည်။ ကြာမြင့်စွာကတည်း ကပင် မြန်မာနိုင်ငံကိုခွဲခြားအုပ်ချုပ်ခြင်းများဖြင့်ကွဲပြားခြားနားစေခဲ့သော်လည်း CDM က မတူကွဲပြားမှုများကိုခွန်အားတစ်ခုအဖြစ်တည်ဆောက်နိုင်ခဲ့သောကြောင့်အသစ်အဆန်းတစ်ခုနှင့်ထူးခြားသည့်အရာတစ်ခုကိုကိုယ်စားပြု ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ
**************************

၂၀၂၁ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၏ပထမဆုံးသောစည်းလုံးညီညွတ်မှုကိုကိုယ်စားပြုသည်အမျိုးသားညီညွတ် ရေးအစိုးရ NUG ကိုဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းတွင် NLD ၊တိုင်းရင်းသားလူနည်းစုများနှင့် အခြားလူနည်းစုပါတီက ပါဝင်ခဲ့ပြီး အစိုးရတစ်ရပ်ဖွဲ့စည်းပုံအောက်တွင်အောက်ခြေ CDM များစည်းရုံးမှုဖြင့် ဗမာအသိုက်အဝန်းနှင့် တိုင်းရင်းသား လူမျိုးများအကြားပေါင်းကူးတံတားဖြစ်လာခဲ့သည်။ NUG ၏ ထူးခြားမှုမှာ ဗမာကြီးစိုးသော NLD ဖြင့်ရာနှုန်းပြည့်ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ လူနည်းစုတိုင်းရင်းသားများဖြင့်လည်းဖွဲ့စည်းထားသောကြောင့်ပုံစံ သစ်တစ်ခု၏သင်္ကေတဖြစ်လာခဲ့သည်။

စည်းလုံးညီညွတ်မှုအတိမ်အနက်နှင့်ပတ်သက်ပြီး မေးခွန်းများရှိနိုင်ပါသည်။ သို့သော်ယင်းတိုးတက်မှုကမြန်မာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်ပထမဆုံးအမှတ်အသားဖြစ်ပြီးခေတ်သစ်တစ်ခုကိုအရင်ခေတ်နှင့်နှိုင်းယှဥ်ဖွင့်ဆို ရာတွင် ကွဲပြားသောဝေါဟာရများဖြင့်အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေလိမ့်မည်။ ၁၉၉၀ အလွန် ဤရာစုနှစ်၏ ပထမဆယ်စု နှစ် ၂ ခုအတွင်း စစ်တပ် ၊NLD ၊ တိုင်းရင်းသားများအကြား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်တောင်းဆိုမှုများ ရှိခဲ့ သော်လည်း NLDအနေဖြင့် ၎င်းအစိုးရဖြစ်နေချိန်ကာလများအတွင်း တိုင်းရင်းသားများနှင့်ပေါင်းစည်းခြင်းမျိုး သို့မဟုတ်အခြားတရားဝင်မဟာမိတ်ဖွဲ့ခြင်းမျိုး မည့်သည့်အခါကမျှမပြုလုပ်ခဲ့ပေ။

ပြင်းထန်သောလူ့အခွင့်အရေးချိုးဖော်မှုများခံခဲ့ရသော ရိုဟင်ဂျာအကြပ်အတည်းက NLDကိုအယုံအကြည်ကင်းမဲ့ စေခဲ့သည်။ သို့သော်လည်း လွန်ခဲ့သောနှစ်မှာတော့ပြောင်းလဲမှုလက္ခဏာများရှိခဲ့သည်။ NUG အစိုးရအဖွဲ့ကဝန်ကြီး တစ်ဦးကရိုဟင်ဂျာများအပေါ်ဖိနှိပ်ခဲ့မှုများနှင့်ပတ်သက်ပြီး တာဝန်ယူရန် ပျက်ကွက်ခဲ့သော အစိုးရအခန်းကဏ္ဍများအတွက် လူသိရှင်ကြား တရားဝင်တောင်းပန်ကြောင်းထုတ်ပြန်ခဲ့ပြီးရိုဟင်ဂျာများအပေါ်လူ့အခွင့်အရေး ချိုးဖောက် မှုများအဆုံးသတ်ကာ၎င်းတို့နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်သော မူဝါဒအသစ်ကို NUG က ထုတ်ပြန်ခဲ့ သည်။အတိတ်ကအတွေ့အကြုံများအရ အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်နိုင်စွမ်းရှိ၊ မရှိသတိထားရန်လိုအပ်နေဆဲဖြစ်သည်။ သို့သော် ရှင်းလင်းသိသာသည်မှာ NUG သည်ဖြစ်နိုင်ချေရှိသော ခေတ် သစ်နိုင်ငံရေးကို ကိုယ်စားပြုပါသည်။

ခေတ်တစ်ခု၏အဆုံး
******************

NUG ၊ CDM များပေါ်ထွက်လာခြင်းကဲ့သို့ မျိုးဆက်အပြောင်းအလဲက ဒေါ်အောင်ဆန်းစုကြည်နှင့်သူမမျိုးဆက်က အခြားသူများ၏ခေတ်ကုန်ဆုံးခြင်းအစကို အချက်ပြခဲ့သည်။နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၏အထွတ်အထိပ်သင်္ကေတများသည်မြန်မာစစ်တပ်၏လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)တွင်ခုခံကာကွယ်သူအဖြစ်ပြောင်းလဲသွားခဲ့ပြီး ယခုအချိန်နေအိမ်အကျယ်ချုပ်ရောက်ရှိနေသောသူမအပေါ်ခံစားချက်များက လွန်ခဲ့သောနှစ်များအတွင်း ပိုမိုရှုပ်ထွေးလာခဲ့သည်။ သူမ နှင့် ပါတီကိုမြန်မာပြည်သူ များကချစ်မြတ်နိုးကြသော်လည်း အာဏာအခြေခံကထိုလူများကိုကျော်လွန်ပြီးတည်ရှိနေသည်။ အကူးအပြောင်း များကအချိန်ယူရမြဲဖြစ်သော်လည်းသူ့လမ်းကြောင်းအတိုင်းဆက်လက်ချီတက်နေပြီဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအဆုံးသတ်ခြင်း
************************

စစ်တပ်၏ကွပ်ကဲမှုအောက်တွင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကအရပ်သားအုပ်ချုပ်ရေးကိုထိန်း ချုပ်ထားပြီး၎င်းတို့အာဏာတည်မြဲရန်စိတ်တိုင်းကျရေးဆွဲထားသောဥပဒေများဖြစ်သည်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် စစ်တပ်၏ကမောက်ကမလုပ်ရပ်များက ၎င်းတို့ရေးဆွဲထားသည့်အခြေခံဥပဒေကိုကျိုးပျက်စေခဲ့ပြီးဖြစ်သည်။သမ္မတဦးဝင်းမြင့်ကိုရာထူးကဆင်းပေးရန်စစ်တပ်ကကြိုးပမ်းခဲ့သော်လည်း ငြင်းဆန်ခဲ့သောကြောင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ကြေညာခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတရားမဝင်တော့သည့် အတွက် ဖက်ဒရယ်ဒီမိုကရေစီချာတာဟုခေါ်သောအစားထိုးအခြေခံဥပဒေကိုကြေညာချက် နှင့်အတူထုတ်ပြန်ခဲ့ သည်။ မကြာသေးမီးကပင် NUCC ကပဋိညာဥ်စာတမ်းကို နိုင်ငံ၏ယာယီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစာရွက်စာတမ်းအဖြစ်သတ်မှတ်ကြောင်းအတည်ပြုခဲ့သည်။ တိုင်းရင်းသားများ ၊ဘာသာရေးလူနည်းစုများ၏ ဘဝ တိုးတက်ရေးအတွက်တန်းတူညီတူကာကွယ်ပေးမည့်ကတိစကားများကို သံသယများရှိနေကြသော် လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်စဥ်းစားဖို့ကတော့ မဖြစ်နိုင်တော့ပေ။

မအောင်မြင်သောငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၏အဆုံးသတ်နိဂုံး
*****************

လွန်ခဲ့သောဆယ်စုနှစ်များအတွင်း NLD နှင့် စစ်တပ်ကတိုင်းရင်းသားလူနည်းစုဒေသများတွင်ဖြစ်ပွားနေသော ပဋိ ပက္ခအသီးသီးထာဝရငြိမ်းချမ်းရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာသို့တစိုက်မတ်မတ်ပြောကြားခဲ့သည်။စစ်တပ်ကဆယ်စုနှစ်များစွာ ဥပမာ ၂၀၁၆ တွင် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး”သဘောတူညီချက်ကိုကြေ ညာခဲ့သော်လည်း အဓိကလက်နက်ကိုင်အဖွဲ့များမပါဝင်သောကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ လွန်ခဲ့ သောနှစ်များတွင် တိုက်ပွဲများပိုပြီးပြင်းထန်လာခဲ့သည်။

မင်းအောင်လှိုင်အပေါ် အာဆီယံ၏အလှည့်အပြောင်းများ
**********************

အာဏာသိမ်းမြန်မာစစ်တပ်၏လုပ်ရပ်အပေါ်အာဆီယံကလုံလောက်သောတုံ့ပြန်ဆောင်ရွက်မှုများမရှိခဲ့သော ကြောင့် ဝေဖန်ခံခဲ့ရသည်။ဘုံသဘောတူညီချက် ၅ ရပ်ကလည်း တိုးတက်မှုများမရှိခဲ့ပါ။ အာဆီယံဆက်စပ်အစည်းအဝေးများတွင်တော့ မင်းအောင်လှိုင်ကိုအာဆီယံကဖယ်ထုတ်နိုင်ခဲ့သည်။မိမိရှာထားသောပြဿနာများကိုမရှင်း နိုင်သေးဘဲနောက်ထပ်အစည်းအဝေးများသို့တက်ရောက်ခွင့်မပြုထားသော်လည်း အာဆီယံနိုင်ငံများကိုယ်တိုင်ကလက်တွေ့မကျသောနိုင်ငံများ ဖြစ်နေကြသည်။ သို့သော် မင်းအောင်လှိုင်ကို အာဆီယံဆက်စပ်အစည်းအဝေးများ ကဖယ်ထုတ်ခြင်းသည် မကြုံစဖူးသောအလှည့်အပြောင်းဖြစ်သည်။ (အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးမျိုးကိုလည်း မင်းအောင်လှိုင် ကိုတက် ရောက်ခွင့်မပြုဘဲ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင် တက်ရောက်ခွင့်ရရှိခဲ့သည်) အာဆီယံအနေဖြင့်လည်း မြန်မာစစ်တပ်ကိုမျက်စိမှိတ်ထောက်ခံခြင်း မပြုတော့ဘဲရွေးချယ်စရာများအတွက်ဆက်လက်လမ်းဖွင့်ပေးထားကြောင်း အချက်ပြနေသည်။

နိုင်ငံတကာအသိအမှတ်ပြုမှုများ
************************

ကုလသမဂ္ဂတွင်စစ်ကောင်စီကိုနေရာမပေးရန် တရုတ်နှင့်အမေရိကန်အကြားအလွတ်သဘောသဘောတူညီမှု ရရှိ ခဲ့သည်။ ဤအချက်ကပဲနိုင်ငံတကာတွင်တရားဝင်မှုရရှိအောင်ကြိုးပမ်းနေသော စစ်ကောင်စီအရှိုက်ကို ကြီးမားသည့်ထိုးနှက်ချက်ဖြစ်စေခဲ့သည်။

စီးပွားရေးလုပ်ငန်းများထွက်ခွာခြင်း

********************

ခေတ်ဟောင်းကာလများတုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖွင့်လှစ်ခဲ့သောကြောင့် ၁၉၉၀ပြည့်လွန်နှစ်အစော ပိုင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အပါအဝင် နိုင်ငံတကာကကြီးမားသောရင်းနှီးမြှုပ်နှံမှုများမှအကျိုးအမြတ်များ စစ်တပ်ကရရှိခဲ့သည်။ ပြီးခဲ့သောနှစ်များမှာတော့ဆိုးရွားလာသောလူ့အခွင့်အရေးအခြေအနေများကို တုံ့ပြန်သော အားဖြင့် Chevorn နှင့် TotalEnergiesတို့က နှစ်ပေါင်း ၃၀ ကြာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူများအပါအဝင်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအများစြုက နှုတ်ထွက်ကြောင်းကြေညာခဲ့သည်။ Woodside Petroleum နှင့်အခြားကုမ္ပဏီများနှုတ်ထွက်ခဲ့ပြန်သည်။ စီးပွားရေး လုပ်ငန်းစုများ တစ်ချိန်တည်းလိုလိုမြန်မာနိုင်ငံမှထွက်ခွာ ခြင်းသည် ဆယ်စုနှစ်များအတွင်းအကြီးမားဆုံးသောအလှည့်အပြောင်းကြီးတစ်ခုဖြစ်လာခဲ့သည်။

ပဋိပက္ခ သို့မဟုတ် ငြိမ်းချမ်းရေးအတွက်အလားအလာများ
********************
နိုင်ငံတကာတွင် မျက်နှာပန်းမလှဘဲ အလဲလဲအကွဲကွဲဖြစ်နေသော စစ်ကောင်စီကိုအကြီးမားဆုံးထိုးနှက်ချက်က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူစတင်ခဲ့သည့် တော်လှန်ရေးအင်အားများ၏ကြီးမားသောအောင်မြင်မှုများဖြစ်သည်။ ခေတ်သစ်အတွက်ကြီးမားသောတိုးတက်မှုများနှင့်အလားအလာများရှိနေသော်ငြား စစ်ရေးအရပိုမို ပြင်းထန်လာနိုင်ဖွယ်ရှိသဖြင့် ခန့်မှန်းချေအားဖြင့်အရပ်သားများဘက်က ကြေးကြီးကြီးပေးရဖွယ်ရှိသည်။နောက်ထပ် ကြီးမားသောရှုမြင်ချက်တစ်ခုက စစ်တပ် ၊ တိုင်းရင်းသားလက်နက်ကိုင်များ ၊ PDF များနှင့်
NUG တို့သည် စစ်ပွဲကို အနိုင်ရကြမည်မဟုတ်ဘဲရှည်လျားရှုပ်ထွေးသောပဋိပက္ခကိုထပ်တိုးရန်သာဖြစ်သည်ဟူသော ရှုမြင်မှုဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ခေတ်သစ်သို့ဝင်ရောက်လာသည်နှင့်အမျှအရေးကြီးသောမေးခွန်းတစ်ခုကျန်ရှိနေပါသေး သည်။ စစ်တပ်၏ စဥ်ဆက်မပြတ်မတည်ငြိမ်မှုများကိုအပြီးတိုင်အဆုံးသတ်ပေးနိုင်ရန် အာဏာချိန်ခွင်လျှာကို ပြောင်းလဲပေးမည့် ဖြေဆေးကဘယ်မှာနည်း?
နောက်ဆုံး ၇၅ နှစ်အတွင်း မြန်မာ့နိုင်ငံရေးကိုမတည်မငြိမ်ဖြစ်စေ သောအင်အားစုကဗမာစစ်တပ်ဖြစ်သည်။ ရွေးကောက်ပွဲ ၃ ကြိမ်တိုင်တိုင်ကျင်းပခဲ့သော်လည် စစ်မှန်သောအရပ်သားအစိုးရပေါ်ပေါက်လာအောင် စစ်တပ်ကမည်သည့်အခါကမျှအားထုတ်ခဲ့ခြင်းမရှိဘဲ
တိုင်းရင်းသားများနှင့်ငြိမ်း ချမ်းရေးတည်ဆောက်ဖို့ အားထုတ်ခြင်းမရှိခဲ့ပေ။ဤအချက်ကိုစိတ်မှာထားရှိပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးဆီ သို့ပို့ဆောင်နိုင်ရန်ဖြစ်နိုင်ချေရှိသောလမ်းများက အောက်ပါအချက်များဖြစ်သည်။

ပထမအချက်မှာ CDM ကတာရှည်ခံနိုင်မည့်နိုင်ငံရေးမျိုးဆက်လှုပ်ရှားမှုအဖြစ်သို့ပြောင်းလဲနိုင်စွမ်းရှိသည်။ CDM ၏ပင်မတန်ဖိုးနှင့် မြန်မာနိုင်ငံ၏အခြေခံကျသောအပြောင်းအလဲများအတွက် လူငယ်ခေါင်းဆောင်များကဆက်လက်ဆောင်ရွက်ရမည်။

ဒုတိယအချက်မှာ NUG သည်တရားဝင်မှုဆက်လက်ရရှိနေသလိုနိုင်ငံတော်အတိုင်ပင်ခံကောင်စီကဲ့သို့သော အစပျိုးလုပ်ဆောင်မှုများကိုအကောင်အထည်ဖော်ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစနစ်အတွက် လမ်းညွှန်မြေပုံရေးဆွဲရန်ထူထောင်ထားသောအဖွဲ့ဖြစ်သောကြောင့်၎င်းတို့အမည်နှင့်အညီရပ်တည်မည်လား?ဟု မေးခွန်းထုတ်စရာရှိသည်။

အနာဂတ်အတွက်အလားအလာရှိရန်မှာ NUG ၏ဖွဲ့စည်းမှုများက CDM ကိုခေါင်းဆောင်မှုပေးနိုင်ရမည်ဖြစ်ပြီး ကတိပြုထားသော
အနာဂတ်မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်များ ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည်များကို NUG ကတောင်းပန်ခြင်းကဲ့သို့သောလုပ်ဆောင်ချက်များကိုNUG က ဆောင်ရွက်ပြီးဖြစ်သောကြောင့် အခြားလူမျိုးစုများအပေါ်စစ်တပ်ကျူးလွန်ခဲ့သောပြစ်မှုများအတွက် “တရား မျှတမှုနှင့်တာဝန်ခံမှု”ကိုရှာဖွေသွားမည်ဟုကတိပြုခဲ့သည်။

အစိုးရအဆင့်မြင့်တင်ရေးတွင် တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်ရေးဆီသို့ဦးတည်ရွေ့လျားခြင်းက ရေရှည်ခံ ငြိမ်းချမ်းရေးတည်ထောင်ရာတွင် အဓိကသော့ချက်ဖြစ်သည်။သို့သော် NUG အဖွဲ့ဝင်အများစုသည် NLD က လာသည်ဖြစ်၍ လူမျိုးအားလုံးတန်းတူရေးနှင့်စည်းလုံးညီညွတ်ရေးကိုအလေးအနက်မထားပါက NLD နှင့် တိုင်းရင်းသားခေါင်းဆောင်ပိုင်းများကြားအစဥ်အလာယုံကြည်မှုပြတ်တောက်ခြင်းများက တဖန်ပြန်၍ အလွယ်တကူပေါ်ပေါက်လာမည်သာဖြစ်သည်။

တတိယမြောက်အရေးကြီးသောအချက်မှာ စစ်တပ်က၎င်း၏အကြမ်းဖက်လှုပ်ရှားမှုများကိုမည်မျှကြာသည်အထိ ထိန်းထားနိုင်သည်ဖြစ်စေ ဖိအားများအောက်တွင်အက်ကြောင်းများရှိနေပြီးခွဲခြားဆက်ဆံမှုများတစ်ချိန်လုံးရှိနေ သည်ဟု မြေပြင်အနေအထားများအရ သိရှိနေရသည်။အာဏာမသိမ်းခင်တုန်းကတော့ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ထိန်းချုပ်ရန်ဖြစ်သည့်စစ်တပ်၏ဗျူဟာက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့နှင့် ယာယီအပစ် အခတ်ရပ်စဲရေးအဖွဲ့များကိုစစ်တပ်က တစ်လှည့်ဆီတိုက်ခိုက်နေခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ပြီးတစ်ဖွဲ့လှည့်ပတ်တိုက်ခိုက်စေခြင်းဖြစ်သည်။ သို့သော် ယခုအချိန်မှာတော့အပစ်အခတ်ရပ်စဲရေးများ ကျိုးပျက်သွားခဲ့သည်။ လက်ရှိတွင် EAO များနှင့် NUG ၏ PDF များပေါင်းစည်းထားသောနယ်မြေများကို စစ်တပ် ကထိန်းချုပ်နိုင်စွမ်းလျော့ နည်းလာပြီဖြစ်သလိုနယ်မြေဆုံးရှုံးမှုများနှင့်ပါ ရင်ဆိုင်လာရသည်။ စစ်တပ်က ထွက်ခွာ လာကြသူများတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းနေ ကြပြီး ဆက်လက်ပြီးလည်းအရှိန်အဟုန်ကောင်းလာနေသောကြောင့် စစ်တပ်သည်ကြီးမားသောပျက်စီးရကိန်းနှင့် ကြုံနေရသည်။ အရပ်သားများအတွက်အခြေအနေ ပိုကောင်းမလာချိန်မှာတော့ တိုက်ပွဲများပိုမိုဆိုးရွားလာဖွယ်ရှိသည်။ သို့သော်စည်းလုံး ညီညွတ်သော အရပ်သား များနှင့် တပ်ပြေးများကြောင့် ဤလမ်းကြောင်းကစစ်တပ်၏ချုပ်ကိုင်မှုအတွင်းရှိနေသည့် ကြီးမားသော အက် ကြောင်းများကိုမီးမောင်းထိုးပြလျက်ရှိနေသည်။

နောက်ဆုံးအချက်မှာ တရုတ် ၊ အာဆီယံ နှင့် အနောက်နိုင်ငံတို့ကစစ်တပ်ကိုတွန်းလှန်နေသည့်အင်အားစုများနှင့် လိုက်လျောညီထွေဖြစ်ဖို့လိုသည်။ တရုတ်နိုင်ငံကတော့ပြည်တွင်းစစ်ရှောင်ရှားကြပြီး တည်ငြိမ်ဖို့အတွက် အကြိမ်များစွာပြောဆိုခဲ့သည်။နိုင်ငံတွင်းတည်ငြိမ်မှုက ၎င်း၏အကျိုးစီးပွားလည်းဖြစ်သည်။ အာဆီယံကတော့နိုင်ငံရေးပါတီများအားလုံးအကြား နိုင်ငံရေးအဖြေရှာဖို့နှင့်တွေ့ဆုံဆွေးနွေးမှုဆိုင်ရာကဏ္ဍကိုပိုမိုပြောဆိုနိုင်သည်။ အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်မှုများအကြောင်းပိုပြီးပြောကောင်းပြေနိုင်သည်။ သို့သော် ၎င်းတို့၏ အကျိုးစီးပွားက မြန်မာနိုင်ငံတွင်အရပ်သားအုပ်ချုပ်ရေးရှိမှသာ ပိုပြီးအကျိုးများနိုင်ပေလိမ့်မည်။ ထိုကဲ့သို့သောအဖြေမျိုးကသာပဋိပက္ခကိုအဆုံးသတ်ရန် ၊ နိုင်ငံရေးအရကျေနပ်ဖွယ်ရလဒ်ကိုရှာဖွေရန် နှင့် လူအခွင့် အရေး ၊တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်ဆောင်ရွက်နိုင်မှသာ ဒေသတွင်းနှင့်နိုင်ငံတကာအတွက် အကျိုးစီးပွားကိုဖြည့်ဆည်းပေးလိမ့်မည်။

၈၈၈၈ ကဲ့သို့ပင် ၂၀၂၁ ခုနှစ်‌ ဖော်ဖော်ဝါရီ ၁ ရက်ကလည်းသမိုင်းမှတ်တမ်းထဲကျန်နေရစ်နေပေလိမ့်မည်။ မြန်မာ သမိုင်း၏နောက်အခန်းသစ်အတွက်စစ်အာဏာရှင်စနစ်နှင့် ပဋိပက္ခများချုပ်ငြိမ်းစေမည်ဖြစ်သော ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအသွင်ကူးပြောင်းမှုဆီဦးတည်မည်လား? ဆိုသည်ကိုတော့ မဆုံးဖြတ်နိုင်သည်ပေ။ သို့သော်လွန်ခဲ့ သည့်နှစ်အဖြစ်အပျက်များကမြန်မာနိုင်ငံကိုအခြေခံကျသောနည်းလမ်းများဖြင့်ပြန်လည်ပုံဖော်ပေးခဲ့ပြီး စစ်မှန်သောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်မျှော်လင့်ချက်ရောင်ခြည်များသန်းလျက်ရှိနေပါသည်ဟု သုံးသပ်မိပါသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနှစ်သစ်ဆုတောင်း
Next Article အားမတန်ပေမယ့် မာန်မလျှော့တဲ့စစ်ကောင်စီ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.