ဘုန်းမောင်
မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရအဆက်ဆက်က ကရင်လူမျိုးတွေရဲ့ယဥ်ကျေးမှုကို ထိန်းချုပ်ဖိနှိပ်ထားတဲ့အတွက် မြန် မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာနေထိုင်ကြသူတွေဟာ ကိုယ်ပိုင်ယဥ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနဲ့အညီ ပညာ သင်ကြားခွင့်ရနိုင်ဖို့ ဆယ်စုနှစ်များစွာကတည်းက တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုင်းမှာတော့ ဒီအခြေအနေတွေက ပိုမိုပြင်းထန်လာခဲ့ပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာနေထိုင်ကြသူတွေ ဟာ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးတွေချိုးဖောက်ခံနေရတဲ့အတွက် ပိုပြီးဆိုးရွားတဲ့ ပညာရေးဆိုင်ရာအကျပ် အတည်းတွေနဲ့ရင်ဆိုင်နေကြရသလို စာသင်ကျောင်းတွေမှာပညာသင်ကြားဖို့ မလုံခြုံမှုနဲ့လူသားချင်းစာနာထောက် ထားမှုဆိုင်ရာဥပဒေတွေကို အပြင်းထန်ဆုံးသော ချိုးဖောက်မှုတွေနဲ့ရင်ဆိုင်နေကြရတဲ့အတွက် သက်ဆိုင်ရာလူမှုဘဝ အသီးသီးအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေရှိနေပါတယ်။
ကရင်ပြည်နယ်မှာနေထိုင်နေကြတဲ့ကလေးငယ်တွေအနေနဲ့ အရည်အသွေးပြည့်မီတဲ့ပညာရေးကို လေ့လာသင်ယူနိုင်ဖို့ ဘေးကင်းလုံခြုံတဲ့နေရာတွေလိုအပ်နေသလို ကလေးငယ်တွေရဲ့ပညာရေးတည်တံ့ခိုင်မြဲစေဖို့ မိဘနဲ့ ရပ်သူရပ်သားတွေ အတွက် သင့်တော်တဲ့ပံ့ပိုးကူညီမှုတွေလိုအပ်နေပါတယ်။ ဒါ့အပြင် ဘေးကင်းလုံခြုံတဲ့ပညာရေးစင်တာတွေတည် ဆောက်ဖို့ကြိုးပမ်းကြရာမှာလည်း ဒေသခံခေါင်းဆောင်တွေအနေနဲ့ အကူအညီများစွာလိုအပ်လျက်ရှိနေပါတယ်။
အခုဖော်ပြမယ့်စာတမ်းမှာတော့ ၂၀၂၃ ခုနှစ် ဇွန် – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီပညာသင်နှစ်အတွင်းရရှိထားတဲ့ အချက် အလက်တွေပါဝင်မှာဖြစ်သလို လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေအတွင်း ဒေသခံပြည်သူတွေအတွက်စိန်ခေါ်မှုတွေနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရဲ့ ပညာရေးအပေါ်သက်ရောက်မှုတွေကို အထူးအလေးပေးဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ
_____________
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေက ၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းတွေ တုန်းက မြန်မာစစ်တပ်ပြဋ္ဌာန်းခဲ့တဲ့မူဝါဒတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အဲဒီမူဝါဒတွေထဲကတစ်ခုကတော့ “ဖြတ်လေးဖြတ်”မူဝါဒဖြစ်ပါတယ်။ “ဖြတ်လေးဖြတ်”မူဝါဒဆိုတာက ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား လူသစ်စုဆောင်းတာတွေကိုဖြတ်တောက်တဲ့မူဝါဒပါ။
မြန်မာစစ်တပ်ဟာ ဒီမူဝါဒတွေကိုကျင့်သုံးပြီး ကရင်ပြည်နယ်မှာရှိတဲ့လူထုကိုခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ညှဥ်းပန်း နှိပ်စက်တာ၊ ခွဲခြားဆက်ဆံတာ၊ ရွာမီးရှို့တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကိုဖျက်ဆီး တာ၊ လွတ်လပ်စွာသွားလာခွင့်ကိုကန့်သတ်တာ၊ အရပ်သားတွေကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတာ စတဲ့ ကန့်သတ် ချက်ပေါင်းများစွာအပါအဝင် ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆယ်စုနှစ်များစွာကျူးလွန်ခဲ့ပါတယ်။ မြန် မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက စစ်ရာဇာဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တွေလည်းဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး – NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင် ငံအရှေ့တောင်ပိုင်းရဲ့ဒေသတချို့မှာ လူ့အခွင့်အရေးနဲ့စီးပွားရေးအခြေအနေတွေတိုးတက်လာခဲ့ပါတယ်။ အဲဒီတိုးတက်မှု တွေထဲမှာ လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းနဲ့ ပညာရေးအခွင့်အလမ်းတိုးတက်မှု၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် စတာတွေပါဝင်ပါတယ်။ ဒါပေမယ့်လည်း ကရင်ပြည်နယ်ကပြည်သူတွေဟာ ခရီးသွားလာခွင့်ကန့်သတ် ချက်အပါအဝင် ရုပ်ပိုင်းဆိုင်ရာပြစ်ဒဏ်နဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကို ရင်ဆိုင်နေကြရဆဲပါပဲ။ ၂၀၁၅ ခုနှစ်နောက် ပိုင်း ကရင်ပြည်နယ်ရဲ့ဒေသတချို့မှာ တိုးတက်မှုတွေရှိခဲ့တယ်ဆိုပေမယ့် ကရင်အများစုကတော့ အဲဒီတိုးတက်မှုတွေ ဟာ “ဗမာမှုပြုခြင်း”လို့ ရှုမြင်ထားကြပါတယ်။
ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကရင်ပြည်နယ်မှာ စာသင်ကျောင်းတွေပိုများလာနေပေမယ့် သင်ရိုးညွှန်းတမ်းတွေမှာ တော့ ကရင်ဘာသာစကား ဒါမှမဟုတ် ကရင်ယဥ◌်ကျေးမှုတွေကို ထည့်သွင်းသင်ကြားခဲ့တာမျိုးမရှိခဲ့ပါဘူး။ မြန်မာ နိုင်ငံရဲ့စာသင်ကျောင်းတွေမှာ ၂၀၁၄ ခုနှစ်အထိ တိုင်းရင်းသားဘာသာစကားသင်ကြားခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ နိုင်ငံ တော်ရဲ့ပညာသင်ကြားရေးစနစ်မှာ မြန်မာစာကိုသာ ပညာရေးရဲ့အဓိကကိရိယာအဖြစ် အသုံးပြုခဲ့ပါတယ်။
အရှေ့တောင်ပိုင်းရဲ့ပညာရေးစနစ်
__________
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်အချိန်အထိ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ အဓိကပညာသင်ကြားရေးပုံစံ က ၂ မျိုးရှိခဲ့ပါတယ်။ အဲဒါကတော့ မြန်မာအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအောက်ကစာသင်ကျောင်းတွေနဲ့ ကရင်ပညာ ရေးနှင့် ယဥ်ကျေးမှုဌာန – KECD ကစီမံခန့်ခွဲတဲ့ KNU လက်အောက်က စာသင်ကျောင်းတွေပဲဖြစ်ကြပါတယ်။ လွတ် လပ်ရေးရပြီးနောက်ပိုင်း မြန်မာစစ်တပ်က “ဗမာမှုပြုရေး”ကိုအဆက်မပြတ်ကျင့်သုံးလာခဲ့တဲ့အတွက် ကရင်လူမျိုးတွေ ရဲ့ယဥ◌်ကျေးမှုလက္ခဏာတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ရည်ရွယ်ချက်နဲ့ ၁၉၅၆ ခုနှစ်မှာ KECD ကို တည်ထောင်ခဲ့ပါ တယ်။ KECD ရဲ့သင်ရိုးညွှန်းတမ်းတွေမှာ အဓိကဘာသာစကားက ကရင်ဘာသာစကားဖြစ်ပြီး ကရင်လူမျိုးတွေရဲ့ ယဥ◌်ကျေးမှု၊ သမိုင်းနဲ့ ဓလေ့ထုံးတမ်းတွေကို အဓိကထားသင်ကြားပေးခဲ့ပါတယ်။
၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးပြီးချိန်နဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပထမကာလတွေမှာတော့ ကရင်ပြည်နယ်မှာ ကျောင်းအမျိုးအစားပေါင်း ၅ မျိုးရှိခဲ့ပါတယ်။ အဲဒါတွေကတော့ (၁) KECD လက်အောက်ကစာသင်ကျောင်းတွေ (၂) မြန်မာအစိုးရလက်အောက်ကစာသင်ကျောင်းတွေ (၃) ကိုယ်ပိုင်ကျောင်း/ပုဂ္ဂလိကကျောင်းတွေ (၄) ဘာသာရေး ကျောင်းတွေနဲ့ (၅) မြန်မာအစိုးရနဲ့ KNU အာဏာပိုင်တွေရဲ့ ပူးပေါင်းအုပ်ချုပ်မှုအောက်မှာရှိတဲ့စာသင်ကျောင်းတွေပဲဖြစ် ကြပါတယ်။ နံပတ် ၅ အမျိုးအစားစာသင်ကျောင်းတွေမှာတော့ သင်ရိုးညွှန်းတမ်းတွေကို ပေါင်းစပ်သင်ကြားလေ့ရှိပါ တယ်။ နောက်ပိုင်းမှာတော့ မြန်မာအစိုးရက အရှေ့တောင်ပိုင်းဒေသရဲ့စာသင်ကျောင်းတွေမှာ အစိုးရဆရာတွေကို ပိုပြီး ဖြည့်ဆည်းပေးခဲ့တဲ့အတွက် ကရင်ဘာသာစကားနဲ့ ကရင်သမိုင်းသင်ကြားမှုတွေက ကန့်သတ်ခံခဲ့ရပြန်ပါတယ်။
စစ်အာဏာသိမ်းချိန် ပညာသင်ကြားခွင့်
__________
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန် ကတည်းကစပြီး ကရင်ပြည်နယ်မှာ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုတွေတိုးလာခဲ့သလို အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေလည်း ထိခိုက်လာခဲ့ပါတယ်။ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ဖိနှိပ်မှုတွေအကြား ပညာ ရေးကလည်း စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် စာသင်ကျောင်းအများအပြား ပိတ် ထားခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစပြီး စာသင်ကျောင်းတွေ အဆက်မပြတ်တိုက်ခိုက်ခံခဲ့ရပြီး အ များအပြားကိုတော့ လက်ရှိအချိန်အထိ ပြန်လည်မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားခဲ့ရပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့လက် နက်ကိုင်ပဋိပက္ခတေွက စာသင်ကျောင်းတွေကိုခြိမ်းခြောက်နေဆဲပါပဲ။ ဒါ့အပြင် ၂၀၁၀ ခုနှစ် စစ်မှုထမ်းဥပဒေကို မြန်မာစစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့အတွက် ကရင်ပြည်နယ်အတွင်းမှာ ရှိတဲ့လူငယ်ပေါင်းများစွာဟာ အတင်းအကျပ်လူသစ်စုဆောင်းခံရမှာကြောက်တဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးနေကြ ရပါတယ်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းရဲ့အနှစ်သာရကတော့ လူငယ်တွေရဲ့ပညာရေးကို အနှောင့်အယှက်ဖြစ်စေတာ ပါပဲ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းကစပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် စာသင်ကျောင်းအမျိုးအစား ၄ ခုသာရှိခဲ့ပြီး မတူညီတဲ့သင်ရိုးညွှန်းတမ်း ၂ ခုနဲ့သင်ကြားနေတာ တွေ့ရပါတယ်။ စာသင်ကျောင်းအမျိုးအစား ၄ ခုက (၁) KECD စာသင်ကျောင်းတွေ (၂) စစ်ကောင်စီကလည်ပတ် နေတဲ့စာသင်ကျောင်းတွေ (၃) ကိုယ်ပိုင်ကျောင်း / ပုဂ္ဂလိကကျောင်းတွေနဲ့ (၄) ဘာသာရေးကျောင်းတွေပဲဖြစ်ကြပါ တယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ မြန်မာအစိုးရနဲ့ KNU အာဏာပိုင်တွေရဲ့ ပူးပေါင်းအုပ်ချုပ်မှုအောက်မှာရှိနေတဲ့စာသင် ကျောင်းတွေကတော့ ကွယ်ပျောက်သွားခဲ့ပါတယ်။ နံပတ် ၁၊ ၃ နဲ့ ၄ အမျိုးအစားစာသင်ကျောင်းတွေဟာ KNU ထိန်း ချုပ်နယ်မြေတွေအတွင်းတည်ရှိပြီး KECD သင်ရိုးညွှန်းတမ်းအတိုင်းလိုက်နာနေကြပါတယ်။ အဲဒီစာသင်ကျောင်းတွေ ဟာ KNU ရဲ့အသိအမှတ်ပြုမှုကိုခံရပေမယ့် စစ်ကောင်စီကတော့ အဲဒီစာသင်ကျောင်းတွေကို အသိအမှတ်မပြုဘဲငြင်း ဆန်ထားပါတယ်။
ဒုတိယအမျိုးအစားဖြစ်တဲ့ စစ်ကောင်စီကလည်ပတ်နေတဲ့စာသင်ကျောင်းတွေကိုတော့ စစ်ကောင်စီထိန်းချုပ်နယ်မြေ တွေမှာတွေ့ရမှာဖြစ်သလို စစ်ကောင်စီနဲ့ ကျန်တဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ရောနှောထိန်းချုပ်ထားတဲ့နယ် မြေတွေမှာလည်း တွေ့ရနိုင်ပါတယ်။ အများစုကတော့ မြို့ပြဒေသတွေမှာဖြစ်ပါတယ်။ အဲဒီစာသင်ကျောင်းတွေက စစ် ကောင်စီသင်ရိုးညွှန်းတမ်းတစ်ခုတည်းကိုသာလိုက်နာပြီး ကျန်တဲ့အမျိုးအစား ၃ မျိုးထဲပါဝင်တဲ့စာသင်ကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးမရှိဘဲ သူ့ချည်းသက်သက်လည်ပတ်နေကြပါတယ်။
ကရင်ပြည်နယ်ရဲ့ ပညာရေးစိန်ခေါ်မှုတွေနဲ့ လူထုတုံ့ပြန်မှု
_________
“လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ်မူတည်ပြီးပြောရမယ်ဆိုရင် စစ်ကောင်စီက ကလေးတွေပညာသင်ကြား ခွင့်ဆုံးရှုံးအောင် စာသင်ကျောင်းတွေကိုတိုက်ခိုက်နေတယ်လို့ ကျွန်မတို့နားလည်ထားပါတယ်။ ဒါကြောင့်လည်း ကျောင်းတက်ခွင့်ရနေတဲ့အချိန်ကလေးမှာ ကလေးတွေကြိုးစားပြီးပညာသင်ကြဖို့ ကျောင်းသားတွေကို ကျွန်မတို့ တိုက် တွန်းနေရတယ်”လို့ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ရပ်ရွာကိုယ်ထူကိုယ်ထရန်ပုံငွေနဲ့ဖွင့်လှစ်ထား တဲ့ စာသင်ကျောင်းတစ်ကျောင်းက ဒုကျောင်းအုပ်ကပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ပညာရေးကိုအကြီးအကျယ်အနှောင့်အယှက်ဖြစ်စေခဲ့ရုံသာမက မြန်မာနိုင်ငံအရှေ့ တောင်ဘက်မှာရှိတဲ့ကျောင်းသားတွေရဲ့ ပညာသင်ကြားခွင့်ကိုလည်း အဆိုးရွားဆုံးထိခိုက်စေခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ကရင်ပြည်နယ်မှာရှိတဲ့ ခရိုင်ပေါင်း ၇ ခရိုင်မှာကြုံနေရတဲ့ ပညာရေး ဆိုင်ရာအခက်အခဲနဲ့ပတ်သက်တဲ့အစီရင်ခံစာပေါင်း ၆၄ ခုကို ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG က လက်ခံရရှိထား ပါ တယ်။
KHRG ရဲ့အစီရင်ခံစာအရ စာသင်ကျောင်းတွေအပေါ်တိုက်ခိုက်မှု အနည်းဆုံး ၉ ကြိမ်ရှိခဲ့ပြီး ကျောင်းသား ၂၂ ယောက်၊ ဆရာ ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောင်းသား ၃ ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဖော်ပြပါကာလ အတွင်း KECD ရဲ့အချက်အလက်တွေအရ လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် KECD ရဲ့စာသင်ကျောင်းပေါင်း ၇ ကျောင်းပျက်စီးခဲ့ပြီး ကျောင်းသား ၁၃ ယောက်၊ ဆရာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျောင်းသား ၅ ယောက် နဲ့ ကျောင်းကော်မတီဝင် ၁ ယောက်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ်အတွင်းက ပြည်သူလူထုရဲ့တင်ပြချက်အရ ပညာသင်ကြားနိုင်ဖို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေက (၁) စာ သင်ကျောင်းတွေမှာ လုံခြုံရေးအားနည်းတဲ့အတွက်ကြောင့် အဆောက်အအုံတွေပျက်စီးရသလို ဆရာနဲ့ကျောင်းသား တွေလည်း သေဆုံးဒဏ်ရာရရှိမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ (၂) အရင်ရှိပြီးသား အစိုးရစာသင်ကျောင်းတွေကို စစ် ကောင်စီကကျုးကျော်ပြီး အပြိုင်အဆိုင်ပညာရေးစနစ်ကို လှုံဆော်ပေးနေပါတယ်။ (၃) မိသားစုစီးပွားရေးကျပ်တည်း လာသလို ကလေးငယ်တွေကိုပြုစုစောင့်ရှောင်ပေးနေသူတွေလည်း တိုက်ခိုက်ခံနေရပါတယ်။ (၄) ရပ်ရွာလူထု အိုးမဲ့ အိမ်မဲ့ဖြစ်နေရတာ ကာလကြာမြင့်ခဲ့ပါပြီ။
ကရင်ပြည်နယ်မှာ ဘာတွေပဲကြုံနေရပါစေ၊ ရပ်ရွာအဖွဲ့ဝင်တွေနဲ့မိဘတွေကတော့ ကိုယ့်ကလေးတွေရဲ့ပညာရေး ကောင်းမွန်သေချာစေဖို့ အစွမ်းကုန်ကြိုးစားဖို့လိုအပ်သလို ပညာရေးဆိုင်ရာအကျပ်အတည်းတွေကိုတုံ့ပြန်နိုင်ဖို့ အတွက် ဒေသတွင်းအဖွဲ့အစည်းတွေရဲ့နည်းဗျုဟာတွေကို လိုက်နာကျင့်သုံးဖို့လည်းလိုအပ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Ref: Karen Human Rights Group