• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်တော်ကို စစ်ကောင်စီ ဆက်ဗုံးကြဲ၊ သေဆုံးဒဏ်ရာရသူများရှိ
  • ကရင်နီစစ်ရှောင်စခန်းများတွင် ငှက်ဖျားဖြစ်ပွား၍ ဆေးဝါးများလိုအပ်နေ
  • အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်မှု ကလေးနှစ်ဦး ထပ်မံသေဆုံး
  • အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြေပြင်ကျောင်းများ ယာယီပိတ်
  • ရသေ့တောင် ဗုံးကြဲခံရ၊ ဒေသခံ ၁၀ ဦးခန့် သေဆုံး
  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ နိုင်ငံခြားသား ၃၃၇ ဦးကို နေရပ် ပြန်ပို့
  • စစ်ကိုင်းတိုင်းတွင်း သုံးနေရာကို စစ်ကောင်စီ ဗုံးကြဲ၊ တစ်ရက်တည်း ပြည်သူ ၂၅ ဦးကျော် သေဆုံး
  • တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်နေတဲ့ ကုလအထူးကိုယ်စားလှယ်ကို စစ်ဆေးဖို့ မြန်မာအရပ်ဖက် အဖွဲ့တွေ တိုင်ကြား
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်မှု ကလေးနှစ်ဦး ထပ်မံသေဆုံး
တိုက်ပွဲသတင်း

အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်မှု ကလေးနှစ်ဦး ထပ်မံသေဆုံး

thanlwinkhetBy thanlwinkhetMay 14, 2025No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အမီးလေး
စစ်ကိုင်းတိုင်း၊ ဒီပဲယင် းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာအား စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မေလ ၁၃ ရက်တွင် အသက် ၈ နှစ် အရွယ် ကျောင်းသားတစ်ဦးနှင့် ယနေ့ မေ ၁၄ ရက်တွင် အသက် ၁၁ နှစ်အရွယ် ကျောင်းသူ တစ်ဦးတို့ ထပ်မံသေဆုံးခဲ့ရသည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
မေလ ၁၂ ရက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုဆိုလျှင် သေဆုံးသူ စုစုပေါင်း ၂၄ ဦး ရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၂ ဦး ရှိသည်ဟုလည်း သိရသည်။
ယင်းဒေသတွင် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် CDM ကထိက ဒေါ်ရတီအုန်းက “မိသားစုတွေမှာ ဖုန်းလာမှာကိုတောင် ကြောက်နေကြပြီ။ ဖုန်းသံကြားရင် ဒဏ်ရာရထားတဲ့ သားသမီးလေးတွေ ဆုံးသွားပြီဆိုတဲ့ အသံကြားရမှာကြောက်ပြီး ဖုန်းလာမှာကို ကြောက်နေကြတာ” ဟု ပြောသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရှိသူများသည် ဆေးဝါးကုသမှု ခံယူနေရသည့်အချိန်တွင်ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ခံနေရသည်ဟုလည်း ဒီပဲယင်းကာကွယ်ရေးဖွဲ့တပ်ရင်းမှူးက ဆိုသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသပေးနိုင်ရန် ငွေကြေးလိုအပ်ချက်များ ရှိနေသည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများသည် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းသို့ ကျောင်းလာတက်သည့် အသက် ၅ နှစ်မှ ၁၅ နှစ်ကြား အရွယ်ကလေးငယ်များနှင့် ဒေသတွင်း ပရဟိတ ဆရာမ နှစ်ဦးတို့ ဖြစ်သည်။
ယင်းစာသင်ကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ပြီး မြေပြင်မှ ထိုးလာသည့် စစ်ကြောင်းများနှင့် လေကြောင်းရန် အခြေအနေများအား စောင့်ကြည့်၍ အချိန်ညှိနှိုင်းကာ ကျောင်းဖွင့်ချိန်အား သတ်မှတ်ထားသည်ဟု သိရသည်။
မေလ ၁၂ ရက်က စစ်ကောင်စီမှ လေယာဉ်ဖြင့် ကြဲချလိုက်သည့် ဗုံးသည် စာသင်ကျောင်းတည့်တည်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် သေဆုံးသူဦးရေ များသလို ထိခိုက်ဒဏ်ရာရရှိသူဦးရေလည်း မြင့်မားခဲ့ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်သည် စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုများထဲမှ ဒုတိယမြောက် ကလေးသေဆုံးမှု အများဆုံးဖြစ်စဉ်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ မေ ၁၂ ရက်အထိ နှစ်နှစ်ကျော် အတွင်းမှာ လေကြောင်းက အကြိမ်ရေ ၂၆၀၀ တိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းပေါင်း ၂၄၀ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြေပြင်ကျောင်းများ ယာယီပိတ်
Next Article ကရင်နီစစ်ရှောင်စခန်းများတွင် ငှက်ဖျားဖြစ်ပွား၍ ဆေးဝါးများလိုအပ်နေ
thanlwinkhet
  • Website

Related Posts

ကျောက်တော်ကို စစ်ကောင်စီ ဆက်ဗုံးကြဲ၊ သေဆုံးဒဏ်ရာရသူများရှိ

May 14, 2025

အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြေပြင်ကျောင်းများ ယာယီပိတ်

May 14, 2025

ရသေ့တောင် ဗုံးကြဲခံရ၊ ဒေသခံ ၁၀ ဦးခန့် သေဆုံး

May 13, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်တော်ကို စစ်ကောင်စီ ဆက်ဗုံးကြဲ၊ သေဆုံးဒဏ်ရာရသူများရှိ
  • ကရင်နီစစ်ရှောင်စခန်းများတွင် ငှက်ဖျားဖြစ်ပွား၍ ဆေးဝါးများလိုအပ်နေ
  • အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်မှု ကလေးနှစ်ဦး ထပ်မံသေဆုံး
  • အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြေပြင်ကျောင်းများ ယာယီပိတ်
  • ရသေ့တောင် ဗုံးကြဲခံရ၊ ဒေသခံ ၁၀ ဦးခန့် သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်တော်ကို စစ်ကောင်စီ ဆက်ဗုံးကြဲ၊ သေဆုံးဒဏ်ရာရသူများရှိ

ကရင်နီစစ်ရှောင်စခန်းများတွင် ငှက်ဖျားဖြစ်ပွား၍ ဆေးဝါးများလိုအပ်နေ

အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်မှု ကလေးနှစ်ဦး ထပ်မံသေဆုံး

အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြေပြင်ကျောင်းများ ယာယီပိတ်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်တော်ကို စစ်ကောင်စီ ဆက်ဗုံးကြဲ၊ သေဆုံးဒဏ်ရာရသူများရှိ

May 14, 2025

ကရင်နီစစ်ရှောင်စခန်းများတွင် ငှက်ဖျားဖြစ်ပွား၍ ဆေးဝါးများလိုအပ်နေ

May 14, 2025

အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်မှု ကလေးနှစ်ဦး ထပ်မံသေဆုံး

May 14, 2025

အိုးတိန်တွင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြေပြင်ကျောင်းများ ယာယီပိတ်

May 14, 2025

ရသေ့တောင် ဗုံးကြဲခံရ၊ ဒေသခံ ၁၀ ဦးခန့် သေဆုံး

May 13, 2025

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ နိုင်ငံခြားသား ၃၃၇ ဦးကို နေရပ် ပြန်ပို့

May 13, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.