ဘုန်းမောင် (၁) စာသင်ကျောင်းတွေ မလုံခြုံတော့ ____________ ကလေးတွေဟာ သူတို့ရဲ့အချိန်အများစုကို စာသင်ကျောင်းမှာကုန်ဆုံးရတာဖြစ်တဲ့အတွက် ကလေးငယ်တွေပညာသင် ကြားတဲ့စာသင်ကေျာင်းတွေဟာ လုံခြုံစိတ်ချပြီး ဘေးကင်းတဲ့ပတ်ဝန်းကျင်မျိုးဖြစ်သင့်ပါတယ်။ ဆရာနဲ့ ကလေးတွေ စာသင်စာအံ့ဖို့အတွက်ဆိုရင် ရုပ်ပိုင်းနဲ့စိတ်ပိုင်းဘေးကင်းလုံခြုံရေးက မရှိမဖြစ်လိုအပ်တဲ့အခြေခံလိုအပ်ချက်ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီအစီရင်ခံစာပြုစုနေတဲ့ကာလအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ကျေးရွာတွေက စာသင် ကျောင်းတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုအရေအတွက် ပိုပြီးမြင့်မားလာခဲ့ပါတယ်။ ဒါ…