ဧပြီလ ၇ ရက်တွင် ကွယ်လွန်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ−ဒူးသထူခရိုင်၏ ခရိုင် ဥက္ကဌဟောင်း ပဒိုစောကိုလေး၏ ဈာပနာအခမ်းအနားဓါတ်ပုံများကိုကေအဲန်ယူက ယနေ့ ထုတ်ပြန်ခဲ့သည်။
ပဒိုစောကိုလေးသည် ကွယ်လွန်သွားချိန်တွင် အသက် ၇၆ နှစ်တာရှိခဲ့ပြီး ကရင့်တော်လှန်ရေးတွင် သက်တမ်း၅၃နှစ်တိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။
ဥက္ကဌဟောင်း ပဒိုစောကိုလေး၏ ဈာပန အခမ်းအနားကို ဧပြီ ၉ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်ခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များနှင့် ပြည်သူလူထုများ လူဦးရေ စုစုပေါင်း ၂၀၀ ကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။
ပဒိုစောကိုလေးသည် ၁၉၇၂ ခုနှစ်မှစ၍ တော်လှန်ရေးတွင် ဘီးလင်းမြို့နယ် မြို့နယ်ဒုတိယပညာရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ခရိုင် ဒုတိယ ပညာရေးမှူးမှ ခရိုင်ပညာရေးမှူး သို့ရာထူးတိုးမြှင့်ခံခဲ့ရသည်။
ထိုနောက် ၁၉၈၆ ခုနှစ်မှ ၁၉၉၈ခုနှစ် အထိ ခရိုင်တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၉၉) ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ခရိုင်အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။
ဥက္ကဌဟောင်း ပဒိုစောကိုလေးသည် ၂၀၁၈ခုနှစ်မှ ၂၀၂၂ခုနှစ်ထိ ခရိုင်ဥက္ကဌတာဝန်ကိုထမ်းဆောင်ခဲ့သည်။
၂၀၂၂ခုနှစ် နောက်ပိုင်းတွင် ခရိုင်အကြံပေးခေါင်းဆောင်အဖြစ် ကွယ်လွန်ချိန်အထိ ဆက်လက်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု ကေအဲန်ယူက ဖော်ပြထားသည်။
ဓါတ်ပုံ − ကေအဲန်ယူ-ဒူးသထူခရိုင် ခရိုင်ဥက္ကဌဟောင်း ပဒိုစောကိုလေး၏ ဈာပနအခမ်းအနားပုံရိပ်များ။










