• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အင်တာနက် နှင့် မီးမမှန်သည့်ကြားက လယ်သမားများ AI ဖြင့် ပိုးသတ်ရန် မင်းအောင်လှိုင်ပြော
  • အစ္စရေး အမေရိကန်တို့၏ တီဟီရန်စစ်ပွဲထဲ ဘယ်သူတွေပါဝင်လာပြီလဲ
  • ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး
  • ကီလို ၈၀ခန့် ဝက်ကို ကြံခင်းထဲ ဆွဲယူသွားသည့် ကျားကို ထိုင်းအာဏာပိုင်တွေရှာတွေ့
  • မင်းတုန်း လေကြောင်းရန် သေဆုံးသူများအတွက် CDF-Asho တစ်မိနစ်ငြိမ်သက်
  • စန်းရန်စက်ရုံ ဒေးကြေးပြေလည်သော်လည်း ပိတ်ရက်ကြေးအတွက် ယနေ့ ထပ်ညှိမည်
  • နယ်စပ်ရှိ ကျားဖြန့်အိမ်ငှားတစ်လုံးကို စီးနင်းပြီးနောက် ဘန်ကောက်မှ အဓိကတရားခံကို ထိုင်းအာဏာပိုင်များ ရှာဖွေနေ
  • မိတ်ဖက်ပဋိပက္ခတွင် အင်အားသုံးဖြေရှင်းပါက စစ်အာဏာရှင်သာ သက်ဆိုးရှည်စေမည်ဟု ဗကပ သတိပေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ကီလို ၈၀ခန့် ဝက်ကို ကြံခင်းထဲ ဆွဲယူသွားသည့် ကျားကို ထိုင်းအာဏာပိုင်တွေရှာတွေ့
နိုင်ငံတကာသတင်း

ကီလို ၈၀ခန့် ဝက်ကို ကြံခင်းထဲ ဆွဲယူသွားသည့် ကျားကို ထိုင်းအာဏာပိုင်တွေရှာတွေ့

thanlwinkhetBy thanlwinkhetMarch 3, 2026No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ် ၃။
ထိုင်းနိုင်ငံ၊ ကမ်ဖိုင်ဖက်(Kamphaeng Phet)ခရိုင်၊ ပန်ဆီလာထုံ (Pang Sila Thong)မြို့နယ်၊ ပန်တာဝိုင် (Pang Ta Wai) ကျေးရွာအုပ်စု၊ ကျေးရွာအမှတ် ၅၊ ဘန်တက်ဖာ (Ban Tak Fa)ရွာအတွင်းသို့ ဝင်ရောက်ခဲ့သော ကျားကို ထိုင်းအာဏာပိုင်များကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါကျားသည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်နှင့် နခွန်စဝမ်ခရိုင်အတွင်းရှိ တောတောင်ထူထပ်သော မယ်ဝမ် (Mae Wong) အမျိုးသားဥယျာဉ်အတွင်းမှ ထွက်လာပြီး ရွာအနီးတဝိုက်သို့ လှည့်လာသွားလာနေခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် ည ၁၀နာရီအချိန်တွင် အဆိုပါကျားသည် ရွာသားတစ်ဦး၏ တောဝက်ခြံထဲသို့ ဝင်ရောက်ကာ ဝက်မကြီးတစ်ကောင်ကို သေဆုံးသည်အထိ ကိုက်ခဲခဲ့ပြီး ဝက်ကလေးတစ်ကောင်ကို ကိုက်ချီကာ အမှောင်ထဲသို့ ထွက်ပြေးသွားခဲ့သဖြင့် တစ်ရွာလုံး အထိတ်တလန့် ဖြစ်ခဲ့ရသည်။
ဝက်ပိုင်ရှင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဦးဖွန် ဆရီချွန်ဖူး (Mr. Fun Srichomphu)က “ဝက်ခြံနားမှာ အိပ်နေတုန်း ပုံမှန်မဟုတ်တဲ့ အသံတွေကြားလို့ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ ကျားကြီးတစ်ကောင်က ဝက်မကြီးကို ကြမ်းကြမ်းတမ်းတမ်း ကိုက်နေတာကို တွေ့လိုက်ရတယ်။ မီးရောင်မြင်တော့ ကျားက တောထဲကို ခုန်ပြေးသွားတယ်။ ဝက်ကြီးကတော့ ဒဏ်ရာပြင်းထန်ရလို့ သေဆုံးသွားခဲ့တယ်” ဟု အဖြစ်အပျက်ကို ပြန်ပြောပြသည်။
ထို့နောက် နံနက် ၃ နာရီအချိန်တွင် အဆိုပါကျားသည် ထပ်မံရောက်ရှိလာပြီး အလေးချိန် ကီလို ၈၀ ခန့်ရှိသော ဝက်အသေကောင်ကို ခြံထဲမှဆွဲထုတ်ကာ အိမ်နောက်ဘက်ရှိ ကြံခင်းထဲသို့ ယူဆောင်သွားခဲ့သည်။ အနီးအနားတွင် တာဝန်ရှိသူများ စောင့်ကြည့်နေသည့်ကြားမှ ယခုကဲ့သို့ ဝင်ရောက်လာခြင်းကြောင့် ရွာသားများမှာ ပို၍ စိုးရိမ်ပူပန်လာခဲ့ရသည်။
မယ်ဝမ် အမျိုးသားဥယျာဉ်ဦးစီးမှူး မစ္စတာခွန်ဆန်မဏီကန် (Mr. Komsan Maneekan)က သတင်းရရှိပြီးနောက် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ခြံထဲသို့ ခုန်ဝင်ထားသည့် အရာများနှင့် ကျားခြေရာများကို ရှင်းလင်းစွာ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် စောင့်ကြည့်ရေးအဖွဲ့များ ချထားပြီး ကြံခင်းဧရိယာကို အပူချိန်အာရုံခံ ဒရုန်း(Thermal Drone)ဖြင့် ပျံသန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ယမန်နေ့ (မတ်လ ၂ ရက်)ညပိုင်းတွင် တာဝန်ရှိသူများက တစ်ညလုံး ဆက်လက်စောင့်ကြည့်ခဲ့ရာ တောပြင်ပသို့ ထွက်လာသော ကျားကို ခြေရာခံမိခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် ကြံခင်းထဲ၌ အိပ်နေသော ကျား၏ ဓာတ်ပုံများကို ရှင်းလင်းစွာ ရိုက်ကူးနိုင်ခဲ့သည်။
လက်ရှိတွင် အဆိုပါဧရိယာကို ဝန်းရံပိတ်ဆို့ထားပြီး နောက်ဆက်တွဲဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတိုင်ပင်လျက်ရှိသည်။ ထို့အပြင် ကျေးရွာလူကြီးများနှင့် ဆက်သွယ်ကာ ပြည်သူများအနေဖြင့် အိမ်မွေးတိရစ္ဆာန်များကို ဂရုစိုက်ကြရန်နှင့် အန္တရာယ်ရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးနှိုးဆော်ထားသည်။
#ကျား #ဝက် #ကြံခင်းထဲ #ဆွဲယူ #ထိုင်းအာဏာပိုင်များ #ရှာဖွေ #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမင်းတုန်း လေကြောင်းရန် သေဆုံးသူများအတွက် CDF-Asho တစ်မိနစ်ငြိမ်သက်
Next Article ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး
thanlwinkhet
  • Website

Related Posts

အင်တာနက် နှင့် မီးမမှန်သည့်ကြားက လယ်သမားများ AI ဖြင့် ပိုးသတ်ရန် မင်းအောင်လှိုင်ပြော

March 3, 2026

အစ္စရေး အမေရိကန်တို့၏ တီဟီရန်စစ်ပွဲထဲ ဘယ်သူတွေပါဝင်လာပြီလဲ

March 3, 2026

ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး

March 3, 2026

Leave A Reply Cancel Reply

Recent Posts

  • အင်တာနက် နှင့် မီးမမှန်သည့်ကြားက လယ်သမားများ AI ဖြင့် ပိုးသတ်ရန် မင်းအောင်လှိုင်ပြော
  • အစ္စရေး အမေရိကန်တို့၏ တီဟီရန်စစ်ပွဲထဲ ဘယ်သူတွေပါဝင်လာပြီလဲ
  • ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး
  • ကီလို ၈၀ခန့် ဝက်ကို ကြံခင်းထဲ ဆွဲယူသွားသည့် ကျားကို ထိုင်းအာဏာပိုင်တွေရှာတွေ့
  • မင်းတုန်း လေကြောင်းရန် သေဆုံးသူများအတွက် CDF-Asho တစ်မိနစ်ငြိမ်သက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အင်တာနက် နှင့် မီးမမှန်သည့်ကြားက လယ်သမားများ AI ဖြင့် ပိုးသတ်ရန် မင်းအောင်လှိုင်ပြော

အစ္စရေး အမေရိကန်တို့၏ တီဟီရန်စစ်ပွဲထဲ ဘယ်သူတွေပါဝင်လာပြီလဲ

ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး

ကီလို ၈၀ခန့် ဝက်ကို ကြံခင်းထဲ ဆွဲယူသွားသည့် ကျားကို ထိုင်းအာဏာပိုင်တွေရှာတွေ့

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အင်တာနက် နှင့် မီးမမှန်သည့်ကြားက လယ်သမားများ AI ဖြင့် ပိုးသတ်ရန် မင်းအောင်လှိုင်ပြော

March 3, 2026

အစ္စရေး အမေရိကန်တို့၏ တီဟီရန်စစ်ပွဲထဲ ဘယ်သူတွေပါဝင်လာပြီလဲ

March 3, 2026

ထားဝယ်နည်းပညာတက္ကသိုလ်အနီး DNLA တိုက်ခိုက်မှု စစ်ကော်မရှင် ၃ ဦး သေဆုံး

March 3, 2026

ကီလို ၈၀ခန့် ဝက်ကို ကြံခင်းထဲ ဆွဲယူသွားသည့် ကျားကို ထိုင်းအာဏာပိုင်တွေရှာတွေ့

March 3, 2026

မင်းတုန်း လေကြောင်းရန် သေဆုံးသူများအတွက် CDF-Asho တစ်မိနစ်ငြိမ်သက်

March 3, 2026

စန်းရန်စက်ရုံ ဒေးကြေးပြေလည်သော်လည်း ပိတ်ရက်ကြေးအတွက် ယနေ့ ထပ်ညှိမည်

March 3, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.