• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ငြိမ်းချမ်းနယ်မြေကနေ စစ်မက်ဇုန်ဖြစ်သွားတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဆောင်းပါး

ငြိမ်းချမ်းနယ်မြေကနေ စစ်မက်ဇုန်ဖြစ်သွားတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

thanlwinkhetBy thanlwinkhetDecember 16, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဒီဇင်ဘာ ၁၆ ၊ ၂၀၂၃။

မြန်မာနိုင်ငံရှမ်းပြည်နယ်ရဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ – SAZ ဟာ နှစ်ပေါင်းများစွာကြာအောင်ပဲလက်နက် ကိုင်ပဋိပက္ခတွေနဲ့ ကင်းဝေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဓနုဒေသက ပြည်သူတွေကလည်း
စစ်အာဏာရှင်တွေကိုတော်လှန်ဖို့ တစ်စခန်းထလာခဲ့ကြပါတယ်။ ဓနုဒေသပြည်သူတွေရဲ့တော်လှန်ရေးက ရှမ်းပြည်အတွင်းသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးအထိပါအကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။

ဓနုဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေက အရေးပါပေမယ့် နွေဦးတော်လှန်ရေးကာလမှာတော့စစ်ကောင်စီကိုဆန့်ကျင်ဖို့ ပြည်သူတွေနဲ့အတူ လက်တွဲခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးစုပေါင်းစုံနေ ထိုင်ပြီး ပြည်နယ် ၇ ခု တိုင်းဒေသကြီး ၇ နဲ့ ဖွဲ့စည်းထားပါတယ်။တိုင်းရင်းသားပြည်နယ် ၇ မှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုနဲ့ ဗမာအများစုနေထိုင်တဲ့စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁ ခုရှိပါတယ်။ မြန်မာ နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာက သက်ဆိုင်ရာလူမျိုးစုလူဦးရေရဲ့ အဆင့်အတန်းကို အသိ အမှတ်ပြုဖို့အတွက် တိုင်းရင်းသားလူမျိုးတချို့အတွက် ဖန်တီးပေးထားတဲ့နယ်မြေဖြစ်ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အကျယ်အဝန်းအားဖြင့်အကြီးမားဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု ရှိပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး ဓနုလူမျိုးစုနေထိုင်ရာ ဇာတိမြေလည်းဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအနက် ဓနုဒေသက နောက်ဆုံးလက်နက်စွဲကိုင်ခဲ့တဲ့ ဒေသတစ်ခုပါပဲ။ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၆ ခုအနက် ၅ ခုမှာ ကိုယ်ပိုင်တပ်အသီးသီးရှိထားပြီးလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခု နဲ့ သက်ဆိုင်ရာဒေသရဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို အောက်ကဇယားမှာလေ့လာနိုင်ပါတယ်။ (တပ်အင်အားကခန့်မှန်းချက်သာဖြစ်ပါတယ်။ ဖော်ပြထားတဲ့အရေ အတွက်ထက် ပိုများနိုင်ပါတယ်)

မြန်မာနိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ယင်းတို့၏တပ်မတော်များ

 

ဓနုတွေအတွက် လက်နက်တပ်ဆင်ပြီး စစ်ကောင်စီကိုတော်လှန်ဖို့ ဘာကြောင့်အရေးကြီးနေသလဲဆိုတာနဲ့ပတ်သက်ပြီး အကြောင်းရင်းတွေရှိပါတယ်။

ပထမတစ်ချက်က မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ တခြားလူငယ်တွေလိုပဲ ဓနုလူငယ်တွေလည်း ၂၀၂၁ ခုနှစ်ဖေဖော်ဝါ ရီအာဏာသိမ်းမှုမှာ နည်းမျိုးစုံနဲ့ပါဝင်ခဲ့ပါတယ်။ စစ်တပ်က ဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ ငြိမ်းချမ်း တဲ့ဆန္ဒပြပွဲတွေက စစ်အာဏာရှင်တွေကိုဖြုတ်ချဖို့မလုံလောက်နိုင်ဘူးဆိုတာသိတဲ့အတွက် ဓနုလူငယ်တွေက လည်း တခြားမျိုးဆက်သစ်လူငယ်တွေလိုပဲကိုယ်တိုင်လက်နက်တပ်ဆင်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ပါ တယ်။ နောက်ဆုံးမှာ တော့ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကို ဖွဲ့စည်း လိုက်ပါတော့တယ်။

 

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး။ (ဓာတ်ပုံ - သံလွင်ခက်)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး။ (ဓာတ်ပုံ – သံလွင်ခက်)

ပြည်တွင်းသတင်းရင်းမြစ်တွေရဲ့အဆိုအရ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာစစ်ကောင်စီကိုတွန်းလှန်နေကြတဲ့ PDF အဖွဲ့ပေါင်း ၈ ဖွဲ့ထက်မနည်းရှိနေတယ်လို့ သိရပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီ(ကယား) ပြည်နယ်မှာရှိတဲ့ တပ်ဖွဲ့တွေနဲ့ ဓနုဒေသကတပ်ဖွဲ့တွေအတူချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိအချိန်မှာတော့ ဓနုလူမျိုးတွေလည်း အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့အကြပ်အတည်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်ရတဲ့ဒုက္ခတွေကို ကြီးကြီးမားမားခံစားနေရပါတယ်။ဓနုအသိုင်းအဝိုင်းအနေနဲ့ ကာလရှည်ကြာ ငြိမ်းချမ်းရေးအရသာကို ခံစားခဲ့ရပါတယ်။လက်နက်ကိုင်ပဋိပက္ခဒဏ်ကို အရင်တုန်းကမခံစားခဲ့ရပေမယ့် လူမျိုး ရေးအရတင်းမာမှုနဲ့မူးယစ်ဆေးဝါးဒဏ်ကိုတော့ အဓိကခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည်နယ်မှာရှိတဲ့တခြားတိုင်းရင်းသားဒေသတွေနဲ့ ဓနုဒေသအကြား ကွဲပြားမှုတွေရှိခဲ့ပါတယ်။

အရင်ကတည်းက ကိုယ်ပိုင်လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့မရှိခဲ့တဲ့ ဓနုတွေဟာ နိုင်ငံရေးဘက်မှာလည်းအသံထွက် နည်းခဲ့ပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေကြသူတွေကလည်းငြိမ်းချမ်းရေးလုပ်ငန်းစဥ် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ ဖက်ဒရယ်အုပ်ချုပ်ရေး စတဲ့ဆွေးနွေးမှုတွေမှာလည်းစိတ်ဝင်စားမှုနည်းပါးပါတယ်။

မြန်မာ့နိုင်ငံရေးမှာ လက်နက်က အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ကိုယ်ပိုင်လက်နက်ကိုင်တပ်ရင်း တပ်ဖွဲ့မရှိခဲ့တဲ့ ဓနုတွေအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ထက်ထက်သန်သန်စိတ်ပါဝင်စားမှုမရှိတာက ဒီအချက်ကြောင့် လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင်စစ်တပ်ရှိလာချိန်မှာတော့တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်ပါတယ်။

 ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး။ (ဓာတ်ပုံ - သံလွင်ခက်)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး။ (ဓာတ်ပုံ – သံလွင်ခက်)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ဓနုတွေရဲ့သမိုင်းကြောင်းကို အပြောင်းအလဲဖြစ်စေခဲ့တာကတော့ထင်ရှားပါတယ်။ အခုအချိန်မှာတော့ ဓနုတွေက နိုင်ငံရေးအပေါ်စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီးနေ့စဥ်အိပ်ရာဝင်ပုံပြင်အစား နိုင်ငံရေးအကြောင်းတွေ ပြောလာခဲ့ပါတယ်။ အဓိကအချက်ကတော့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြားအဖွဲ့တွေနဲ့ပေါင်းပြီးစစ်ကောင်စီကိုဖြုတ်ချဖို့နဲ့ ဓနုလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ။

ဓနုဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖယ်ရှားနိုင်ဖို့အတွက် စစ်ကောင်စီကပြည်သူ့စစ်တွေဖွဲ့ စည်းခဲ့ပါတယ်။ ရွာအများအပြားမှာလည်း ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် မတည်ငြိမ်မှုတွေ ပိုပြီး ကြီးထွားလာခဲ့ပါတယ်။ ဓနုဒေသမှာရှိတဲ့တော်လှန် ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဆက်ပြီး တုံ့ပြန်နေမယ့်ပုံပေါ်ပါတယ်။ ဓနုလူမျိုးတွေအနေနဲ့ လက်နက်တပ်ဆင်ပြီး အစဥ်အလာသမိုင်းကြောင်းကို ချိုးဖျက်ခဲ့ပါတယ်။ ဒီလိုချိုးဖျက လိုက်တဲ့အတွက် ပြန်ပြီးသက်ရောက်လာမယ့်အကျိုးဆက်ကလည်း ကြီးမားလာဖို့ရှိပါတယ်။ဒါပေမယ့် ရက်စက် ယုတ်မာတဲ့ မြန်မာစစ် အာဏာရှင်တွေကိုဖြုတ်ချပြီးဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ဖို့အတွက် ဆို လက်နက်ကိုင်တော်လှန်ရေးမှတစ်ပါးအခြားအရာမရှိတော့ပါ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်
Next Article ခမ်းပါတ်မြို့ကို စစ်ကြောင်းထိုးလာသည့်စစ်ကြောင်း တပ်ပျက်ပြီးဆုတ်ခွာထွက်ပြေးရ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.