![]()
သံလွင်ခက်/မတ် ၁၄ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲရမတ်မြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပဲခူးမြို့မှ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော်သူများ ရှိနေကြောင်း ထိုင်းဒေသခံများ၏ သတင်းပေးပို့ချက်အရ မဲရမတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံရပ်ကျေးခေါင်းဆောင်များနှင့် အမှတ်…