• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး
  • အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို
  • “အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ
  • ၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ
  • ၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ
  • အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော
  • မင်းတုန်း ကုန်ကားရပ်နားရာ ဗုံးကြဲခံရမှုတွင် ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦး သေဆုံး
  • ရခိုင်တွင် ဝယ်သူထက် ပြန်ရောင်းသူ များနေ၍ ရွှေဈေး အနည်းငယ်ပြန်ကျ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ဆန်ပြုတ်တောင်မသောက်နိုင်တော့တဲ့လူတွေ အများကြီးပါ ကိုလေးဖြူနဲ့ ကိုအငဲ
ဆောင်းပါး

ဆန်ပြုတ်တောင်မသောက်နိုင်တော့တဲ့လူတွေ အများကြီးပါ ကိုလေးဖြူနဲ့ ကိုအငဲ

thanlwinkhetBy thanlwinkhetDecember 13, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ညီညီသူ
ဒီဇင်ဘာ ၁၃ ၊ ၂၀၂၃။

Covid – 19 နှင့် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင်ကျင်းပလေ့ရှိသော ဖျော်ဖြေရေးပုံစံများပြောင်းလဲလာ ခဲ့သည်။ ဘီယာဘားလိုနေရာတွေမှာ မြန်မာနိုင်ငံက အဆိုတော် ကြီး၊ လတ်၊ ငယ်မရွေးဖျော်ဖြေလာကြသည်။ နိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲနဲ့အတူ လိုက်ပါပြောင်းလဲလာခဲ့သော Trendတစ်ခုဟုလည်း ဆိုနိုင်ပေလိမ့်မည်။

ပြီးခဲ့သော ဒီဇင်ဘာ ၁၁ ရက်ကလည်း ရန်ကုန်မြို့ရှိ The Heart of Rangoon – THOR တွင်မြန်မာနိုင်ငံ၏ အဆိုတော်၂ ဦးဖြစ်သော လေးဖြူနှင့် အငဲတို့ဖျော်ဖြေခဲ့ကြသည်။ Onlineပေါ်ပျံ့နှံ့နေသောဗီဒီယိုဖိုင်များအရ အငဲ က ယခုကဲ့သို့ပြောဆိုခဲ့ပါသည်။

”ကိုဗစ်ကတည်းက အစာငတ်ခံရသလိုဖြစ်နေတယ်။ ဒီညမှာ ဆန်ပြုတ်တိုက်ဖို့ကမ်းလှမ်းတဲ့သူတွေရယ်၊ဆန်ပြုတ်လာတိုက်တဲ့ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်”

**************

လေးဖြူနှင့် အငဲတို့၏ ဘားတွင်းဖျော်ဖြေပွဲကိုမြင်ရတော့ System of A Down ကို သတိရမိသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်း အဇာဘိုင်ဂျန်နိုင်ငံ၏မြို့တော် ဘာကူးမြို့တွင် Imagine Dragons ကဂီတ ဖျော်ဖြေပွဲကျင်းပဖို့ စီစဥ်ခဲ့သည်။ သို့သော် ယင်းဂီတဖျော်ဖြေပွဲမကျင်းပဘဲ ဖျက်သိမ်းပေးရန်System of A Down ၏ ပင်တိုင်အဆိုရှင် Serj Tankian က စာတစ်တန်ပေတစ်တန်ဖြင့်တောင်းဆိုခဲ့ဖူးသည်။ ပထမတော့ ထို တောင်းဆိုမှုက တိုးတိုးတိတ်တိတ်သာဖြစ်သော်လည်းနောက်ပိုင်းမှာတော့ လူသိရှင်ကြားဖြစ်လာခဲ့သည်။ Srej Tankian ကိုယ်တိုင်ဂီတပွဲဖျက်သိမ်းပေးရန်တောင်းဆိုမှုအတွက် အွန်လိုင်းကဦးဆောင်ပြီး လက်မှတ်များတောင်း ခံခဲ့သည်။

Srej Tankian သည် လက်ဘနွန်နိုင်ငံတွင်မွေးဖွားခဲ့ပြီး အာမေးနီးယန်း -အမေရိကန်တစ်ယောက်ဖြစ်သလို System of A Down ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။တချို့ကတော့ သူ့ကို နိုင်ငံရေးကဲသော ဂီတပညာရှင် တစ်ယောက်ဟူ၍လည်း ဆိုကြသည်။ System of A Down ၏ ကျန်ဝိုင်းတော်သားများသည်လည်း အာမေးနီးယန်း – အမေရိကန်များဖြစ်ကြသည်။

အဇာဘိုင်ဂျန်နိုင်ငံသည် အာမေးနီးယားနိုင်ငံနှင့် စစ်ဖြစ်ပွားနေသောနိုင်ငံဖြစ်ပြီးဂီတဖျော်ဖြေပွဲကျင်းပမည့် ပြီးခဲ့ သည့်စက်တင်ဘာလနှောင်းပိုင်းအထိ စစ်ဖြစ်နေတုန်းပင်ဖြစ်၏။

Srej Tankian ရေးခဲ့သောစာတွင် ”အဇာဘိုင်ဂျန်နိုင်ငံရဲ့ အာဏာရှင်အစိုးရက နာဂေါ်နို -ခါရာဘတ်ခ်ျဒေသက လူပေါင်းသိန်းချီကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုးကြီးဆီ တွန်းပို့နေတယ်။ဒါကိုပဲ ICC ရဲ့အစိုးရရှေ့နေဟောင်း တစ်ယောက်က လူမျိုးသုဥ်းသတ်ဖြတ်မှုလို့ သတ်မှတ်ခဲ့တယ်။Imagine Dragons အနေနဲ့ ဒီလိုအဖြစ်အပျက်တွေ ကို မသိထားဘူးဆိုတာသေချာတယ်”ဟုရေးသားခဲ့သည်။

တကယ်လို့သာ Imagine Dragons အနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံတွင်ကျင်းပရန်စီစဥ်ထားသောဂီတဖျော်ဖြေပွဲကို သွားရောက်ဖျော်ဖြေခဲ့မည်ဆိုပါက အာဏာရှင်များကို ကူညီရာရောက်မည်ဖြစ်သလိုလူမျိုးသုဥ်းသတ်ဖြတ်မှုက ရသော အကျိုးအမြတ်များကို အမေရိကန် ဂီတဝိုင်းတစ်ဝိုင်းကရရှိသွားသည်နှင့်လည်း တူပေလိမ့်မည်ဟု Srej Tankian ၏ Facebook Page တွင်ဖော်ပြထားသည်။

( နိုင်ငံ့အရေးကြုံလာတိုင်း၊ ကမ္ဘာ့အရေးအခင်းတစ်ခုခုဖြစ်လာတိုင်း နေသာသလိုမနေခဲ့ကြသည်က SrejTankian တစ်ယောက်တည်းတော့မဟုတ်ပါ)

ကျွန်တော်တို့နိုင်ငံတွင် ဘာတွေလွဲချော်နေသလဲတော့ ကျွန်တော်မသိပါ။စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၂သန်းကျော်ရှိနေသည်ဟု UNOCHA က ထုတ်ပြန်ထားပါသည်။ နိုင်ငံတဝန်းတိုက်ပွဲများကြောင့်ယင်းပမာဏထက် ဆက်လက်မြင့်တက်နေဦးမည်ကလည်း အသေအချာပင်ဖြစ်သည်။

နိဂုံးချုပ်ရမည်ဆိုလျှင်တော့ ကိုဗစ်နှင့် စစ်ဒဏ်ခံစားနေခဲ့ရသည်မှာ တစ်နိုင်ငံလုံးဖြစ်သော်လည်း Trendတစ်ခုဖြစ် လာသော ဘားတွင်းဂီတဖျော်ဖြေပွဲများကို တက်ရောက်ကြည့်ရှုအားပေးနိုင်သည်ကလက်တစ်ဆုပ်စာလူမျှသာရှိပါသည်။

ငွေကြေးအတော်အသင့်ပြေလည်သူများ ဆန်ပြုတ်သောက်ပြီး အားယူနေချိန်၌ဆန်ပြုတ်ပင်မသောက်နိုင်ကြတော့သောသူများ မြန်မာနိုင်ငံတွင် များစွာရှိနေသည်ကိုတော့ကျွန်တော်တို့သိနေကြပါသည်။

ဓာတ်ပုံ – Facebook

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရက္ခိုင့်တပ်တော်ကသိမ်းပိုက်ထားသော နှုံးဘူးဗျူဟာကို စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့်လာရောက်ပစ်ခတ်
Next Article ဒရုန်းနှင့် တိုက်ခိုက်ခံရမှုအပြီးစစ်ကောင်စီခရိုင်ရုံးနှင့် စုပေါင်းရုံးရှေ့ စစ်ဆေးရေးပိုတင်းကြပ်လာ
thanlwinkhet
  • Website

Related Posts

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

March 2, 2026

NUG နှင့် SRA တို့ ညီညွတ်ရေးတည်ဆောက်ရန် သဘောတူ၊ မိတ်ဖက်ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းမည်

February 28, 2026

မြင်းခြံ-မြို့သာလမ်းပိုင်းကို ထိန်းချုပ်ရန် စစ်ကော်မရှင် စစ်ကြောင်းထိုး၊ ဒေသခံ ၂ ဦးသေဆုံး

February 27, 2026

Leave A Reply Cancel Reply

Recent Posts

  • မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး
  • အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို
  • “အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ
  • ၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ
  • ၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး

အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို

“အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ

၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး

March 2, 2026

အီရန်-အစ္စရေး တင်းမာမှုကြောင့် လောင်စာဆီဈေးတက်နိုင်သော်လည်း ထိုင်းတွင် နှစ်လစာ အရန်ရှိဟုဆို

March 2, 2026

“အိမ်ထောင်ရေးပြက်လုံး” တစ်ခုကြောင့် ဝီဂါဟာသပညာရှင် ရှောင်ပါ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ခံရ

March 2, 2026

၃ လတိုင် ရိက္ခာပြတ်လပ်နေသည့် သေ့ဘောဘိုးစစ်ရှောင်များ ဆားနှင့် ငရုတ်သီးကိုသာ အားထားနေရ

March 2, 2026

၅ နှစ်အတွင်း နိုင်ကျဉ်းအများဆုံး လွတ်ငြိမ်းခွင့်ပေး၊ တကယ်လွတ်လာမည့် အရေအတွက် ပြည့်၊ မပြည့်အပေါ် PPNM စောင့်ကြည့်နေ

March 2, 2026

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

March 2, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.