ကရင်နီပြည်နယ် ဒီမောဆိုအနောက်ဘက်ခြမ်း၌ ယင်းဘော်မျိုးမျိုးနွယ်စုများ၏ ရိုးရာထုံးတမ်းစဉ်လာတခုဖြစ်သည့် ကမ်းခွမ့်ခေါ် တံခွန်တိုင်ပွဲကို ယနေ့ ဧပြီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို ဒီမောဆိုမြို့၏ အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ စုပေါင်းကျင်းပခြင်းဖြစ်ပြီး ပုလွေ ဗုံ၊ မောင်းစသည့် ရိုးရာတူရိယာများဖြင့်တီးမှုတ်ကာ ကျင်းပပြုလုပ်ခဲ့သည်။
ကယန်းရိုးရာ ကမ်းခွမ့်(တံခွန်တိုင်)ပွဲကို ကယန်းရိုးရာထုံးတမ်းအစဉ်အလာအရ ကျင်းပမည့် ရက်နေ့၊ တံခွန်တိုင်ခုတ်မည့်ရက်များကို ရိုးရာကြက်ရိုးထိုး၍ ဗေဒင်မေးကာ တပေါင်းလဆန်းမှ တခူးလဆန်းအထိ ကျေးရွာအလိုက်ကျင်းပကြသည်ဟုလည်းသိရသည်။
ပုံစာ- ဒီမောဆို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများစုပေါင်းပြုလုပ်သော ကမ်းခွမ့်(တံခွန်တိုင်)ပွဲ။ ဓာတ်ပုံ-ဖေငယ်(သံလွင်ခက်)























