ဘုန်းမောင်
(၁) စာသင်ကျောင်းတွေ မလုံခြုံတော့
____________
ကလေးတွေဟာ သူတို့ရဲ့အချိန်အများစုကို စာသင်ကျောင်းမှာကုန်ဆုံးရတာဖြစ်တဲ့အတွက် ကလေးငယ်တွေပညာသင် ကြားတဲ့စာသင်ကေျာင်းတွေဟာ လုံခြုံစိတ်ချပြီး ဘေးကင်းတဲ့ပတ်ဝန်းကျင်မျိုးဖြစ်သင့်ပါတယ်။ ဆရာနဲ့ ကလေးတွေ စာသင်စာအံ့ဖို့အတွက်ဆိုရင် ရုပ်ပိုင်းနဲ့စိတ်ပိုင်းဘေးကင်းလုံခြုံရေးက မရှိမဖြစ်လိုအပ်တဲ့အခြေခံလိုအပ်ချက်ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီအစီရင်ခံစာပြုစုနေတဲ့ကာလအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ကျေးရွာတွေက စာသင် ကျောင်းတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုအရေအတွက် ပိုပြီးမြင့်မားလာခဲ့ပါတယ်။ ဒါ ကြောင့်လည်း စာသင်ကျောင်းနဲ့ဆိုင်တဲ့ပစ္စည်းအများအပြား ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဆရာနဲ့ကျောင်းသားကျောင်း သူတချို့သေဆုံးခဲ့ပြီး တချို့ကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ မိဘအများအပြားကလည်း သူတို့ကလေးတွေ ကို ကျောင်းမအပ်ကြတော့ဘဲ ကျောင်းထုတ်ပစ်လိုက်ကြပါတယ်။ ရွာသူရွာသားတချို့ကတော့ တောတောင်နဲ့ တိရိစ္ဆာန် တွေမွေးမြူတဲ့ မွေးမြူရေးတဲလိုနေရာတွေမှာ ဘာသာရေးအဆောက်အအုံ ဒါမှမဟုတ် ရွာသားတစ်ယောက်ယောက် အိမ်ကို ဘေးကင်းလုံခြုံတဲ့နေရာလို့သတ်မှတ်ပြီး ကလေးတွေကို ပညာဆက်လက်သင်ကြားပေးခဲ့ကြပါတယ်။ မူတြော် (ဖာပွန်) ခရိုင် ဒွယ်လိုးမြို့က ရပ်ရွာအဖွဲ့ဝင် ၁ ဦးက “မူတြော်ခရိုင်ထဲမှာရှိတဲ့စာသင်ကျောင်းအများစုကို တောထဲမှာဖွင့် ထားတယ်။ လေကြောင်းတိုက်ခိုက်မှာစိုးရိမ်လို့ပေါ့။ ကလေးအများစုကတော့ ကျောင်းထွက်ကုန်ကြပါပြီ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ဒွယ်လိုးမြို့နယ်ထဲကကျောင်းသားတွေဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာကို ကြောက်လန့်တဲ့အတွက် တောတောင်တွေထဲစာသင်နေကြတာကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ အရပ် သား – စစ်သားမခွဲခြားတဲ့တိုက်ခိုက်မှုတွေကိုကြောက်လို့ တချို့ကတော့ကျောင်းထွက်သွားကြတယ်”လို့ပြောပါတယ်။
တိုက်ပွဲအပြောင်းအလဲပေါ်မူတည်ပြီး ကရင်ပြည်နယ်မှာရှိတဲ့စာသင်ကျောင်းတွေက လှုပ်ရှားရလေ့ရှိပါတယ်။ တချို့ သောစာသင်ကျောင်းတွေ အထူးသဖြင့် KNU အုပ်ချုပ်ရေးနယ်မြေအတွင်းမှာရှိတဲ့စာသင်ကျောင်းတွေဟာ အခြေအနေ ကောင်းမွန်လုံခြုံနေရင် စာသင်ကျောင်းတွေဖွင့်လေ့ရှိကြပြီး ကျေးရွာတွေဆီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေချဥ်းကပ်လာ ပြီဆိုရင်တော့ စာသင်ကျောင်းတွေကို ပိတ်ပစ်လိုက်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချိန်ကစလို့ စာသင်ကျောင်းအများစုကို ပြန်မဖွင့်နိုင်တော့ပါဘူး။ ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ် ထဲက ကျေးရွာတစ်ရွာကရွာသူ ၁ ဦးကတော့ “ကျွန်မရဲ့အကြီးဆုံးသမီးက ကျောင်းတက်ချင်နေတာလေ။ ဒါပေမယ့် သူ တက်ရမယ့်အထက်တန်းကျောင်းက ကျွန်မတို့ရွာမှာမရှိဘူး။ ရွာနဲ့အနီးဝန်းကျင်ရွာတွေမှာလည်းမရှိဘူး။ ကျောင်းဖွင့် တယ်ဆိုရင်တော့ ကျွန်မရဲ့အငယ်ဆုံးကလေး ၂ ယောက်လည်း ကျောင်းသွားနိုင်တာပေါ့။ ဒါပေမယ့် ကျောင်းမှမဖွင့်တဲ့ နောက်မှတော့ ကျွန်မ ဘာတတ်နိုင်မှာတဲ့လဲ” လို့ပြောပါတယ်။
ပြည်သူလူထုအပေါ် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေက ပိုပိုပြင်းထန်လာတဲ့အတွက် ကလေးငယ်တွေအပါအဝင် လူ အများအပြား စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူသောမြို့နယ်၊ ကျေးရွာတစ်ရွာက ကလေးမိခင် ၁ ဦးက “ကောက်စိုက်ဖို့လယ်ထဲသွားတုန်း မှာပဲ လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တယ်။ အဲဒီနေ့က အမျိုးသားအများစုက လယ်နဲ့စိုက်ခင်းတွေထဲသွားကြတဲ့အတွက် အိမ်မှာကျန်နေခဲ့သူတွေက ကလေးနဲ့အမျိုးသမီးတွေပဲများတယ်။ ဒါကြောင့်လည်း စစ်ကောင်စီကလေကြောင်းတိုက် ခိုက်တဲ့အချိန်မှာ ကတုတ်ကျင်းတွေထဲရှိနေကြတာက ကလေးနဲ့အမျိုးသမီးတွေချည်းပဲ။ ဗုံးတွေက ကတုတ်ကျင်း ပတ်ဝန်းကျင်တဝှိုက်ကိုထိမှန်တာဖြစ်တဲ့အတွက် အဲဒီထဲရှိနေတဲ့ အမျိုးသမီးတွေနဲ့ကလေးတွေ အပြင်ထွက်လာချိန်မှာ တော့ ကလေးတစ်ယောက်ဟာ ၃ ရက်လောက်အထိစကားမပြောတော့ဘူး။ တစ်ခါ ကလေးအမေကိုယ်တိုင်ကလည်း နားကန်းသွားပြန်တယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုပြီးတဲ့နောက်မှာတော့ ကျောင်းသားတွေကျောင်းတက်ဖို့ မလုံခြုံ တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေယာဥ်ကကြဲချလိုက်တဲ့ဗုံးတစ်လုံးက စာသင်ကျောင်းနဲ့နီးနီးလေးကိုကျတဲ့ အတွက်ကြောင့်ပါ”လို့ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအပြီး စစ်ကောင်စီက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ဆင်ရေးအရှိန်မြှင့် တင်လာခဲ့တဲ့အတွက် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသကလူမှုအသိုင်းအဝိုင်းတွေအကြား ဘေးကင်းရေးနဲ့ လုံခြုံရေး ဆိုင်ရာအခြေအနေတွေအပေါ် စိုးရိမ်ပူပန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ ကရင်ပြည်နယ်ရဲ့ခရိုင် ၇ ခု၊ အထူးသဖြင့် KECD အုပ်ချုပ်မှုအောက်ကစာသင်ကျောင်းတွေဟာ မျှော်မှန်းထားတာထက် ၁ လစောပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်မှာပဲ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်ကို အဆုံးသတ်ခဲ့ရပါတယ်။
(၂) ကျောင်းသားနဲ့ဆရာတွေ သေဆုံး၊ ဒဏ်ရာရနေကြ
______________
အခုအစီရင်ခံစာပြုစုနေတဲ့ (၂၀၂၃ ခုနှစ်၊ ဇွန်လကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း) စာသင်ကျောင်းနဲ့ကျေးရွာ တွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ဆရာနဲ့ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဥပမာ – ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်မှာ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ထဲကကေျးရွာတစ်ရွာမှာရှိတဲ့ ရပ်ရွာအထက်တန်းကျောင်းကို လက်နက် ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိန်းကလေးအဆောင်တစ်ဆောင်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့ပါ တယ်။ အဲဒီလိုကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းအိပ်ဆောင်တွေမှာနေထိုင်နေကြတဲ့ ရွာအသီးသီးကမိန်းက လေး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တုန်းကလည်း ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာရှိတဲ့ကျောင်းဆောင်တစ်ဆောင်ကို အမြောက်ကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၆ နှစ်အရွယ် ကျောင်းသား ၁ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ကျောင်းသား ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါ ရီလ ၃၀ ရက်မှာလည်း တနင်္သာရီမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာရှိတဲ့စာသင်ကျောင်းတစ်ကျောင်းကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စာသင်ကျောင်းနဲ့လူနေအိမ်တွေပျက်စီးခဲ့ပြီး အသက် ၄၀ နှစ်အရွယ်အမျိုးသမီး ၁ ဦး လက်မောင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် နောက်ထပ်အမျိုး သား ၁ ယောက်ကတော့ သူခံစားရတာတွေနဲ့ပတ်သက်ပြီး KHRG ကို အခုလိုပဲပြောပါတယ်။
“ဆရာတွေနဲ့သူငယ်ချင်းတွေက ကျွန်တော်တို့ကိုစိုးရိမ်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ ထိခိုက်ဒဏ်ရာရပြီးနောက် ဆေးကုသမှုခံနေရတဲ့အတွက် ကျွန်တော် ဘယ်မှမသွားနိုင်လို့ပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် မဆုံနိုင်ကြတော့ဘူးပေါ့။ အခုလိုထိခိုက်သွားတာကို ကျွန်တော်ဝမ်းနည်းတယ်။ နောင်လာမယ့်အနာဂတ် မှာလည်း ကျွန်တော်တို့တတွေ အခုလိုပဲ လက်နက်ထိမှန်နေဦးမယ်ဆိုရင် ကျွန်တော်တို့ခံနိုင်ရည်ရှိတော့မှာမဟုတ် ဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျွန်တော်တို့ရွာကို နောက်တစ်ကြိမ်မလာစေချင်ဘူး”
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာတော့ ဒွယ်လိုးမြို့နယ်ထဲကကျေးရွာတစ်ရွာကို စစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ပြီး ဗုံး ၁၁ လုံးကြဲချခဲ့တဲ့အတွက် ရွာမှာရှိတဲ့ KECD စာသင်ကျောင်းကိုထိမှန်ခဲ့ပါတယ်။ အဲဒီဖြစ် စဥ်မှာ ဆရာ၊ ကျောင်းသားနဲ့ ရွာသားတွေသေဆုံးပြီး စာသင်ကျောင်းအဆောက်အအုံတွေပျက်စီးခဲ့ရပါတယ်။ ကျောင်းအုပ်ဖြစ်သူက “လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် ကျောင်းသား ၂ ယောက်သေဆုံးပြီး စုစုပေါင်းလူ ၁၀ ယောက်ဒဏ်ရာရခဲ့တယ်။ ကျွန်တော်တို့ကိုယုံလို့ မိဘတွေက သူတို့ကလေးတွေကို စာသင်ကျောင်းပို့တာဖြစ်တဲ့အတွက် အခုလိုလေကြောင်းတိုက်ခိုက်မှုတွေရှိလာတဲ့အခါ ကျွန်တော်တို့ သောကတော်တော်ကြီးရတယ်။ ဒီအဖြစ်ဆိုးကြီးကိုကြုံ ပြီးနောက်ပိုင်း ကျွန်တော့်မှာလည်း ကြီးမားတဲ့ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်။ အရှင်းဆုံးပြောရရင် စိတ်ဓာတ်ကျ တယ်ပေါ့ဗျာ။ အခုချိန်မှာ ကျွန်တော် ဘာမှမလုပ်နိုင်သေးဘူး။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရအောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားပြီး ပြန်တည်ဆောက်နေရတယ်။ ဒါပေမယ့်ပေါ့ဗျာ. . . . . .အဲဒီနေရာကိုဖြတ်သွားတိုင်း မျက်ရည်တွေက အလို လိုကျလာတယ်။ ဒီကိစ္စကို နေ့တိုင်းတွေးဖြစ်တယ်”လို့ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက်သေဆုံးသွားတဲ့ ကျောင်းသားငယ်ရဲ့ဖခင်ဖြစ်သူက “ကျွန်တော့်သားကို ဗုံးစထိမှန် သွားပြီလို့ KECD ရဲ့အကြီးအကဲကသတင်းလှမ်းပေးတော့ ဒဏ်ရာရနေတဲ့သားဖြစ်သူဆီ ကျွန်တော်ချက်ချင်း ရောက် သွားခဲ့တယ်။ သားကကျွန်တော့်ကိုတွေ့တော့ “ကျွန်တော်တော့ လေကြောင်းကကြဲတဲ့ဗုံးထိလို့ သေရမယ်နဲ့တူတယ် အဖေ”လို့ပြောတယ်။ ကျွန်တော်ကလည်း “သား သေမှာမဟုတ်ပါဘူး။ စိတ်ခိုင်ခိုင်ထား”လို့အားပေးရတာပေါ့။ ကျွန် တော်တို့ရွာမှာ ကျန်းမာရေးဝန်ထမ်းတွေလည်းမရှိဘူး။ ကျွန်တော်တို့က ကျေးရွာနေလူတန်းစားဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ခက်တာပေါ့။ ဗုံးထိတဲ့နေရာကနေဆေးခန်းကို ပုခက်နဲ့သယ်သွားပေမယ့် လမ်းမှာပဲကျွန်တော့်သား ဆုံးသွားတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကို ကျွန်တော်တို့ သတိကြီးကြီးထားရလိမ့်မယ်”လို့ပြောပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Ref: KHRG