• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သတင်းအမျိုးမျိုးနှင့် ဝါဒဖြန့်မှုများလာသည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ
ဆောင်းပါး

သတင်းအမျိုးမျိုးနှင့် ဝါဒဖြန့်မှုများလာသည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ

thanlwinkhetBy thanlwinkhetJanuary 2, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith
ဇန်နဝါရီ ၂ ၊ ၂၀၂၄ ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ကော့ကရိတ်မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည်မှာ ယနေ့ဆိုလျှင် ၁ လနှင့် ၂ ရက်မြောက်လာခဲ့ပြီဖြစ်သည် ။

တိုက်ပွဲကာလအတွင်း တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများအပေါ် ဒေသခံပြည်သူများက အထင်အမြင်မှားစေ သည့် ဝါဒဖြန့်မှုများ၊ ပူးပေါင်းစစ်ကြောင်းများဘက်က ထိန်းသိမ်းရခက်စေသည့်သတင်းများ အမျိုးမျိုးထွက်ပေါ် နေခဲ့သည်။

ကော့ကရိတ်မြို့ထဲပြန်ဝင်နေ၍ရပြီဆိုသည့်သတင်းများ ယခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ထွက်ပေါ်နေပြီး ထိုသတင်းအပေါ် ဒေသခံစစ်ရှောင်များက အထူးစိတ်ဝင်တစားရှိနေကြသည်။

Follower ၄၀၀၀၀ ကျော်ထိရှိနေသည့် ” ကော့ကရိတ်အကြောင်းပြောကြမယ် ” Facebook Group တွင် မြို့ထဲပြန်ဝင်နေ၍ရပြီဟု အဖွဲ့ဝင် ၁ ဦးက ယနေ့နံနက်ပိုင်း၌ ပို့စ်တင်ခဲ့သည်။

” မနေ့က ပြန်ရောက်တယ် ။ အခုထိတော့ အေးဆေးပဲဗျ။ ဆိုင်တွေကတော့ ဘာဆိုင်မှ မတွေ့မိသေးဘူး။ ကိုယ့် ရိက္ခာက အပြည့်အစုံဆိုတော့ အဆင်ပြေပါတယ် ” ဟု ဖော်ပြထားသည်။

ထို့ပြင် တချို့သော Follower များကလည်း မြို့ထဲပြန်ဝင်နေ၍ရကြောင်း ထပ်မံဖော်ပြထားကြသည်။

ထိုသတင်းအားဖြန့်နေသူများမှာ ပရိုဖိုင်မဖော်ပြထားသည့်အပြင် မည်သည့်ရပ်ကွက်တွင် ပြန်၍နေထိုင်နေကြ ကြောင်းသေချာမဖော်ပြထားသော်လည်း ကော့ကရိတ်မြို့ခံများက ပြန်ဝင်နေ၍ ရ၊ မရ ကို စိတ်ဝင်တစား မေး မြန်းနေကြသည်။

ထိုသတင်းဖြန့်ချီနေမှုများက မဟုတ်မှန်ကြောင်း တိုက်ပွဲကာလအတွင်း ပိတ်မိနေသူများနှင့် စစ်ရှောင်များအား ကူညီနေသူ ကော့ကရိတ်မြို့ခံအမျိုးသား ၁ ဦးက ပြောသည် ။

” ဝင်ဖို့နေနေသာ ကြာအင်းဘက်ကလူတွေတောင် စစ်ရှောင်နေရပြီ ။ ရောက်နေတာဆိုရင် သူ့အိမ်ရှေ့မှာ ဓာတ်ပုံ ရိုက်ပို့ခိုင်းလိုက်။ သက်သက်လူတွေဒုက္ခရောက်အောင်လုပ်နေတာ ” ဟု ၎င်းက ပြောသည် ။

ကော့ကရိတ်မြို့သိမ်းစစ်ဆင်ရေးကိုဦးဆောင်နေသည့် ကျားဖြူစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ပွဲတော်က လည်း ပြည်သူများ မြို့ထဲပြန်ဝင်မနေကြသေးကြောင်းနှင့် ပြန်ဝင်နေလို့ အဆင်မပြေသေးဘူး ဟု ဆိုသည်။

” ဘယ်လိုပြောမလဲ။ လက်ရှိကတော့ ပြန်မဝင်တာဘဲ ကောင်းတယ်ပေါ့နော် ။ ပြန်လာနေမယ်ဆိုရင်တော့ သူတို့ အတွက် အန္တရာယ်များတယ် ။ အခုလက်နက်ကြီးက နေ့တိုင်းပဲပစ်တယ်။ နေ့ရော ညရောပစ်နေတာပေါ့နော် “ဟု ဗိုလ်ပွဲတော် က ပြောသည် ။

ကော့ကရိတ်မြို့အနီးနှင့် မြို့ပေါ်တချို့နေရာများ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ပူးပေါင်း စစ်ကြောင်း များက ပြီးခဲ့သောဒီဇင်ဘာလ ၁ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

လက်ရှိစစ်ဆင်ရေး ၁ လကျော်ကာလအတွင်း စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီး မြဝတီ – ကော့ ကရိတ်အာရှလမ်းမကြီးကိုလည်း ပူးပေါင်းတပ်များကထိန်းချုပ်ထားနိုင်ခဲ့သည်။

ထို့ပြင် ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီတပ်များကို ထောက်ပို့လမ်းကြောင်းများဖြတ်တောက်၍ ပိတ်ဆို့ဖိအား ပေးနေသည် ။

ထို့ကြောင့်လည်း မြို့တွင်ကျန်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခြင်း၊ ပစ္စည်းများကို ခိုးယူခြင်းနှင့် မီးရှို့မှုများ ပြုလုပ်နေသည်ဟု ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံ တချို့ကပြောသည်။

” မီးတုတ်တွေနဲ့ လိုက်ရှို့နေတဲ့ ပျူ ၄ ကောင်ကို စစ်ကြောင်းဘက်က မိထားတယ်။ စစ်တပ်ဘက်က လုပ်ခိုင်းတာ တဲ့။ စစ်ဆေးလိုက်တော့ပေါ်တယ် “ဟု KNLAနှင့်နီးစပ်သည် ဒေသခံအမျိုးသမီး ၁ ဦးကပြောသည် ။

မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းမှဗုံးကြဲပစ်ခတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည်တို့ဖြင့် အရပ်သားပစ်မှတ်များပါမချန် တိုက်ခိုက်နေသည့်အပြင် တစ်ဘက်၌လည်း သွေးခွဲမှု၊ ဝါဒဖြန့်မှု စသည့် နည်းလမ်းအမျိုးမျိုး အသုံးပြုနေသည်။

လာမည့် ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင်လည်း စစ်ရှောင်နေသည့် ကော့ကရိတ်ဒေသခံများ မနက် ၈ နာရီ တွင်စုဝေးပြီး မြို့ထဲပြန်လည်ဝင်ရောက်ကြဖို့ စည်းရုံးပြောဆိုထားသည့် သတင်းများဖြန့်ဝေနေကြသည် ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလောင်းလုံးမြို့ ကျေးရွာတချို့ရှိနေအိမ်များတွင် မိုင်းထောင်ထားကြောင်း ကောလာဟလများထွက်ပေါ်
Next Article တောင်ရှည်တောင်ဗျူဟာကုန်း သိမ်းပိုက်နိုင်ရေး AA ကြိုးပမ်း
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.