• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ
  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ
  • မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး
  • ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတကာ၏အခန်းကဏ္ဍ (ဇာတ်သိမ်းပိုင်း)
ဆောင်းပါး

အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတကာ၏အခန်းကဏ္ဍ (ဇာတ်သိမ်းပိုင်း)

thanlwinkhetBy thanlwinkhetDecember 27, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဒီဇင်ဘာ ၂၇ ၊ ၂၀၂၃။

(ယခုဆောင်းပါးကို ၂၀၂၂ ခုနှစ် ဇူလိုင်တွင်ရေးသားခဲ့ပြီး ထပ်မံ၍ ပြန်လည်ဖော်ပြခြင်းဖြစ်သည်)

တိုက်ပွဲဝင်တော်လှန်ရေးသမားများသည် စစ်ရေးနည်းဗျူဟာများနှင့် တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာသလို LDF နှင့် PDF များကြား ညှိနှိုင်းပူးပေါင်းတိုက်ခိုက်နိုင်စွမ်းရှိလာပြီး EAOများနှင့်ပါ အလားတူ ဆောင်ရွက်နိုင်စွမ်း ရှိလာ သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်းအရေအတွက်အတိအကျမသိရသော တူညီယူနီဖောင်းဝတ် PDF များကိုဖွဲ့စည်းထားသည်။တိကျသောကိန်းဂဏန်းများနှင့်ပတ်သက်ပြီး တင်းကြပ်စွာထိန်းချုပ်ထားသော် လည်း PDFတပ်ဖွဲ့ဝင်များ (NUG ကလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များအပါအဝင်) စုစုပေါင်းအင်အားမှာ ၅သောင်းဝန်းကျင်ဖြစ်ပြီး NUG နှင့်ပေါင်းစပ်ထားသော LDF အဖွဲ့များ၏ ညွှန့်ပေါင်းတပ်ဖွဲ့တွင်
တပ်ဖွဲ့ဝင်အင်အား ၆ သောင်း မှ ၇ သောင်းရှိသည်ဟု အတွင်းသတင်းရင်းမြစ်များက ဆိုသည်။ဤကိန်းဂဏန်းများသာ တကယ်တမ်း မှန်ကန်ခဲ့ပါက နိုင်ငံတစ်ဝန်းလုံးတွင် PDF – LDFတိုက်ခိုက်ရေးအင်အား အနည်းဆုံး ၁ သိန်းအထိ ဖြန့်ကျက် နေရာယူ ထားသည်ဟု ဆိုနိုင်ပါသည်။

လက်နက်ချို့တဲ့မှုက အကြီးမားဆုံးသောအားနည်းချက်အဖြစ် ဆက်လက်တည်ရှိနေပြီး မြန်မာစစ်တပ်ကလေကြောင်းသာလွန်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ဖြစ်နိုင်ချေမရှိသော်လည်းတတိယအဖွဲ့အစည်းတစ်ခုခု ဆီက ဘဏ္ဍာရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအကူအညီများရရှိခဲ့မည်ဆိုလျှင် လက်ရှိပဋိပက္ခ၏ အနေ အထားကလျင်မြန်စွာ ပြောင်းလဲသွားနိုင်ပေလိမ့်မည်။ မြန်မာစစ်တပ်ကို တော်လှန်ရေးအင်အားစုများက အနိုင်ယူနိုင်ပေလိမ့်မည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောပဋိပက္ခများကို ပြောင်းလဲသွားနိုင်မည့် အခြားသောဖြစ်နိုင်ချေရှိသည့် အကြောင်းအရင်းမှာ မြန်မာစစ်တပ်က အဆင့်မြင့်အရာရှိ (အနည်းဆုံးဗိုလ်မှူးချုပ်အဆင့်)များ ဘက်ပြောင်း ခြင်းဖြစ်သည်။ ဤသို့အဆင့်မြင့်အရာရှိတစ်ဦးဦး၏ဘက်ပြောင်းမှုက အင်အားဆုတ်ယုတ်နေပြီဖြစ်သော မြန်မာ စစ်တပ်ကို စိတ်ဓာတ်ကျဆင်းစေမည်ဖြစ်ပြီးအစုလိုက်အပြုံလိုက် စစ်ပြေးမှုများ ဖြစ်လာနိုင်ချေရှိသည်။ လက်ရှိ တွင် ယင်းအချက်ကမဖြစ်နိုင်ဟုထင်ရသော်လည်း မြန်မာစစ်တပ်၏ ထိပ်ပိုင်းအဆင့်များအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အာဏာကိုချုပ်ကိုင်ထားသောကြောင့် ဘက်ပြောင်းရန်အလားအလာရှိသူများအတွက် ပြည် တွင်းနှင့် တတိယနိုင်ငံများ၏ မက်လုံးပေးဆွဲဆောင်မှုများတိုးလာနေသည်။ ထို့ပြင် အာဏာရှင်စစ်အုပ်စု ပြိုလဲ လာသည်နှင့်တပြိုင်နက်အာဏာရှင်ကိုဆန့်ကျင်သည့် ထိပ်ပိုင်းအဆင့်များ ရှိလာသည်ကို သမိုင်းက သက်သေပြ နေပါသည်။မင်းအောင်လှိုင် အား အစားထိုးရန် တပ်တွင်းအုပ်စုကွဲတစ်ခု ထွက်ပေါ်လာနိုင်ခြေရှိသည့်တိုင် ထိုအချက်က ခေါင်းဆောင်ပိုင်းကို အားပျော့သွားစေလိမ့်မည်ဟု မဆိုသာပေ။

စစ်အုပ်စုကို ဆန့်ကျင်နေကြသောအင်အားစုများ၏ အကြီးမားဆုံးအားနည်းချက်မှာစည်းလုံးညီညွတ်သည့် အမြင် မျိုး မရှိသေးခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ဆိုလျှင်လည်းတိုင်းရင်းသားလူနည်းစုများကြား နိုင်ငံရေးအရ ကွဲလွဲမှုများက ဤပြဿနာကိုဖော်ပြနေသည်။ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးသမားများ လွှမ်းမိုးထားသောNUG အပေါ်မှာလည်း အရင်ကတည်းက ရှိထားခဲ့သော တိုင်းရင်းသား လူ နည်းစုများ၏သံသယကဤအချက်ကို ပိုပြီးဆိုးလာစေသည်။

မည်သို့ပင်ဖြစ်စေကာမူ အကွဲကွဲအပြားပြားဖြစ်နေသော အတိုက်အခံအင်အားစုများကနိုင်ငံတော်၏အနာဂတ် အတွက် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေးပုံစံတစ်ရပ်ကိုသဘောတူလက်ခံနိုင်ခဲ့ကြမည် ဆိုလျှင်တော့ မြန်မာ စစ်တပ်က ယှဉ်ပြိုင်နိုင်စွမ်းရှိမည်မဟုတ်သော
နိုင်ငံရေးအင်အားစုတစ်ရပ် ထွက်ပေါ်လာနိုင်ပါသည်။ ထိုကဲ့သို့ သောအင်အားစုထွက်ပေါ်လာနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကတဆင့်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ NUG အနေဖြင့် လူပေါင်း ၃၈၈ ဦးပါဝင်တက်ရောက်မှုဖြင့်မကြာသေး မီက ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့ညီလာခံတွင် ၂၀၂၁ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် စာတမ်း(FDC) မူကြမ်းအား အတည်ပြုခဲ့ခြင်းမျိုးဖြင့် ကြိုးပမ်းလျက်ရှိသည်။ အဆင့်လိုက်မည်ကဲ့သို့ ဆောင်ရွက်မည်၊ သင့်တော် သော အပြန်အလှန် ထိန်းကျောင်းမှုများကိုမည်ကဲ့သို့လုပ်ဆောင်မည်ဆိုသည်ကတော့ ဖြေရှင်းရန်ကျန်နေသေး သော အဓိကအတားအဆီးများဖြစ်နေသေးသည်။

သမိုင်းကြောင်းတလျှောက် ရှိလာခဲ့သော တိုင်းရင်းသားလူနည်းစုများကြားက မကျေနပ်ချက်များကိုကျော်လွှား နိုင်ရန် အချိန်ယူလုပ်ဆောင်ရပေလိမ့်မည်။ အကယ်၍ NUCC အနေဖြင့် ဗဟိုနှင့်အစွန်အဖျားကြား ဆက်ဆံရေးကို အခြေခံကျကျ ပြန်လည်ပြင်ဆင်သတ်မှတ်ပေးထားသည့်ဖက်ဒရယ်ပဋိဉာဉ်သစ်ကို အောင်မြင်စွာစေ့စပ်ပေးနိုင်ခဲ့ ပါက မြန်မာစစ်တပ်ဆန့်ကျင်မှုတွင်စည်းလုံးညီညွတ်သော တပ်ဦးတစ်ခု ဖန်တီးနိုင်မည်လည်းဖြစ်သည်။ ထို့ပြင် လက်ရှိကြုံနေရသောရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသောအခြေအနေမှ သိသိသာသာ လမ်းကြောင်းပြောင်းသွားပေလိမ့်မည်။

ဤဖော်ပြချက်များက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများကိုပုံဖော်နေသည့်နိုင်ငံရေးအင်အားစုများ၏ စာရင်းအပြည့်အစုံ သို့မဟုတ် အာဏာချိန်ခွင်လျှာကိုယိမ်းယိုင်သွားစေနိုင်သော အရာများကို တရားဝင်ခွဲ ခြမ်းစိတ်ဖြာပြခြင်းတော့ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ပထဝီနိုင်ငံရေးက မယုံနိုင်စရာကောင်းလောက်အောင်ပင် ရှုပ်ထွေးလှပါသည်။

ဤဆောင်းပါးတွင် အကြံပြုထားသော အချက်များတွင် မည်သည့်အချက်ကမျှ မြန်မာစစ်တပ်ကိုချက်ချင်း အရှုံးနှင့်ရင်ဆိုင်သွားရန် သို့မဟုတ် ဖျက်သိမ်းပစ်ရန်ဆီသို့ ဦးတည်သွားနိုင်စေလိမ့်မည်တော့မဟုတ်ပါ။ ၎င်းအစား အစိုးရအပြောင်းအလဲအတွက် အခွင့်အလမ်းတစ်ခု ဖန်တီးရန်အတွက်မူအချက်တစ်ချက်ချင်း စီတိုင်းတွင် အလားအလာများ ရှိနေပါသည်။ ထိုအပြောင်းအလဲတွင်မည်သည့်အချက်တို့ ပါဝင်လိမ့်မည်ဆိုသည်ကိုတော့ ခန့်မှန်းရန် မဖြစ်နိုင်ပါ။ သို့သော် ပိုမိုကြီးမားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို ရှောင်ရှားလိုပါက နိုင်ငံတကာအနေဖြင့်သတိထားရမည့်အချက်မှာ မြန်မာစစ်တပ်သည် ၎င်းတို့ဆုပ်ကိုင်ထားသော အာဏာကို အဆုံးတိုင်ဆုပ်ကိုင်နိုင်စွမ်းရှိသူများ မဟုတ်ပါ ဆိုသည်ပင်။ မြန်မာစစ်တပ်အနေဖြင့် အာဏာဆုံးရှုံးရမည့်အခြေအနေဆီသို့ တိုး၍တိုး၍သာ နီးကပ်လာနေသည်ဆိုသော အချက်ဖြစ်သည်။

အစိုးရအပြောင်းအလဲအတွက် စီစဉ်လုပ်ဆောင်ခြင်း
******************************************

အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ မရရှိခဲ့ပါက မြန်မာနိုင်ငံအနေဖြင့် ရှည်လျားပြီးအချိန်ကြာဦးမည့် ပဋိပက္ခများ ဆက်ပြီး ရင်ဆိုင်နေရဖွယ်ရှိသည်။ တဖြည်းဖြည်းချင်း ပြိုကွဲလာနေသောမြန်မာစစ်တပ်သည် ပဋိပက္ခကို တိုး၍ဆိုးလာစေပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုများဆက်လက်တိုးပွားလာစေရန် သို့မဟုတ် ပိုပြီးအရှိန် မြှင့်လာစေရန် သေချာသလောက်ပင် ဖြစ်သည်။ထို့ကြောင့် ဒုက္ခရောက်ရသူအရေအတွက် ပိုမိုတိုးပွားလာကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းကို ပိုပြီးဆိုးရွားလာစေလိမ့်မည်။ ထို့ပြင် သမိုင်းကိုပြန် ကြည့်ပါက မြန်မာနိုင်ငံ၌အာဏာလေဟာနယ်ဖြစ်ခြင်းက အခွင့်အရေးသမား ပြည်သူ့စစ် များကို ခိုးဆိုးလုယက်မှုနှင့်တရားမဝင်လုပ်ငန်းများတွင်ပါဝင်ခြင်းဆီသို့ ဦးတည်သွားစေနိုင်ပြီး ကျရှုံးနိုင်ငံဖြစ်လာမည့်အန္တရာယ်က ပိုပြီးများလာသည်။ ထို့ကြောင့် ဖြစ်လာနိုင်ချေရှိသည့် အစိုးရအပြောင်းအလဲအတွက်တက်တက်ကြွကြွစတင်စီစဉ်ရန်နှင့် နောက်မှဆိုသည်ထက် အမြန်ဆုံးဆောင်ရွက်ခြင်းကသာ နိုင်ငံတကာအသိုက်အဝန်း၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်သည်။

ထိုကဲ့သို့ အစီအစဉ်ရေးဆွဲနိုင်ရန် အနည်းဆုံးအနေဖြင့် နည်းလမ်း ၃ ခုရှိနေသည်။ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းလာစေရေးကို စိတ်ပါဝင်စားသည့်နိုင်ငံများအနေဖြင့်“အဖြစ် မှန်ကို လက်ခံယုံကြည်ပေးကာ” အဓိကကျသော NUG နှင့်သာမက
အရပ်ဘက်အဖွဲ့အစည်းများ၊ EAO များ အပါ အဝင် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အတိုက်အခံများနှင့်စစ်မှန်စွာ ထိတွေ့ဆက်ဆံဖို့ ဖြစ်သည်။ ဤသို့ထိတွေ့ဆက်ဆံ ရာတွင် “အာဏာသိမ်းစစ်တပ်ခေတ်အလွန်” အခြေအနေတစ်ခုတွင် အာဏာကို လက်ခံကျင့်သုံးနိုင်စေရန်အတွက် NUG ၏အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ပေးမည့် အစီအစဉ်တစ်ခုဖြင့် စတင်သင့်သည်။

ဒုတိယအနေဖြင့် စစ်တပ်က အသိအမှတ်ပြုလက်ခံရန် ငြင်းပယ်နေသည့်တိုင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် NUCC က အဆိုပြုထားသော ဖက်ဒရယ်ပဋိဉာဉ်သစ်အားအသိအမှတ်ပြုလက်ခံရန်အတွက် အာဆီယံ၊ အနောက် အင်အားကြီးနိုင်ငံများနှင့် တရုတ်နိုင်ငံတို့
ပါဝင်သည့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့များကို ထူထောင်သင့်သည်။

တတိယအနေဖြင့် အနောက်နိုင်ငံများ (နှင့် အိမ်နီးချင်းနိုင်ငံများ) အနေဖြင့် မြန်မာစစ်တပ်ကြောင့်ထိခိုက် ခံစားခဲ့ရသူ များအား သက်သာရာရစေရန် အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပိုမိုပေးသင့်ပြီး NUG က ၎င်း၏ စစ်ရေးဗျူဟာအပေါ် အာရုံစိုက်နိုင်စေရန်အတွက်ပိုမိုပံ့ပိုးပေးသင့်သည်။

“အာဏာသိမ်းစစ်တပ်ခေတ်အလွန်” မြန်မာနိုင်ငံဆိုသည်က စစ်တပ်ကို ဖျက်သိမ်းပစ်ရမည်ဟုဆိုလိုခြင်း မဟုတ် ပါ။ တော်လှန်ရေးအင်အားစုတစ်စုက နေပြည်တော်ကိုသိမ်းပိုက်ပြီးမြန်မာစစ်တပ်ကြီးတစ်ခုလုံးကို အနိုင်ယူရန် ဆိုသည်က လွန်စွာမှပင် ဖြစ်လာနိုင်စရာမရှိပါ။ အကယ်၍မြန်မာစစ်တပ်၏ ရပ်တည်ချက် ပိုမိုပျက်ယွင်းလာပါက စစ်တပ်ကို ခေါင်းဆောင်မှုအသစ် သို့မဟုတ်အခွင့်အရေးယူတတ်သည့် အစုတစ်စုက NUG နှင့် အဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲမှုများအတွက်ညှိနှိုင်းဖို့ အလားအလာ ရှိကောင်းရှိလာမည်။ သို့သော်လည်း ပေါင်းစည်းထားသောစစ်အုပ်စုဆန့်ကျင်ရေးအင်အားစုများက မြန်မာစစ်တပ်ကို အပြတ်အသတ် အနိုင်တိုက်နိုင်ခဲ့လျှင်တောင်စစ်တပ်ကို ဖျက်သိမ်းခြင်းက ဆိုးရွားသောဂယက်များကို ဖြစ်လာစေလိမ့်မည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်းအီရတ် စစ်တပ်ကို ဖျက်သိမ်းလိုက်သောကြောင့် ISIS အဖွဲ့ကြီးထွားလာခဲ့ဖူးသည်။ ထို့ကြောင့်လည်းတော်လှန်ရေး အင်အားစုများအား ထည့်သွင်းပေါင်းစပ်ရေးအပြင် မြန်မာစစ်တပ်ပြုပြင်ပြောင်းလဲရေးအတွက် အစီအစဉ်တစ်ခုကို စောစောစီးစီးရေး ဆွဲရန် အထူးပင်အရေးကြီးပေသည်။ထိုအစီအစဉ်ကို စောစီးစွာကတည်းက စတင်ထားသင့်သည်။

ဖြစ်လာနိုင်သည့် အန္တရာယ်နှစ်ခုကလည်း ရှိနေသေးသည်။ ပထမအချက်မှာ ခက်ခက်ခဲခဲဖြင့်ယှဉ်ပြိုင်ရင်ဆိုင် နေရသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို အနီးကပ်ဂရုစိုက်ရန်နှင့်အပေးအယူလုပ်နိုင်ရန်အတွက် NUG အနေဖြင့် ပိုမိုပွင့်လင်းရန် အရေးကြီးပေသည်။ LDF ၊ PDFများကတော့ အများပြည်သူများနည်းတူ မြန်မာ စစ်တပ်ကို အလုံးစုံလက်နက်ချရေးကလွဲပြီး ကျန်တာလက်မခံလိုကြပေ။ NUG အနေဖြင့် ဖက်ဒရယ်လက်နက် ကိုင်တပ်ဖွဲ့သစ်အတွင်း လက်ရှိစစ်တပ်ကစစ်သည်အဆင့်ဆင့်၏ပါဝင်နိုင်ခြေအပါအဝင် လက်တွေ့ကျသည့် ကန့် သတ်ချက်များအားအများပြည်သူသိရှိနိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြောဆိုခြင်းဖြင့် စီမံခန့်ခွဲမှုများစတင်သင့်သည်။

ဒုတိယအချက်အနေဖြင့် လက်ရှိတပ်မတော်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းသည်လက်တွေ့အရရော၊ ကျင့်ဝတ်အရပါ မဖြစ်နိုင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကအသိအမှတ်ပြုဖို့လိုသည်။ မြန်မာစစ်တပ်အတွင်းရှိ သဘောထားတင်းမာသူများကစေ့စပ်ညှိနှိုင်းရေးများကို အမြဲတစေပင် မရိုးမသား လုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကိုလူ့အခွင့်အရေးကာကွယ်စောင့်ရှောက် သူများက သေသေချာချာ မှတ်တမ်းတင်ခဲ့ကြသည်။ယနေ့မြန်မာနိုင်ငံရှိလူအများစုက မြန်မာစစ်တပ်၏ လုပ်ရပ်က ကျူးကျော်ဝင်ရောက်လာသောနိုင်ငံခြားတပ်ဖွဲ့များနှင့် တူသည်ဟု ရှုမြင်လျက်ရှိကြသည်။

ပဋိပက္ခ၏ အကျပ်အတည်းက ပို၍ကောင်းမလာသေးမီ ပို၍ဆိုးလာရန် အလားအလာ ရှိနေသော်လည်းဤအချိန် သည် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပတ်သက်သူများအနေဖြင့်“အာဏာသိမ်းစစ်တပ်ခေတ်အလွန်” မြန်မာနိုင်ငံ အတွက် စတင်စီစဉ် လုပ်ဆောင်ကြရမည့်အချိန်လည်းဖြစ်ပေတော့သည်။

“Yusof Ishak Institute” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Anders Kirstein Moeller” ရေးသားသည့်“The International Community Needs to Prepare for a Post-Tatmadaw Myanmar” ကိုဆီလျော်အောင် ရေးသားသည်။

ဓာတ်ပုံ – AFP

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကာကွယ်ရေးရဲဘော်များနားနေစဥ် ဗုံးကြဲခံရမှုကြောင့် ၁ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရ
Next Article မြောက်ဦးခရိုင်ရဲစခန်းကို AA တိုက်ခိုက်သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ

June 29, 2025

စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ

June 29, 2025

ငလျင်က ယူငင်သွားသော သမိုင်းမှတ်တမ်းများ (သုံးလပြည့်ဆောင်းပါး)

June 28, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ
  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ

July 6, 2025

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

July 5, 2025

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

July 5, 2025

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

July 5, 2025

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

July 5, 2025

လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

July 4, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.