ထိုင်းနိုင်ငံရဲ့ ဆုန်ခရမ်ပွဲတော်ဟာ မြန်မာသင်္ကြန်ထက် တစ်ရက်စောကျင်းပလေ့ရှိပါတယ်။
ဒီအတွက်ကြောင့် ထိုင်း ဆုန်ခရမ်ပွဲတော်အကြိုနေ့ဟာ ဧပြီ ၁၂ ရက်ဖြစ်ခဲ့ပြီး မြန်မာသင်္ကြန်အကြိုနေ့ကတော့ ဧပြီလ ၁၃ ရက်ပါ။
ထိုင်းအာဏာပိုင်တွေကတော့ ဒီနှစ်သင်္ကြန်ကို ဧပြီ ၁၃ ကနေ ၁၅ အထိ ကျင်းပမှာဖြစ်သလို ခရီးသွားလုပ်ငန်းအတွက်အကျိုးရှိစေဖို့နဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်းပွဲတော် ၁၀ ခုစာရင်းထဲမှာပါဖို့ ရည်မှန်းချက်ထားကြပါတယ်။
မြန်မာသင်္ကြန်ကတော့ အကြိုနေ့ ဧပြီ ၁၃ ကနေ ဧပြီ ၁၆ အထိသတ်မှတ်ထားပေမယ့် ကိုဗစ်အကျိုးဆက်၊ စစ်အာဏာသိမ်းဂယက်နဲ့ ငလျင်အဖြစ်အပျက်တွေကြားမှာ စည်ကားဖို့ အခွင့်အလမ်းတွေ ဝေးကွာနေခဲ့ရပါတယ်။
ဆုန်ခရမ်ပွဲတော်အကြတ်နေ့အဖြစ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုပ်ဖမြို့နယ်၊ ၄၄ လမ်းမပေါ်မှာ ရေပက်ကစားနေကြတဲ့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းမြန်မာတွေရဲ့ မြင်ကွင်းဓါတ်ပုံတွေကို တင်ဆက်ထားပါတယ်။
ဓါတ်ပုံ – သံလွင်ခက်










