• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ
  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ
  • မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး
  • ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတကာ၏အခန်းကဏ္ဍ (၁)
ဆောင်းပါး

အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတကာ၏အခန်းကဏ္ဍ (၁)

thanlwinkhetBy thanlwinkhetDecember 23, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဒီဇင်ဘာ ၂၃ ၊ ၂၀၂၃။

(ယခုဆောင်းပါးကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်ရေးသားခဲ့ပြီး ထပ်မံ၍ ပြန်လည်ဖော်ပြခြင်းဖြစ်သည်)

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို မြန်မာစစ်တပ်က၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချခဲ့ပြီးနောက်ပိုင်း နိုင်ငံတဝန်း အကြမ်းမဖက်သောလူထုအုံကြွမှုများ ပေါ်ပေါက်လာခဲ့သည်။ လူထုအုံကြွမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များကအကြမ်းဖက်ဖြိုခွဲခဲ့သောကြောင့် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြီးတိုင်းပြည်သည် ရှုပ်ထွေး ပွေလီမှုပေါင်း များစွာဖြင့် ပြည်တွင်းစစ်တွင်းသို့ ကျရောက်သွားခဲ့သည်။မြန်မာစစ်တပ်ကို အစဉ်အဆက်တော်လှန်ခဲ့ကြသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့သည့် ရာနှင့်ချီသည့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့(LDF) များ၏ မြို့ပြပြောက်ကျား တိုက်ခိုက်မှုများကို မြန်မာစစ်တပ် ရင်ဆိုင်နေရသည်။

အစဉ်အလာအရ တိုက်ပွဲဖြစ်တာမျိုးမရှိခဲ့ဖူးသော ဗမာဗဟိုပြုဒေသများဖြစ်သည့် စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးအပြင် ချင်းပြည်နယ်တွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်။နှစ်ပေါင်း ၆၀ အတွင်း မြန်မာစစ်တပ်သည် အကြီးမားဆုံးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီးဆုံးရှုံးမှုပမာဏကလည်း များပြားလွန်းနေသည်။ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အနေဖြင့် ၎င်းတို့အာဏာကို လက်လွှတ်ဆုံးရှုံးရနိုင်ခြေကတဖြည်းဖြည်း တိုးမြင့်လာသည်။

အာဏာလေဟာနယ်ဖြစ်ပြီး တိုင်းပြည်ကသောင်းကနင်း ဖြစ်သွားနိုင်သည့် အလားအလာများမှရှောင်ရှားနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သင့်တော်သောအစီအစဉ်များကို ဆောင်ရွက်ထားဖို့လိုအပ်ပါသည်။ မြန်မာ့ဒီမိုကရေစီအစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏စစ်ရေးအကူအညီပေးရန် တောင်းဆိုမှုများကို လစ်လျူပြုထားသော်လည်း NUG အပြင်
အခြားဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆက်ဆံရန် ကျယ်ပြန့်သော အခွင့်အလမ်းများရှိနေသည်။စီးပွားရေးအကူအညီပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့က ဖြစ်နိုင်ခြေရှိသောထိတွေ့ဆက်ဆံမှုပုံစံနှစ်မျိုး ဖြစ်ပြီး ယင်းပုံစံနှစ်မျိုးစလုံးက စစ်အာဏာရှင်စနစ် ပြိုလဲပြီးနောက်ကျရှုံးနိုင်ငံ ဖြစ်နိုင်ခြေများမှ သိသိသာသာ လျှော့ချပေးနိုင်မည်လည်း ဖြစ်လေသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ၏ လူမှုစီးပွားရေးဆိုင်ရာသက်ရောက်မှုများကို ဖော်ပြရန် အခက်အခဲရှိနေသည်။ ပြည်သူလူထုတစ်ရပ်လုံးဒူးထောက်အညံ့ခံလာစေရန်အတွက် အကြမ်းဖက်မှုများဖြင့် ကြိုးပမ်းရာတွင် မြေလှန်မီးရှို့သည့်နည်းပရိယာယ်များ၊ လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက အသုံးပြုလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အာဏာသိမ်းမှုမှအစပြုခဲ့သော စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာအကြပ်အတည်းများက ရှေးကတည်းက ရှိခဲ့ပြီးဖြစ်သော ကိုဗစ်ကပ်ရောဂါ၏အကျိုးသက်ရောက်မှုများနှင့် ပေါင်းစပ်သွားပြီး နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံကို ဆင်းရဲတွင်းသို့တွန်းပို့ခဲ့ပြန်သည်။ ကျေးလက်ဒေသ အသိုင်းအဝိုင်းများအနေဖြင့် အခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေရသည်။ ထို့ပြင် ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် နှစ်ဆတိုးလာပြီး ၈ သိန်းကျော်အထိ ရှိလာခဲ့သည်။ သို့သော်ဘာတေးလ်လင့်တနာကဲ့သို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကတော့ စစ်တပ်၏မြေလှန်မီးရှို့နည်းပရိယာယ်များက ပြည်သူလူထု၏ တော်လှန်ရေးသန္နိဌာန်ကိုပိုပြီးခိုင်မာလာစေလိမ့်မည်ဟု မှန်းဆထားကြသည်။

ပြင်ပရှုထောင့်မှ ကြည့်မည်ဆိုလျှင်တော့ ဖြစ်ပွားနေသော မြန်မာ့ပဋိပက္ခမှာ စစ်ကောင်စီကရှုံးနိမ့်မည်မဟုတ်ဘဲ အမှည့်ချွေချွေမည့် စစ်ပွဲတစ်ပွဲဟု မြင်ကောင်းမြင်ပေလိမ့်မည်။ ၁၉၅၀ခုနှစ်များကစပြီး မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ထင်ရှားကျော်ကြားသော နိုင်ငံရေးအင်အားစုဖြစ်ခဲ့ပြီးစစ်သည်အင်အား သုံးသိန်းခွဲကျော် ပိုင်ဆိုင်ထားကာ အခြေခိုင်ခိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။မြန်မာ စစ်တပ်သည် သယံဇာတ အရင်းအမြစ်များရောင်းချခြင်းဖြင့် ရရှိလာသောအစိုးရဘဏ္ဍာငွေများနှင့် နိုင်ငံခြားငွေများ ရယူသုံးစွဲနိုင်သည့်အပြင် ကြီးမားကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းကြီးများ၊ ၎င်းလုပ်ငန်းကြီးများနှင့် ဆက်စပ်သူများဖြင့် ချိတ်ဆက်လုပ်ကိုင်နေသော
ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများစွာကိုလည်း ထိန်းချုပ်ထားသည်။ စိတ်ကြိုက် အသုံးပြုနိုင်သောသယံဇာတအရင်းအမြစ်များအပြင် နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့သော ပြည်တွင်းစစ်ကိုဖြတ်သန်းနိုင်ခဲ့သည့် အဖွဲ့အစည်းတစ်ရပ်အား ကြုံသလိုစုဖွဲ့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကအနိုင်တိုက်နိုင်လိမ့်မည်ဆိုသည်က စိတ်ကူးကြည့်ဖို့ပင် ခက်ခဲပါသည်။

သို့သော်လည်း ဤအပေါ်ယံအချက်အလက်များနှင့် မြေပြင်ပေါ်ရှိ ရှုပ်ထွေးသောအမှန်တရားများအကြားကွဲလွဲမှုများ ဖြစ်ပေါ်နေပါသည်။ မြန်မာစစ်တပ်တွင် တကယ်တမ်းတိုက်ပွဲဝင်ရန်အသင့်ရှိနေသည့်တပ်ဖွဲ့ဝင် အရေအတွက် မှာ ၁ သိန်းအောက်တွင်သာ ရှိနေပါသည်။ ထိုတပ်ဖွဲ့ဝင်များမှာနိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာနေရာယူထားသော လက်နက်ကိုင်တပ်ဖွဲ့အများအပြား (အထူးသဖြင့်နိုင်ငံမြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့ဘက်ပိုင်း) နှင့် တိုက်ခိုက်နေရသောကြောင့်အင်အားနည်းပါးလျက် ရှိနေပြီဖြစ်သည်။ ထိုသို့တိုက်ခိုက်နေသူများထဲတွင် KIA ၊ TNLA အပါအဝင်

အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂၀ ခန့်လည်း ပါဝင်သည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ (LDF)များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်နေမှုများက ယခင်က မကြူံဖူးခဲ့သော အဖွဲ့လိုက်တသီးတခြားစီရှိနေသည့်စစ်ဆင်ရေးပုံစံဖြင့် မြန်မာစစ်တပ်ကို ဝိုင်းရံပိတ်ဆို့ထားလျက်ရှိနေသည်။ NUG ကထုတ်ပြန်ထားသောကိန်းဂဏန်းများအရ မြန်မာစစ်တပ်မှ စစ်သားထောင်ချီသေဆုံးခဲ့ပြီး ထောင်နှင့်ချီပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့သည်။ ထို့အပြင် အချက်အလက် အထောက်အထားများအရ ဒေသဆိုင်ရာတပ်ရင်းမှူးများ သည် စစ်ပန်းနေပြီဖြစ်သော မိမိတို့တပ်ဖွဲ့ဝင်များ အတွက် (LDF) များနှင့်အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ ဆောင် ရွက်နေရသလို ရှေ့တန်းတာဝန်ခံအရာရှိများ လဲလှယ်ရေးကိုလည်း သွေးရူးသွေးတမ်း ဆောင်ရွက်နေခြင်းများ တွေ့ရသည်။ထိုအချက် အလက်များက မိမိရန်ဘက်အပေါ် တားဆီးနိုင်စွမ်းနှင့် ပတ်သက်ပြီး မြန်မာစစ်တပ်တွင်စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဖော်ပြနေသည်။

ထို့ကြောင့်လည်း မြန်မာစစ်တပ်၏ အာဏာဆုပ်ကိုင်ထားနိုင်စွမ်းက ပိုပြီးကျိုးလွယ်ပျက်လွယ်ဖြစ်လာနေသည်။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများက စစ်အုပ်စုထံသို့ ငွေကြေးသို့မဟုတ် လက်နက်စီးဆင်းမှုကို သိသိသာသာ ရပ်တန့်သွားခြင်းမျိုးမရှိဘဲ မြို့ပြဗဟိုနေရာများကိုချုပ်ကိုင်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သို့ရာတွင် LDF များ ၊ PDF များက အင်အားကောင်းစွာဖြင့်ခုခံနေကြသော မြို့ငယ်များနှင့်ကျေးလက်ဒေသများတွင်မူ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့အာဏာကိုစုစည်းတည်ဆောက်နိုင်ခြင်း မရှိသေးပါ။

ထုတ်ပြန်ခြင်းမရှိသေးသော မူဝါဒစာတမ်းတစ်စောင်အရ – မြို့နယ်ပေါင်း ၃၃၀ ၏ထက်ဝက်ကျော်ဖြစ်သော မြို့နယ် ၂၀၀ တွင် မတူညီသော အတိုင်းအတာများဖြင့်အစားထိုးပြည်သူ့အုပ်ချုပ်ရေး ပုံစံတစ်ရပ်ကို စတင်အကောင်အထည်ဖော် စမ်းသပ်နေပြီဖြစ်သည်ဟုသိရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်းပဲ ရှုပ်ထွေးနေသောအခြေအနေများကို အသုံးချပြီး ၎င်းတို့ထိန်းချုပ်နယ်မြေများ ချဲ့ထွင်ရန် ဆောင်ရွက်လျက်ရှိနေပြီးအဆိုပါ အချက်များအားလုံးက မြန်မာစစ်တပ်က စီစဉ်ထားသော အင်အားဖြင့်ထိန်းချုပ်သည့်ပုံစံနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဤကာလအတွင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့က ထုတ်ဝေသည့်အစီရင်ခံစာတစ်စောင်အရ နိုင်ငံတစ်ဝန်းလုံးရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များသည်“အရွယ်အစား၊ စွမ်းဆောင်ရည်နှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို ဆက်လက်ချဲ့ထွင်လျက် ရှိနေသဖြင့်မြန်မာစစ်တပ်၏ အင်အားစုများကို သိသိသာသာပင် ထိခိုက်စေသည်” ဟု ဖော်ပြထားသည်။သိသာထင်ရှားသော အချက်မှာ မည်သည့်အင်အားကြီးနိုင်ငံ တစ်နိုင်ငံကမှ ယခုအချိန်အထိစစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုသေးခြင်းပင် ဖြစ်သည်။ အကယ်၍ ဤစစ်ပွဲကအမှည့်ချွေစစ်ပွဲဖြစ်နေခဲ့လျှင် မြန်မာစစ်တပ်အနေဖြင့် အနိုင်ရအောင် မစွမ်းဆောင်နိုင်သောကြောင့်ရှုံးနိမ့်နေရခြင်းသာ ဖြစ်တော့သည်။

သိထားပြီးသား မသေချာမရေရာမှုများ
**********************************

မြန်မာနိုင်ငံ၏ပဋိပက္ခက ရှုပ်ထွေးသည်။ ထိုကဲ့သို့ ရှုပ်ထွေးရသည်မှာလည်း တိုင်းရင်းသားများနှင့်ရှည်လျားသော ပြည်တွင်းစစ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ခေတ်သစ်မြန်မာ့တပ်မတော်ကိုဒုတိယကမ္ဘာစစ်ကြီး အတွင်းတုန်းက ဖွဲ့စည်းခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ မြန်မာစစ်တပ်ကိုတိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ရှိနေသည့်အနက် အနည်းဆုံးအဖွဲ့ ၅ ဖွဲ့တွင်အင်အား ၁ သောင်းကျော်ရှိနေသည်။ အခြားသောလက်နက်ကိုင် အဖွဲ့များတွင် မကြာခင်ကမှဖွဲ့စည်းခဲ့သော ပျူစောထီးလိုအဖွဲ့များနှင့် ယခင်ကရှိထားပြီးသား နယ်ခြားစောင့်တပ်ဖွဲ့ ဒါဇင်များစွာတို့ပါဝင်နေသည်။ ၎င်းအဖွဲ့အစည်းများမှာ မြန်မာစစ်တပ်၏ ဩဇာလွှမ်းမိုးမှု သို့မဟုတ် ကျောထောက်နောက်ခံပေးမှုအောက်တွင် ရှိနေသည်။

နောက်ထပ်ဖြည့်စွက်ရန် ရှိသည်မှာ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ဘာသာရေးလွှမ်းမိုးခံအဖွဲ့များ အပါအဝင် များပြားလှသော လက်နက်မပါဘဲလှုပ်ရှားနေကြသည့်အဖွဲ့များဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများ အကြား အကျိုးစီးပွားအရအားပြိုင်မှုများကလည်း နက်နက်ရှိုင်းရှိုင်း တည်ရှိနေသည်။ ပြည်ပနိုင်ငံကြီးများ၏ အပြိုင်အဆိုင်ဩဇာ လွှမ်းမိုးနိုင်ရေးကြိုးပမ်းမှုများကိုလည်း ရှောင်လွှဲ၍မရပါ။ ထို့ကြောင့်လည်းမှန်းဆရခက်ခဲပြီး မပီဝိုးတဝါးနိုင်လှသော ပဋိပက္ခပေါင်းစုံ ပေါ်ထွက်လာသည်။ ခန့်မှန်းရခက်သောအချက်တချို့ကလည်း လက်ရှိအင်အားချိန်ခွင်လျှာကို မတည်မငြိမ် ဂယက်ထသွားစေနိုင်သည်။

ပထမအချက်မှာ – မြန်မာစစ်တပ်နှင့် နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေးကိုဆက်လက်ထိန်းသိမ်းထားသော ရက္ခိုင့်တပ်တော် (AA) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့၏ အနေအထားဖြစ်သည်။ ဤတပ်ဖွဲ့နှစ်ဖွဲ့အနက် တစ်ဖွဲ့ဖွဲ့ကစစ်တပ်နှင့်စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာခဲ့လျှင် အာဏာချိန်ခွင်လျှာကပြောင်းလဲသွားမည်ဖြစ်သည်။ “ဝ”တပ်ဖွဲ့သည် နိုင်ငံတွင်း တစ်ခုတည်းသောအင်အားအကြီးဆုံးတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး အကောင်းဆုံး လက်နက်တပ်ဆင်ထားနိုင်သော အဖွဲ့အဖြစ်ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။ သို့သော်လည်း စစ်တပ်ကရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရရှိထားသော နိုင်ငံရေးအခွင့်အရေးအရ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေအနေမျိုးက အနည်းငယ်သာရှိမည်ဟု ဆိုနိုင်သည်။

၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သော AA တွင် တပ်ဖွဲ့ဝင်အင်အား မည်မျှရှိကြောင်းကိုတော့ခန့်မှန်းရန်ခက်ခဲသည်။ သို့သော် ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် ၎င်း၏စစ်ရေးစွမ်းရည်နှင့်အုပ်ချုပ်ရေးစွမ်းရည်တွေအပေါ် မူတည်ပြီး ပြောရလျှင် ရက္ခိုင့်တပ်တော်အေအေသည်ထည့်သွင်းစဉ်းစားရမည့် အင်အားစုတစ်ရပ်ဖြစ်သည် ဆိုတာကတော့ ရှင်းလင်းသိသာနေပါသည်။ AA အနေဖြင့် ၂၀၂၀ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် သဘောတူထားခဲ့သောအပစ်အခတ်ရပ်စဲရေးကို လိုက်နာမည်ဟု လူသိရှင်ကြား ကတိပြုပြောဆိုထားသည်။ သို့သော်လည်းအဆိုပါသဘောတူညီမှုက ခိုင်မာမှုမရှိဘဲ မကြာသေးမီလများ အတွင်းကပဲ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အကယ်၍ မြန်မာစစ်တပ်က ၎င်းတို့၏ ပိုင်နက်နယ်နိမိတ်များကို လေးစားခြင်းမရှိပါကမြန်မာစစ်တပ်နှင့် ပြင်းထန်သောစစ်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း AA က အတိအလင်းသတိပေးထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရအာဏာလစ်ဟာမှုကြောင့် AA က ၎င်းထိန်းချုပ်သောနယ်မြေကိုတိုးချဲ့ပြီး အုပ်ချုပ်ရေးအစီအစဉ်များ ဖော်ဆောင်လာနိုင်ခဲ့သလို NUG နှင့်ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ မြန်မာစစ်တပ်၏တပ်ဖွဲ့အင်အားကို နိုင်ငံအနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ အရှေ့မြောက်ဘက်ရှိရှမ်းပြည်နယ်နှင့် အရှေ့ဘက်ရှိ တတိယစစ်မြေပြင်တစ်ခုတွင် တပ်ချထားရသောကြောင့်ရခိုင်ပြည်နယ်တွင် နောက်ထပ်အဓိကစစ်မျက်နှာ တစ်ခုပေါ်ပေါက်မှုက စစ်ကောင်စီတပ်ဖွဲ့အနေအထားကို ဆိုးဆိုးရွားရွား ပျက်ယွင်းသွားစေလိမ့်မည်။

ဒုတိယအဓိကကျသောအချက်မှာ – အသစ်ဖွဲ့စည်းထားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည်။ မြို့ပြနှင့်ကျေးလက်ဒေသများမှ သောင်းနှင့်ချီသောလူငယ်များ EAOအသီးသီးကပေးသည့် သင်တန်းများတွင် တက်ရောက်ပြီး စစ်ပညာသင်ကြားခဲ့ကြသည်။ တစ်နှစ်နီးပါးတိုက်ပွဲအတွေ့အကြုံများကြောင့်လည်း တိုက်ရည်ခိုက် ရည်ရင့်ကျက်လာခဲ့သည်။ LDF နှင့် PDF များ၏လက်နက်တပ်ဆင်မှုအနေအထားက လက်လုပ်ပြောင်းချောသေနတ်၊ မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်အဆင့်ကနေ ပြည်ပနိုင်ငံများမှ တင်သွင်းသော အပေါ့စားလက်နက်များအထိအမျိုးအစားစုံပါဝင်သည်။ ၎င်းတွင် သုံးဘက်မြင်ပုံသွင်းစက်(3D Printer) သုံးထုတ်လုပ်သည့်လက်နက်များလည်း ပါဝင်သည်။

ဆက်လက်ဖော်ပြပါမည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleခြေတစ်ဖက်ဖြင့် မြို့သိမ်းတိုက်ပွဲဝင်နေသူ
Next Article မြောက်ဦး ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်းကို AA တိုက်ခိုက်၊ စစ်တပ်ကရမ်းသမ်းပစ်ခတ်နေ
thanlwinkhet
  • Website

Related Posts

ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ

June 29, 2025

စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ

June 29, 2025

ငလျင်က ယူငင်သွားသော သမိုင်းမှတ်တမ်းများ (သုံးလပြည့်ဆောင်းပါး)

June 28, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ
  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်မဲကို စစ်ကောင်စီ ညသန်းခေါင် ထပ်မံဗုံးကြဲ

July 6, 2025

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

July 5, 2025

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

July 5, 2025

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

July 5, 2025

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

July 5, 2025

လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

July 4, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.