မကွေးတိုင်း၊ စလင်း-စေတုတ္တရာလမ်းပေါ်ရှိ စစ်ကောင်စီ၏ ၁၈ မိုင်စခန်းကုန်းကို ပခုက္ကူခရိုင် PDF တပ်ရင်း ၁၅၊ တပ်ခွဲ ၃ မှ မိနစ် ၂၀ အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
ဧပြီ ၁၃ ရက်တွင် တိုက်ပွဲအောင်မြင်ကြောင်း တပ်ဖွဲ့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များ ပြန်လာစဉ် ပြည်သူများက လူအုပ်ကြီးဖြင့် ကြိုဆိုခဲ့ကြောင်းဓါတ်ပုံများကို ဧပြီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဓါတ်ပုံများတွင် တွေ့ရသော အချက်အလက်များအရတွင် အဆိုပါ စခန်းကုန်းကို ဧပြီလ ၈ ရက်တွင် သိမ်းပိုက်ခဲ့ကြောင်းတွေ့မြင်ရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းအချို့ ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။







