ရှမ်းပြည်နယ်၊ တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုအား မတ်လ ၂၃ ရက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဖမ်းဆီးထားသည်ဟု သတင်း ထုတ်ပြန်လိုက်သည်။ မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားများနှင့်အတူ လိမ်လည်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းမိခဲ့ကြောင်း SSPP/SSA က…