![]()
ငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရသော ဒေသများတွင် ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ဆောင်သူများအနေဖြင့် ခွင့်ပြုချက်တောင်းကာ လက်တွဲလုပ်ဆောင်ရမည်ဟု ဒေသစည်ပင်များက ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။ မြို့အနှံ့နီးပါးပျက်စီးမှုများကြုံတွေ့နေရသည့် မန္တလေးမြို့တွင် ဧပြီလ ၆ ရက်ညပိုင်းတွင် မြို့တော်စည်ပင်သာယာဦးစီးဌာနမှပြုလုပ်သော အစည်းအဝေးတွင် ငလျင်ဘေးကယ်ဆယ်ရေးလုပ်ဆောင်သူများအနေဖြင့် စည်ပင်တွင် ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုမှသာ လက်တွဲလုပ်ဆောင်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံပရဟိတလုပ်ဆောင်သူ တစ်ဦးက ပြောသည်။ ” ရပ်ဝေးကရော၊…