မတ်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခဲ့သော ငလျင်ဒဏ်ကြောင့် အရေးပေါ်ကယ်ဆယ်ကုသရေးများလုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ထိုးစစ်များအား ခေတ္တရပ်စဲမည်ဟု ယနေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှ တပါး ထိုးစစ်များအားလုံးကို မတ်လ ၃၀ ရက်မှ စတင်ကာ ၂ ပတ်ကြာရပ်နားထားမည်ဟု ဖော်ပြထားသည်။ ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊…